သို့ရာတွင်အကယ်၍သင်သည်သူတို့အား တိုက်ခိုက်ရန်ကြောက်လန့်နေပါမူ သင်၏ အစေခံဖုရကိုခေါ်၍ထိုတပ်စခန်းသို့ သွားလော့။-
မ ချီ ၀ံ့ မူ သင့် ငယ် သား ဖု ရ နှင့် တ ကွ ဆင်း သက်၍ အ ချင်း ချင်း ပြော ဆို သော စ ကား ကို ကြား ရ ပြီး မှ၊ စွဲ ရပ် ရာ သို့ ဆင်း ချီ နိုင် ရန် လက် ရုံး ရည် တိုး တက် လိမ့် မည် ဟု မိန့် တော် မူ သည့် အ တိုင်း ဂိ ဒေါင် သည် ငယ် သား ဖု ရ နှင့် တ ကွ တပ် အ ပ ကင်း သို့ ဆိုက် ရောက် လေ ၏။
မချီဝံ့လျှင် သင်၏ကျွန်ဖုရကို ရှေ့ဦးစွာခေါ်သွားလော့။
သင်သည် ဆင်းသွားရန်ကြောက်နေလျှင် ထိုတပ်စခန်းသို့ သင်၏ငယ်သားဖုရနှင့်အတူ ဆင်းသွားလော့။
သူတို့ပြောဆိုနေကြသောစကားကိုသင် ကြားသိရလိမ့်မည်။ ထိုအခါသင်သည်တိုက် ခိုက်ရန်ရဲစွမ်းသတ္တိကိုရလိမ့်မည်'' ဟုမိန့် တော်မူ၏။ သို့ဖြစ်၍ဂိဒေါင်သည်မိမိအစေ ခံဖုရနှင့်အတူ ရန်သူ့တပ်စခန်းအစွန် နားသို့သွားလေသည်။-
ထိုည၌ထာဝရဘုရားသည်ဂိဒေါင် အား``ထ၍သူတို့၏တပ်စခန်းကိုတိုက် ခိုက်လော့။ သင့်အားအောင်ပွဲကိုငါပေးမည်။-
ထိုနောက်ဒါဝိဒ်သည်ဟိတ္တိအမျိုးသားအဟိ မလက်နှင့်ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲတို့အား``သင်တို့နှစ်ဦးအနက် အဘယ်သူသည်ရှောလု၏တပ်စခန်းသို့ ငါနှင့်အတူ လိုက်ပါမည်နည်း'' ဟုမေး၏။ အဘိရှဲက``အကျွန်ုပ်လိုက်ပါမည်'' ဟုဆို၏။