သူကြီး 6:32 - Common Language Bible32 ထိုအချိန်မှအစပြု၍ဂိဒေါင်သည်ယေရု ဗ္ဗာလဟူ၍နာမည်တွင်လေ၏။ အဘယ်ကြောင့် ဆိုသော်ယောရှက``ဗာလသည်မိမိကိုယ်ကို မိမိကွယ်ကာပါလေစေ။ ဖြိုချခြင်းခံရ သည်မှာသူ၏ယဇ်ပလ္လင်ဖြစ်သည်'' ဟုဆို သောကြောင့်တည်း။ အခန်းကိုကြည့်ပါ။Garrad Bible32 ဗာ လ နတ်၏ ပ လ္လင် ကို ဂိ ဒေါင် ဖြို ဖျက် သည့် အ တွက် သူ့ ကိုယ် တိုင် တစ် ဘက် တွင် လျှောက် လဲ ပါ စေ ဟု ဆို ပြန် လျက် ထို နေ့ ရက်၌ ပင် ယေ ရု ဗ္ဗာ လ ဟူ၍ အ မည် သစ် ကို ပေး လေ၏။ အခန်းကိုကြည့်ပါ။Judson Bible32 ထိုသို့ ဗာလဘုရားသည် သူ၏ယဇ်ပလ္လင်ကို တစ်စုံတစ်ယောက် ဖြိုဖျက်သောကြောင့်၊ ထိုသူတစ်ဖက် မိမိအမှုကို မိမိစောင့်ပါလေစေဟု ဆိုလျက် သူ၏သားကို ထိုနေ့၌ ယေရုဗ္ဗာလအမည်ဖြင့် မှည့်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း32 ယောရှက “ဂိဒေါင်သည် ဗာလယဇ်ပလ္လင်ကို ဖြိုဖျက်သောကြောင့် သူ့ကို ဗာလ ဆုံးမပါစေ”ဟု ဆိုလျက် ထိုနေ့၌ ဂိဒေါင်ကို ယေရုဗ္ဗာလ ဟုခေါ်တွင်လေ၏။ အခန်းကိုကြည့်ပါ။ |
ဂိဒေါင်၏သားအဘိမလက်သည်အဘယ်သို့ သေရသည်ကိုသင်တို့မမှတ်မိကြသလော။ သေဗက်မြို့တွင်အမျိုးသမီးတစ်ယောက်သည် မြို့ရိုးပေါ်မှကျိတ်ဆုံကျောက်ကိုပစ်ချလိုက် သဖြင့်သူသေခဲ့ရ၏။ သို့ဖြစ်၍သင်တို့သည် အဘယ်ကြောင့်မြို့ရိုးအနီးသို့ချဉ်းကပ်ကြ သနည်း' ဟုမေးတော်မူလိမ့်မည်။ ထိုသို့မင်း ကြီးမေးခဲ့သော်`အရှင့်တပ်မှူးဥရိယသည် လည်းကျဆုံးသွားပါ၏' ဟုပြန်လည်လျှောက် ထားလော့'' ဟုမှာကြားလိုက်လေသည်။
ထာဝရဘုရားက``ဣသရေလကိုငါဦး စွာတွေ့ရစဉ်က တောကန္တာရ၌ပေါက်သော စပျစ်ပင်များကိုတွေ့ရသကဲ့သို့ဖြစ်၏။ သင်တို့၏ဘိုးဘေးများကိုငါဦးစွာတွေ့ ရစဉ်ကပေါ်ဦးပေါ်ဖျားမှည့်သောသဖန်း သီးများကိုတွေ့ရသကဲ့သို့ဖြစ်၏။ သို့ ရာတွင်သူတို့သည်ပေဂုရတောင်သို့ရောက် ရှိသောအခါ ဗာလဘုရားကိုကိုးကွယ် ကြသဖြင့်၊ သူတို့ကြည်ညိုသောဘုရား များကဲ့သို့စက်ဆုတ်ရွံရှာဖွယ်ဖြစ်လာ ကြ၏။-
ယုဒပြည်တွင်မြို့အရေအတွက်များသည် နှင့်အမျှ ပြည်သားတို့တွင်လည်းဘုရား အရေအတွက်များပေသည်။ ယေရုရှလင် မြို့တွင်လည်းလမ်းအရေအတွက်များသည် နှင့်အမျှမြို့သူမြို့သားတို့သည် ရှက်ဖွယ် သောဗာလဘုရားအတွက်ယဇ်တို့ကိုပူဇော် ရန်ယဇ်ပလ္လင်များကိုတည်ထားကြလေသည်။-
ယောရှသည်မိမိထံသို့လာရောက်တောင်းဆို သူအပေါင်းတို့အား``သင်တို့သည်ဗာလကိုယ် စားရှေ့နေလိုက်နေကြပါသလော။ သူ၏ အတွက်အကွယ်အကာပေးနေကြပါသ လော။ သူ့အတွက်ရှေ့နေလိုက်သူမှန်သမျှ သည်နံနက်ချိန်မလွန်မီအသတ်ခံရမည်။ အကယ်၍ဗာလသည်ဘုရားဖြစ်ပါမူ မိမိ ကိုယ်ကိုမိမိကာကွယ်ပါလေစေ။ ဖြိုချခြင်း ခံရသည်မှာသူ၏ယဇ်ပလ္လင်ဖြစ်ပါ၏'' ဟုပြောလေသည်။-