အာဗြံသည်ထိုပြည်ကိုဖြတ်သွားပြီးလျှင် ရှိခင် အရပ်၌ရှိသောမောရေသပိတ်ပင်သို့ရောက်ရှိ လာလေ၏။ (ထိုအချိန်ကခါနာန်အမျိုးသား တို့သည် ထိုပြည်တွင်နေထိုင်လျက်ရှိကြ၏။-)
သူကြီး 7:1 - Common Language Bible တစ်နေ့သ၌ဂိဒေါင်နှင့်တကွသူနှင့်ပါလာ သောလူအပေါင်းတို့သည်နံနက်စောစောထ ၍ ဟာရုတ်စမ်းအနီး၌တပ်ချကြ၏။ မိဒျန် အမျိုးသားတို့၏တပ်စခန်းသည်သူတို့ ၏မြောက်ဘက်မောရတောင်ကုန်းအနီးရှိ ချိုင့်ထဲ၌ရှိသတည်း။ Garrad Bible ယေ ရု ဗ္ဗာ လ တည်း ဟူ သော ဂိ ဒေါင် သည် လိုက် ပါ သ မျှ သူ တို့ နှင့် တ ကွ နံ နက် အ ချိန် ထ ပြီး လျှင်၊ ဟာ ရုတ် စမ်း ရေ တွင်း အ နီး စွဲ ရပ် ရာ မိ ဒျန် တပ် ကား မြောက် ဘက်၊ မော ရေ တောင် ခြေ ရင်း ချိုင့် တွင် စွဲ သ တည်း။ Judson Bible ယေရုဗ္ဗာလအမည်ဖြင့် ခေါ်ဝေါ်သော ဂိဒေါင်သည် နံနက်စောစောထ၍၊ ရှိသမျှသော သူတို့နှင့်တကွ ဟာရုတ်ရေတွင်းနားမှာ တပ်ချသဖြင့်၊ မိဒျန်တပ်သည် မြောက်ဘက်၊ မောရေတောင်ခြေရင်းချိုင့်၌ ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ဂိဒေါင် ခေါ် ယေရုဗ္ဗာလသည် မိမိလူအားလုံးနှင့်တကွ နံနက်စောစော စစ်ချီသွား၍ ဟာရုတ်စမ်းရေတွင်းနား၌ စခန်းချလေ၏။ မိဒျန်လူမျိုးတို့သည် သူတို့၏မြောက်ဘက်၊ မောရေတောင်ကုန်းအနီး ချိုင့်ဝှမ်းလွင်ပြင်၌ စခန်းချ၏။ |
အာဗြံသည်ထိုပြည်ကိုဖြတ်သွားပြီးလျှင် ရှိခင် အရပ်၌ရှိသောမောရေသပိတ်ပင်သို့ရောက်ရှိ လာလေ၏။ (ထိုအချိန်ကခါနာန်အမျိုးသား တို့သည် ထိုပြည်တွင်နေထိုင်လျက်ရှိကြ၏။-)
နောက်တစ်နေ့နံနက်စောစောတွင်အာဗြဟံသည် ယဇ်ပူဇော်ရန်ထင်းကိုခွဲ၍မြည်းပေါ်သို့တင် ပြီးလျှင် ဣဇာက်နှင့်အစေခံနှစ်ယောက်တို့ကို ခေါ်လျက်ဘုရားသခင်ညွှန်ပြသောအရပ် သို့ရှေ့ရှုလာခဲ့သည်။-
အင်္ဒေါရအရပ်တွင်မိဒျန်အမျိုးသား တို့သည်လည်းကောင်း၊ ခိရှုန်မြစ်အနီး၌သိရမင်းနှင့်ယာဘိန်မင်း တို့သည်လည်းကောင်းစစ်ပွဲရှုံးသဖြင့် သူတို့၏အလောင်းများသည်စစ်တလင်း ပေါ်၌ ပုပ်ပျက်သွားစေသကဲ့သို့ ဤမဟာမိတ်အဖွဲ့အားလည်းအလား တူ ကံကြမ္မာနှင့်တွေ့ကြုံစေတော်မူပါ။
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။
(ဤတောင်နှစ်လုံးသည် ယော်ဒန်မြစ်အနောက် ဘက်၊ ယော်ဒန်မြစ်ဝှမ်းတွင်နေထိုင်သော ခါနာန် အမျိုးသားတို့၏နယ်မြေထဲ၌တည်ရှိသည်။ ယင်းတောင်တို့သည် ဂိလဂါလမြို့အနီးမောရေ သပိတ်ပင်များနှင့် မဝေးသောအနောက်ဘက် တွင်တည်ရှိ၏။-)
နောက်တစ်နေ့နံနက်စောစောအချိန်၌ ယောရှု နှင့်ဣသရေလအမျိုးသားအပေါင်းတို့သည် အကေရှစခန်းမှယော်ဒန်မြစ်သို့ထွက်ခွာ လာကြသည်။ မြစ်ကိုမဖြတ်ကူးမီမြစ်နား တွင်စခန်းချကြ၏။-
နောက်တစ်နေ့နံနက်စောစောတွင်ယောရှုသည် နိုးထ၏။ ယဇ်ပုရောဟိတ်နှင့်စစ်သည်တို့သည် ဒုတိယအကြိမ်မြို့ကိုယခင်နည်းအတိုင်း လှည့်ပတ်ကြ၏။-
ထိုအချိန်မှအစပြု၍ဂိဒေါင်သည်ယေရု ဗ္ဗာလဟူ၍နာမည်တွင်လေ၏။ အဘယ်ကြောင့် ဆိုသော်ယောရှက``ဗာလသည်မိမိကိုယ်ကို မိမိကွယ်ကာပါလေစေ။ ဖြိုချခြင်းခံရ သည်မှာသူ၏ယဇ်ပလ္လင်ဖြစ်သည်'' ဟုဆို သောကြောင့်တည်း။
ထိုအခါမိဒျန်အမျိုးသားများ၊ အာမလက် အမျိုးသားများ၊ သဲကန္တာရနေလူမျိုးအပေါင်း တို့သည်စုဝေး၍ယော်ဒန်မြစ်ကိုဖြတ်ပြီးလျှင် ယေဇရေလချိုင့်တွင်စခန်းချကြ၏။-
ထိုည၌လည်းဘုရားသခင်သည်ဂိဒေါင် လျှောက်ထားသည့်အတိုင်းပင်ဖြစ်စေတော် မူ၏။ နောက်တစ်နေ့နံနက်၌သိုးမွေးသည် ခြောက်သွေ့လျက်မြေကြီးမှာမူစွတ်စို လျက်နေ၏။
ဂိဒေါင်သည်မိမိ၏ကိုယ်ပိုင်နေအိမ်သို့ ပြန် လည်သွားရောက်နေထိုင်လေသည်။-
ထို့ကြောင့်ထာဝရဘုရားသည်ဂိဒေါင်၊ ထို နောက်ဗာရက်၊ ထိုနောက်ယေဖသ၊ နောက်ဆုံး ၌ငါ့အားစေလွှတ်တော်မူ၏။ ငါတို့အသီး သီးသည်သင်တို့အားရန်သူများလက်မှ ကယ်ခဲ့ကြသဖြင့် သင်တို့သည်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြ၏။-
ဖိလိတ္တိအမျိုးသားတို့သည်မိမိတို့၏စစ် သည်အပေါင်းတို့ကို အာဖက်မြို့တွင်စုဝေး စေကြ၏။ ဣသရေလအမျိုးသားတို့က ယေဇရေလချိုင့်ဝှမ်းရှိစမ်းချောင်းအနီး တွင်စခန်းချကြ၏။-