ကာလအတန်ကြာသောအခါဘုရားသခင် သည် အာဗြဟံ၏နာခံခြင်းသဘောကိုစစ်ဆေး တော်မူ၏။ ဘုရားသခင်က``အာဗြဟံ'' ဟုခေါ် လျှင်အာဗြဟံက``အကျွန်ုပ်ရှိပါ၏အရှင် ဘုရား'' ဟုထူးလေ၏။
သူကြီး 7:4 - Common Language Bible ထိုနောက်ထာဝရဘုရားသည်ဂိဒေါင်အား ``ကျန်ရှိနေသူတို့မှာများလွန်းသေးသည်။ သူတို့အားရေဆိပ်သို့ခေါ်သွားလော့။ ထို အရပ်တွင်သူတို့ကိုသင့်အတွက်ငါလူနှစ်စု ခွဲ၍ပေးမည်။ အကယ်၍ဤမည်သောသူသည် သင်နှင့်အတူလိုက်ရမည်ဟုငါဆိုလျှင် ထို သူသည်သင်နှင့်လိုက်ရမည်။ အကယ်၍ဤ မည်သောသူသည်သင်နှင့်အတူမလိုက်ရ ဟုငါဆိုလျှင်မူကား ထိုသူသည်သင်နှင့် မလိုက်ရ'' ဟုမိန့်တော်မူ၏။- Garrad Bible ထာ ဝ ရ ဘု ရား က လည်း၊ တပ် သား တို့ များ ပြား သေး သော ကြောင့်၊ ရေ ရှိ ရာ သို့ ခေါ် ဆောင် လော့။ ထို အ ရပ်၌ သင့် အ တွက် ငါ စစ် ဆေး မည်။ အ ကြင် သူ သည် သင် နှင့် လိုက် ပါ ရ မည် ဟု ငါ ဆို မူ ထို သူ လိုက် သွား ရ မည်။ အ ကြင် သူ မ လိုက် ရ ဟု ငါ ဆို မူ ထို သူ မ လိုက် မ သွား ရ ဟူ၍ မိန့် တော် မူ သည့် အ တိုင်း Judson Bible တစ်ဖန် ထာဝရဘုရားကလည်း၊ လူတို့သည် အလွန်များသေး၏။ ရေဆိပ်သို့ ခေါ်ခဲ့လော့။ သူတို့ကို ရေဆိပ်မှာ သင့်အဖို့ ငါစုံစမ်းမည်။ ထိုအခါ ဤမည်သောသူသည် သင်နှင့်အတူသွားရမည်ဟု ငါဆိုလျှင်၊ ထိုသူသည် သွားရမည်။ ဤမည်သောသူမသွားရဟု ငါဆိုလျှင် ထိုသူသည် မသွားရဟု မိန့်တော်မူသည်အတိုင်း၊ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက ဂိဒေါင်အား “လူ များသေး၏။ သူတို့ကို စမ်းချောင်းနားသို့ခေါ်သွားလော့။ ငါသည် ထိုနေရာ၌ သူတို့ကို ရွေးထုတ်မည်။ သင့်အား ‘ဤသူသည် သင်နှင့်အတူသွားရမည်’ဟု ငါဆိုလျှင် ထိုသူသည် သင်နှင့်အတူသွားရမည်။ သင့်အား ‘ဤသူသည် သင်နှင့်အတူမသွားရ’ဟု ငါဆိုလျှင် ထိုသူသည် သင်နှင့်အတူမသွားရ”ဟု မိန့်တော်မူ၏။ |
ကာလအတန်ကြာသောအခါဘုရားသခင် သည် အာဗြဟံ၏နာခံခြင်းသဘောကိုစစ်ဆေး တော်မူ၏။ ဘုရားသခင်က``အာဗြဟံ'' ဟုခေါ် လျှင်အာဗြဟံက``အကျွန်ုပ်ရှိပါ၏အရှင် ဘုရား'' ဟုထူးလေ၏။
သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။
ရှင်ဘုရင်မည်သည်မှာမိမိ၏ကြီးမားသော စစ်သည်အလုံးအရင်းကြောင့်စစ်ပွဲတွင် အနိုင်ရသည်မဟုတ်။ စစ်သားသည်လည်းမိမိ၏ခွန်အားဗလကြောင့် အနိုင်ရသည်မဟုတ်။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား စစ်ဆေးတော်မူပါပြီ။ ငွေကိုမီးဖြင့်ချွတ်သကဲ့သို့ကျွန်တော်မျိုး တို့အား စစ်ဆေးတော်မူပါပြီ။
ကိုယ်တော်ရှင်သည်ဖြောင့်မတ်တော်မူသောဘုရားဖြစ်တော်မူပါ၏။ လူတို့၏အကြံအစည်များနှင့်လိုအင်ဆန္ဒများကိုလည်းစစ်ဆေးတော်မူပါ၏။ သူယုတ်မာတို့၏ဆိုးညစ်မှုကိုဆီးတားတော်မူလျက်၊ သူတော်ကောင်းတို့အားကောင်းကျိုးကိုပေးသနားတော်မူပါ။
ဂိဒေါင်သည်လူတို့ကိုရေဆိပ်သို့ခေါ်ဆောင် သွားပြီးနောက် ထာဝရဘုရားက``ထိုသူတို့ တွင်ရေကိုခွေးကဲ့သို့လျှာနှင့်လျက်သောက် သောသူများနှင့် ဒူးထောက်၍သောက်သောသူ များကိုနှစ်စုခွဲလော့'' ဟုဂိဒေါင်အားမိန့် တော်မူ၏။-
ယောနသန်ကလူငယ်အား``ဘုရားမဲ့သူ ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကို ငါတို့ဝင်ရောက်ကြစို့။ ထာဝရဘုရား သည်ငါတို့အားကူမကောင်းကူမလိမ့်မည်။ အကယ်၍ကိုယ်တော်ကူမတော်မူပါလျှင် ငါတို့သည်အဘယ်မျှပင်အရည်အတွက် အားဖြင့်နည်းသော်လည်းအောင်ပွဲကိုရရှိ ကြမည်'' ဟုဆို၏။
သို့ရာတွင်ထာဝရဘုရားက``ထိုသူ၏ အရပ်အမောင်းကောင်းမှုနှင့်တင့်တယ် လှပမှုတို့ကိုမကြည့်နှင့်။ ငါသည်လူတို့ ကဲ့သို့အကဲဖြတ်သည်မဟုတ်။ သို့ဖြစ်၍ သူ့ကိုငါပယ်ပြီ။ လူသည်ပြင်ပသဏ္ဌာန်ကို ကြည့်တတ်၏။ ငါမူကားစိတ်နှလုံးကို ကြည့်၏'' ဟုမိန့်တော်မူ၏။