အို ထာဝရဘုရား၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်ကြောင့်ကိုယ်တော်တစ်ပါးတည်း ၌သာလျှင် ဘုန်းအသရေရှိတော်မူပါ၏။ ကျွန်တော်မျိုးတို့၌ဘုန်းအသရေမရှိပါ။
သူကြီး 8:3 - Common Language Bible သင်တို့သည်ဘုရားသခင်၏တန်ခိုးတော် အားဖြင့် မိဒျန်ဗိုလ်ချုပ်နှစ်ဦးဖြစ်သော သြရဘနှင့်ဇေဘတို့အားကွပ်မျက်နိုင်ခဲ့ ကြလေပြီတကား။ ထိုအမှုနှင့်နှိုင်းယှဉ် လောက်အောင်ငါသည်အဘယ်အမှုကိုပြု နိုင်ခဲ့ပါသနည်း'' ဟုပြန်ပြောသောစကား ကိုကြားလျှင်သူတို့သည်အမျက်ပြေ ကြ၏။ Garrad Bible မိ ဒျန် ဗိုလ် ချုပ် သြ ရ ဘ နှင့် ဇော ဘ တို့ ကို၊ သင် တို့ လက် တွင်း သို့ ဘု ရား သ ခင် အပ် နှင်း တော် မူ ပြီ။ သင် တို့ နှင့် ယှဉ် သော် ငါ တတ် စွမ်း နိုင် သော အ ရာ ကား မည် သို့ နည်း ဟု ပြန် ပြော လျှင်၊ စိတ် ကျေ နပ် ကြ လေ ၏။ Judson Bible ဘုရားသခင်သည် မိဒျန်ဗိုလ်ချုပ် ဩရဘနှင့်ဇေဘတို့ကို သင်တို့လက်၌ အပ်တော်မူပြီ။ သင်တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုနိုင်သနည်းဟု ပြန်ပြောသောစကားကို သူတို့သည်ကြားသောအခါ စိတ်ပြေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် မိဒျန်လူမျိုးတို့၏အကြီးအကဲများဖြစ်သည့် ဩရဘနှင့် ဇေဘတို့ကို သင်တို့လက်သို့အပ်တော်မူ၏။ ငါသည် သင်တို့နှင့် အဘယ်သို့နှိုင်းယှဉ်နိုင်မည်နည်း”ဟု သူတို့အား ပြန်ပြောလေ၏။ ထိုသို့ ဂိဒေါင်ပြောသောအခါ ဧဖရိမ်အမျိုးသားတို့သည် စိတ်ပြေသွားလေ၏။ |
အို ထာဝရဘုရား၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်ကြောင့်ကိုယ်တော်တစ်ပါးတည်း ၌သာလျှင် ဘုန်းအသရေရှိတော်မူပါ၏။ ကျွန်တော်မျိုးတို့၌ဘုန်းအသရေမရှိပါ။
ကိုယ်တော်ရှင်၏လူစုတော်သည်ထိုပြည်ကို ဋ္ဌားလက်နက်ဖြင့်သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ မိမိတို့၏ကိုယ်ပိုင်စွမ်းရည်အားဖြင့်လည်း သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော် အားဖြင့်လည်းကောင်း၊ ကိုယ်တော်သည်သူတို့အားချစ်တော်မူသဖြင့် သူတို့နှင့်အတူကိုယ်တော်ရှင်ရှိတော်မူခြင်း အားဖြင့်လည်းကောင်း သူတို့သည်ထိုပြည်ကိုသိမ်းပိုက်နိုင်ကြပါ၏။
ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ် ၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော် တတ်၏။
စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူ ထက်၎င်း၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကို တိုက်ယူသောသူထက်၎င်းသာ၍ ကောင်း၏။
`တစ်ဦးကားစိုက်၍နောက်တစ်ဦးကားရိတ်ရ၏' ဟူသောဆိုရိုးစကားသည်မှန်ကန်လျက်နေ သတည်း။-
သင်တို့သည်မိမိတို့ကိုယ်ကိုထင်သင့်သည် ထက်ပို၍အထင်မကြီးကြစေရန် ငါခံစား ရသောဘုရားသခင်၏ကျေးဇူးတော်ကြောင့် သင်တို့အပေါင်းအားငါမှာကြားလို၏။ သင် တို့အသီးသီးတို့အားဘုရားသခင်ချ ပေးတော်မူသောယုံကြည်ခြင်းပမာဏ အတိုင်းမိမိတို့ကိုယ်ကိုသင့်လျော်စွာထင် ကြလော့။-
သို့ဖြစ်၍ငါတို့အသီးသီးသည်မိမိတို့ ခံစားရသည့်ကျေးဇူးတော်နှင့်အညီ ဘုရား သခင်ချပေးတော်မူသည့်ဆုကျေးဇူးကို အသုံးပြုကြရမည်။ ငါတို့ရရှိသည့်ဆု ကျေးဇူးသည်ဘုရားသခင်၏နှုတ်ကပတ် တော်ကိုဟောပြောနိုင်စွမ်းဖြစ်ပါက ငါတို့ သည်မိမိတို့၏ယုံကြည်ခြင်းပမာဏ အတိုင်းထိုဆုကျေးဇူးကိုအသုံး ပြုကြရမည်။-
ကြွားဝါလိုသောစိတ်၊ ကျော်စောကိတ္တိကိုတပ်မက် သောစိတ်တို့ဖြင့်အဘယ်အမှုကိုမျှမပြုကြ နှင့်။ သူတစ်ပါးသည်မိမိထက်သာသည်ဟု အစဉ်ယူဆလျက်စိတ်နှိမ့်ချကြလော့။-
သို့ရာတွင်ဂိဒေါင်က``သင်တို့ပြုခဲ့သမျှ နှင့်နှိုင်းယှဉ်ကြည့်လျှင် ငါပြုခဲ့သမျှသည် ဘာမျှမဖြစ်လောက်ပါ။ သင်တို့ပြုသည့် အမှုအနည်းငယ်ကပင်လျှင် ငါတို့သား ချင်းစုတစ်ရပ်လုံးပြုသည့်အမှုထက်ပို၍ တန်ဖိုးရှိပါ၏။-
ထိုအခါ၌ဂိဒေါင်နှင့်သူ၏တပ်သားသုံး ရာတို့သည် ယော်ဒန်မြစ်သို့ရောက်ရှိလာ ကာမြစ်ကူးဖြတ်ပြီးဖြစ်သည်။ သူတို့သည် အလွန်ပင်ပန်းနွမ်းနယ်လျက်နေကြသော် လည်းရန်သူအားဖိ၍လိုက်လျက်ပင်။-