သူကြီး 7:11 - Common Language Bible11 သူတို့ပြောဆိုနေကြသောစကားကိုသင် ကြားသိရလိမ့်မည်။ ထိုအခါသင်သည်တိုက် ခိုက်ရန်ရဲစွမ်းသတ္တိကိုရလိမ့်မည်'' ဟုမိန့် တော်မူ၏။ သို့ဖြစ်၍ဂိဒေါင်သည်မိမိအစေ ခံဖုရနှင့်အတူ ရန်သူ့တပ်စခန်းအစွန် နားသို့သွားလေသည်။- အခန်းကိုကြည့်ပါ။Judson Bible11 သူတို့သည် အဘယ်သို့ပြောသည်ကို ကြားလိမ့်မည်။ ထိုနောက်မှ တပ်ချရာသို့ ချီသွားခြင်းငှာ သင့်လက်အားကြီးလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ဂိဒေါင်သည် မိမိကျွန်ဖုရကိုခေါ်၍ ရန်သူ၏တပ်ပြင်၌ ကင်းထိုးသောသူရှိရာသို့ သွားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 သူတို့ပြောဆိုသောစကားကိုကြားသောအခါ သင်သည် အားရှိသွားလိမ့်မည်။ ထိုတပ်စခန်းကို တိုက်နိုင်လိမ့်မည်”ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ သူသည် သူ၏ငယ်သားဖုရနှင့်အတူ ဆင်းသွား၍ တပ်စခန်းအစွန်နားသို့ ရောက်၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်ခုနစ်ရက်တိုင်တိုင် တဆေးမဲ့မုန့်ပွဲတော်ကိုဝမ်းမြောက်ရွှင်လန်းစွာကျင်းပကြလေသည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်အတွက် ဗိမာန်တော်ကိုတည်ဆောက်ရာတွင်ထာဝရဘုရားသည်အာရှုရိဧကရာဇ်မင်း အားထောက်ပံ့ကူညီလိုစိတ်ကိုသွင်းပေးတော်မူ၏။ သို့ဖြစ်၍သူတို့သည် အလွန်ပင်ဝမ်းမြောက်ကြလေသည်။
သူတို့အထဲမှတစ်ယောက်ယောက်အား`သင်၏ ရေခရားမှရေတစ်ပေါက်လောက်သောက်ပါရ စေ' ဟုဆိုပါမည်။ အကယ်၍ထိုအမျိုးသမီး က`သောက်ပါ။ သင်၏ကုလားအုတ်တို့အတွက် လည်းရေခပ်ပေးပါမည်' ဟုဆိုလျှင် ထိုအမျိုး သမီးသည်ကိုယ်တော်၏ကျွန်ဣဇာက်အတွက် ကိုယ်တော်ရွေးချယ်ထားသူဖြစ်ပါစေသော။ အကျွန်ုပ်လျှောက်ထားသည့်အတိုင်းဖြစ်ခဲ့ လျှင်အကျွန်ုပ်၏သခင်အားထားတော်မူ သောကတိတော်အတိုင်း ကိုယ်တော်ပြုတော် မူကြောင်းအကျွန်ုပ်သိရပါမည်'' ဟုဆု တောင်းလေ၏။