သြဗဒိ 1:3 - Common Language Bible သင်၏မာန်မာနသည်သင့်ကိုလှည့်စား ထားလေပြီ။ သင်၏မြို့တော်သည်ကျောက်တုံးကျောက်ခဲ ဖြင့် ပြီးသောခံတပ်မြို့ဖြစ်၍၊ သင်၏တည်နေရာသည်မြင့်မားသော တောင်ပေါ်တွင်ဖြစ်သဖြင့်၊ `ငါ့အားအဘယ်သူဆွဲချနိုင်ပါနည်း' ဟု သင်သည်တစ်ကိုယ်တည်းပြောဆိုနေတတ်၏။ Garrad Bible ငါ့ ကို မြေ ပေါ် သို့ မည် သူ ချ နိုင် သ နည်း ဟု အောက် မေ့ လျက် ကျောက် တောင် ရှိ ခို လှုံ ရာ များ တွင် အောင်း ၍ မြင့် ရာ အ ရပ်၌ နေ ထိုင် သော အို လူ မျိုး၊ သင် စိတ် နေ မြင့်၍ လှည့် စား ခံ ရ လေ ပြီ။ Judson Bible ကျောက်ကြားတို့၌နေ၍ မြင့်သောအရပ်ကို ခိုလှုံလျက်၊ ငါ့ကိုမြေသို့ အဘယ်သူနှိမ့်ချနိုင်သနည်းဟု အောက်မေ့သောသူ ဖြစ်သောကြောင့်၊ သင်၏မာနသည် သင့်ကို လှည့်စားပြီ။ မြန်မာ့စံမီသမ္မာကျမ်း ကျောက်ဆောင်များကြား မြင့်မားသောနေရာ၌နေ၍ ‘မည်သူသည် ငါ့ကို မြေကြီးပေါ်ဆွဲချနိုင်မည်နည်း’ဟု သင်တွေး၏။ သင့်မာနက သင့်ကိုလှည့်စားလေပြီ။ |
အာမဇိသည်ပင်လယ်သေ၏တောင်ဘက်ရှိ ဆားချိုင့်ဝှမ်းတွင် ဧဒုံစစ်သည်တစ်သောင်း ကိုသုတ်သင်တော်မူ၏။ သူသည်သေလမြို့ ကိုသိမ်းယူပြီးလျှင် မြို့၏နာမည်ကိုပြောင်း သဖြင့် ယုဿေလမြို့ဟုယနေ့တိုင်အောင် ခေါ်တွင်သတည်း။
အာမဇိသည်အားခဲ၍မိမိ၏တပ်မတော် ကိုဦးဆောင်ကာ ပင်လယ်သေတောင်ဘက်ရှိ ဆားချိုင့်ဝှမ်းသို့ချီတက်တော်မူ၏။ ထို အရပ်တွင်တိုက်ပွဲဖြစ်၍ဧဒုံတပ်သား တစ်သောင်းကျဆုံးလေသည်။-
ယုဒတပ်မတော်သည်သုံ့ပန်းတစ်သောင်းကို ဖမ်းဆီးရမိသဖြင့် သူတို့အားသေလမြို့ ကျောက်တောင်ထိပ်သို့ခေါ်ဆောင်ကာကျောက် ပေါ်ကျ၍သေစေရန်အောက်သို့တွန်းချ ကြ၏။
ယုဒပြည်သူတို့က``မောဘပြည်သူတို့သည် အဘယ်မျှမာန်မာနကြီးကြကြောင်းကိုငါ တို့ကြားရကြလေပြီ။ သူတို့သည်မောက်မာ ထောင်လွှားလျက်မိမိတို့ကိုယ်ကိုအထင်ကြီး လျက်နေခဲ့ကြသော်လည်း သူတို့ဝါကြွားမှု များသည်အချည်းနှီးသာဖြစ်ကြောင်းကို ငါတို့သိပါ၏'' ဟုဆိုကြ၏။
အို ယေရုရှလင်မြို့၊ သင်သည်လွင်ပြင်ပေါ်မှ ကျောက်ဆောင်ကြီးသဖွယ်ချိုင့်ဝှမ်းများအ ထက်တွင်မြင့်မားစွာရပ်တည်လျက်ရှိ၏။ သို့ သော်ငါထာဝရဘုရားသည်သင့်အားတိုက် ခိုက်တော်မူမည်။ သင်သည်မိမိအားအဘယ် သူမျှမတိုက်မခိုက်နိုင်။ သင်၏ခံတပ်များ ကိုလည်းမဖြိုမခွင်းနိုင်ဟုဆိုချေသည်။-
ဗာဗုလုန်အမျိုးသားတို့သည်မုချပြန်လာ ကြလိမ့်မည်။ သို့ဖြစ်၍သူတို့ပြန်လာကြတော့ မည်မဟုတ်ဟုသင်တို့အထင်မမှားကြစေ ရန်သင်တို့အားငါထာဝရဘုရားသတိ ပေး၏။-
``မောဘပြည်သူတို့၊ သင်တို့သည်မိမိတို့ ၏မြို့များမှထွက်ခွာပြီးလျှင် ကျောက်ကမ်း ပါးသို့သွားရောက်နေထိုင်ကြလော့။ လျှို မြောင်အကြားတွင်အသိုက်လုပ်တတ်သည့် ချိုးငှက်ကဲ့သို့ပြုကြလော့။-
သင်တို့၏မာန်မာနကသင်တို့အားလှည့် စားလေပြီ။ သင်တို့ထင်မှတ်သကဲ့သို့အ ဘယ်သူမျှသင်တို့အားမကြောက်ကြ။ သင် တို့သည်တောင်ထိပ်ပေါ်ရှိကျောက်ဆောင်မြင့် ပေါ်တွင်နေထိုင်လျက်ရှိကြ၏။ သို့ရာတွင် ယင်းကဲ့သို့လင်းယုန်သဖွယ်မြင့်မားသည့် အရပ်တွင် သင်တို့နေထိုင်ကြသော်လည်း ငါသည်သင်တို့အားဆွဲချမည်။ ဤကား ငါထာဝရဘုရားမြွက်ဆိုသည့်စကား ဖြစ်၏ဟုမိန့်တော်မူလေပြီ'' ဟုဆို၏။
သစ္စာမရှိသောလူမျိုးတို့၊ သင်တို့သည်အဘယ် ကြောင့်ကြွားဝါသနည်း။ သင်တို့၏အင်အား သည်ချည့်နဲ့နေပြီ။ သင်တို့သည်အဘယ်ကြောင့် မိမိတို့တန်ခိုးစွမ်းရည်ကိုယုံစား၍`ငါတို့ အားအဘယ်သူမျှတိုက်ခိုက်ရဲလိမ့်မည် မဟုတ်' ဟုဆိုကြသနည်း။-
သင်သည်ရောင်းဝယ်ဖောက်ကားမှုများပြား သည့်အတွက် အကြမ်းဖက်မှုနှင့်အပြစ်ကူး လွန်မှုများကိုပြုကျင့်လာလေသည်။ သို့ ဖြစ်၍ငါသည်ငါ၏သန့်ရှင်းမြင့်မြတ်သော တောင်ပေါ်မှသင့်ကိုထွက်စေခဲ့၏။ အို အစောင့် ကောင်းကင်တမန်၊ အရောင်လက်လျက်နေ သည့်ကျောက်မျက်ရတနာများရှိရာမှ သင့်ကိုငါနှင်ထုတ်ခဲ့၏။-
အကယ်၍ဧသော၏သားမြေးများဖြစ် သောဧဒုံပြည်သားတို့က``ငါတို့မြို့များ သည်ပြိုပျက်၍သွားပြီဖြစ်သော်လည်းယင်း တို့ကိုငါတို့ပြန်လည်တည်ထောင်မည်'' ဟု ဆိုခဲ့သော်အနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ``သူတို့ပြန်လည်တည်ထောင် ကြပါလေစေ။ ထိုမြို့များကိုငါတစ်ဖန် ပြန်၍ဖြိုချမည်။ လူတို့သည်ထိုသူတို့ အား `ဒုစရိုက်ပြည်သားများ' ဟူ၍လည်း ကောင်း၊ ထာဝရဘုရား၏အမျက်တော် ထာဝစဉ်သင့်သောအမျိုးသားများဟူ ၍လည်းကောင်းခေါ်ဆိုကြလတ္တံ့'' ဟုမိန့် တော်မူလိမ့်မည်။