ဒါဝိဒ်က``ဤအမှုသည်သင်ပြုသောအမှု ပင်ဖြစ်၏။ သင်သည်ထာဝရဘုရားဘိသိက် ပေးတော်မူသောဘုရင်ကိုသတ်ခဲ့ပါသည် ဟုဖြောင့်ချက်ပေးခြင်းအားဖြင့် မိမိကိုယ် ကိုသေဒဏ်သင့်စေပြီတကား'' ဟုဆို၏။
ဟောရှေ 12:14 - Common Language Bible ဣသရေလပြည်သားတို့သည်ထာဝရ ဘုရားအား ခါးသီးစွာအမျက်ဒေါသ ထွက်စေ၏။ သူတို့၏ဒုစရိုက်အပြစ်များ ကြောင့်သေဒဏ်ခံသင့်ကြ၏။ သူတို့သည် ထာဝရဘုရား၏ဘုန်းအသရေတော်ကို ရှုတ်ချသောကြောင့် ကိုယ်တော်သည်သူတို့ ကိုဒဏ်ခတ်တော်မူလိမ့်မည်။ Garrad Bible ဧ ဖ ရိမ် သည် ပြင်း ထန် သော အ မျက် တော် ကို ထိုက် သည့် အ တိုင်း၊ သွေး သွန်း မှု ကို လည်း ကောင်း၊ ကဲ့ ရဲ့ မှု ကို လည်း ကောင်း၊ သူ့ အ ရှင် ဘု ရား တင် ဆပ် တော် မူ လိမ့် သ တည်း။ Judson Bible ဧဖရိမ်သည် အမျက်တော်ကို အလွန်နှိုးဆော်လေပြီ။ ထိုကြောင့်၊ လူအသက်ကို သတ်သောအပြစ်သည် သူ၌ ရောက်လိမ့်မည်။ သူကဲ့ရဲ့ခြင်းအပြစ်ကို သူ၏သခင်သည် ပြန်ပေးလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဧဖရိမ်သည် အမျက်တော်ကိုအကြီးအကျယ်နှိုးဆွလေပြီ။ ထို့ကြောင့် သူ၏အရှင်သည် သူ၏လူသတ်ခြင်းအပြစ်ကို သူ့အပေါ် ပြန်ရောက်စေမည်။ သူကဲ့ရဲ့ပြစ်တင်ခဲ့သည်များကို သူ့အပေါ် ပြန်ရောက်စေမည်။ |
ဒါဝိဒ်က``ဤအမှုသည်သင်ပြုသောအမှု ပင်ဖြစ်၏။ သင်သည်ထာဝရဘုရားဘိသိက် ပေးတော်မူသောဘုရင်ကိုသတ်ခဲ့ပါသည် ဟုဖြောင့်ချက်ပေးခြင်းအားဖြင့် မိမိကိုယ် ကိုသေဒဏ်သင့်စေပြီတကား'' ဟုဆို၏။
``ထိုသူ၌အနိုင်အထက်လုယက်သတ်ဖြတ် တတ်၍ ဖခင်မပြုခဲ့ဘူးသည့်အမှုတို့ကို ပြုကျင့်သူသားတစ်ယောက်ရှိသည်ဆိုအံ့။ ထိုသားသည်တောင်ပေါ်ရှိကိုးကွယ်ရာဌာန များတွင်ယဇ်ပူဇော်သည့်အသားကိုစား၏။ သူတစ်ပါးအိမ်ရာကိုပြစ်မှား၏။-
သူသည်အတိုးအမြတ်ရအောင်ငွေကိုချေး ၏။ ထိုသူသည်အသက်ရှင်နိုင်မည်လော။ အသက် ရှင်နိုင်မည်မဟုတ်။ သူသည်ယင်းသို့စက်ဆုပ် ဖွယ်ကောင်းသောအမှုတို့ကိုပြုသဖြင့်သေ ရလိမ့်မည်။ သူ၏သွေးသည်သူ့ခေါင်းပေါ် တင်လျက်ရှိ၏။
သူသေရသည်မှာသူ၏ချို့ယွင်းမှုကြောင့် သူ့သွေးသည်သူ၏ခေါင်းပေါ်ရောက်ရပေ မည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သူသည် သတိပေးချက်ကိုဂရုမစိုက်ခဲ့သော ကြောင့်ဖြစ်၏။ အကယ်၍ဂရုစိုက်မည် ဆိုပါကသူသည်သေဘေးမှလွတ် မြောက်နိုင်၏။-
ထိုနောက်သူသည်ပင်လယ်အနီးရှိတိုင်းနိုင်ငံ တို့ကိုတိုက်ခိုက်၍ များစွာသောနိုင်ငံတို့ကို နှိမ်နင်းအောင်မြင်လိမ့်မည်။ သို့သော်လည်းတိုင်း တစ်ပါးမှစစ်သူကြီးတစ်ဦးသည် သူ့အား နှိမ်နင်းအောင်မြင်လိမ့်မည်။ သူ၏မာန်မာန ကိုလည်းချိုးနှိမ်လိုက်လိမ့်မည်။ ဆီးရီးယား ဘုရင်အားသူ၏မာန်မာနအတွက်အရှက် ကွဲစေလိမ့်မည်။-
သူတို့သည်ကတိမတည်ခြင်း၊ မုသား စကားကိုပြောခြင်း၊ လူ့အသက်ကိုသတ် ခြင်း၊ သူတစ်ပါးဥစ္စာပစ္စည်းကိုခိုးယူခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း တို့ကိုပြု၏။ တရားလက်လွတ်နေထိုင်၍ လူသတ်မှုများကိုအထပ်ထပ်ကူးလွန် ကြ၏။-
သူတို့သည်ငါ့ကိုစွန့်၍ တန်ခိုးမရှိသော ဘုရားကိုဆည်းကပ်ကြ၏။ သူတို့သည် ကောက်လိမ်သောလေးကဲ့သို့စိတ်မချရ။ သူတို့၏ခေါင်းဆောင်များသည်မောက်မာ စွာပြောဆိုသောကြောင့် သေခြင်းဆိုးဖြင့် သေကြလိမ့်မည်။ ထိုအခါအီဂျစ်အမျိုး သားတို့ကသူတို့ကိုပြက်ရယ်ပြုကြ လိမ့်မည်။
သင်တို့သည်သြမရိဘုရင်နှင့်သူ၏သား အာဟပ်မင်းတို့၏ ဆိုးညစ်သည့်စရိုက်ကို လိုက်၍ကျင့်ကြသဖြင့် ထိုပျက်စီးဆုံးရှုံး ခြင်းနှင့်တွေ့ကြုံရလိမ့်မည်။ လူတိုင်းက သင်တို့ကိုကဲ့ရဲ့ကြလိမ့်မည်။ လူမျိုး တကာတို့သည်သင်တို့ကိုသရော်ကြ လိမ့်မည်။''
ထာဝရဘုရားသည်သင်တို့၏သားချင်း ထဲမှ ငါကဲ့သို့သောပရောဖက်တစ်ပါးကို စေလွှတ်တော်မူမည်ဖြစ်ရာ သူ၏စကား ကိုနားထောင်ကြလော့။''
ငါသည်သူတို့၏သားချင်းထဲမှ သင်ကဲ့သို့ သောပရောဖက်တစ်ပါးကိုစေလွှတ်မည်။ သူ့ အားငါပညတ်သမျှတို့ကို သူသည်လူ တို့အားဆင့်ဆိုလိမ့်မည်။-
သင်တို့ကိုအပြည်ပြည်သို့ကွဲလွင့်စေတော် မူသောအခါ ယင်းပြည်သားတို့သည်သင် တို့၏အဖြစ်ကိုမြင်၍ထိတ်လန့်ကြလိမ့် မည်။ သင်တို့အားပြောင်လှောင်သရော်ကဲ့ရဲ့ ရှုတ်ချကြလိမ့်မည်။
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-