သူကြီး 6:2 - Common Language Bible မိဒျန်အမျိုးသားတို့သည်ဣသရေလအမျိုး သားတို့ထက်အင်အားကြီးသဖြင့် ဣသရေလ အမျိုးသားတို့သည်ဥမင်များ၌လည်းကောင်း၊ အခြားဘေးလွတ်ရာတောင်ပေါ်ဒေသများ ၌လည်းကောင်းပုန်းအောင်းနေရကြကုန်၏။- Garrad Bible မိ ဒျန် လက် ရုံး ရည် သာ သ ဖြင့်၊ ဣ သ ရေ လ အ မျိုး သား တို့ သည် တောင် များ တွင် လှိုဏ် ခေါင်း၊ ဥမင် နှင့် ခံ တပ် များ ကို ပြု လုပ် ကြ၏။ Judson Bible မိဒျန်အမျိုးသည် ဣသရေလအမျိုးကို နိုင်၍ ညှဉ်းဆဲသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် တောင်ရိုး၌ ခိုင်ခံ့သော ဥမင်မြေတွင်းတို့ကို လုပ်ရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း မိဒျန်လူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ညှဉ်းဆဲကြ၏။ မိဒျန်လူမျိုးကြောင့် အစ္စရေးအမျိုးသားတို့သည် တောင်များတွင်ရှိသော တွင်းများ၊ လိုဏ်ဂူများတွင် ခိုလှုံစရာနေရာများ ပြုလုပ်ကြရ၏။ |
မိမိသတ်ဖြတ်လိုက်သူတို့၏အလောင်းများ ကိုဣရှမေလပစ်ချသည့်ရေတွင်းကား အလွန်ကြီး၍ ဣသရေလဘုရင်ဗာရှာ၏ဘေး မှခုခံကာကွယ်ရန် အာသမင်းတူးထားသည့် ရေတွင်းဖြစ်သတည်း။ ဣရှမေလသည်မိမိ သတ်ဖြတ်လိုက်သည့်လူသေအလောင်းများ ဖြင့်ထိုတွင်းကိုပြည့်စေ၏။-
``မောဘပြည်သူတို့၊ သင်တို့သည်မိမိတို့ ၏မြို့များမှထွက်ခွာပြီးလျှင် ကျောက်ကမ်း ပါးသို့သွားရောက်နေထိုင်ကြလော့။ လျှို မြောင်အကြားတွင်အသိုက်လုပ်တတ်သည့် ချိုးငှက်ကဲ့သို့ပြုကြလော့။-
ငါသည်သင်တို့တစ်ဘက်၌ရှိသဖြင့် သင်တို့ သည်စစ်ရှုံး၍ရန်သူ၏အုပ်စိုးခြင်းကိုခံရ လိမ့်မည်။ သင်တို့သည်အလွန်ထိတ်လန့်သဖြင့် လိုက်သူမရှိဘဲနှင့်ပြေးရကြလိမ့်မည်။
ကမ္ဘာလောကသည်ထိုသူတို့နှင့်မထိုက်မတန် ပါတကား။ သူတို့သည်လိုဏ်ဂူများနှင့်မြေ တွင်းများတွင်နေထိုင်ကြလျက်တောကန္တာရ များနှင့်တောင်ပေါ်ဒေသများသို့လှည့်လည် သွားလာရကြ၏။
ထိုအခါလောကီဘုရင်၊ အာဏာပိုင်၊ စစ်သူကြီး၊ သူဌေးသူကြွယ်၊ တန်ခိုးအာဏာရှိသူမှစ၍ ကျွန်နှင့်ကျွန်မဟုတ်သူအပေါင်းတို့သည်လိုဏ် ဂူများ၌လည်းကောင်း၊ တောင်ပေါ်ကျောက်ဆောင် များ၌လည်းကောင်းပုန်းအောင်း၍နေကြ ကုန်၏။-
ထိုသူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာ မောရိနယ်မြေဂိလဒ်ပြည်တွင်နေထိုင်သော ဣသရေလအမျိုးသားတို့အား တစ်ဆယ့် နှစ်နှစ်တိုင်တိုင်ညှင်းပန်းနှိပ်စက်ကြ၏။-
အမ္မုန်အမျိုးသားတို့သည်ယော်ဒန်မြစ်ကို ပင်လျှင် ဖြတ်ကျော်ကာယုဒအနွယ်၊ ဗင်္ယာမိန် အနွယ်နှင့်ဧဖရိမ်အနွယ်တို့ကိုတိုက်ခိုက် ကြသဖြင့် ဣသရေလအမျိုးသားတို့မှာ အတိဒုက္ခရောက်ရကြလေသည်။
ကောက်ပဲသီးနှံများကိုဣသရေလအမျိုးသား တို့စိုက်ပျိုးသည့်အခါတိုင်း မိဒျန်အမျိုးသား တို့သည်အာမလက်အမျိုးသားနှင့် သဲကန္တာရ တွင်နေထိုင်သောလူမျိုးများနှင့်အတူလာ၍ တိုက်ခိုက်တတ်ကြ၏။-
ထိုနောက်ဣသရေလအမျိုးသားတို့အား ပြင်းထန်စွာတိုက်ခိုက်၍ဖရိုဖရဲဖြစ်စေ လေသည်။ ဣသရေလအမျိုးသားအချို့ တို့သည်ဥမင်၊ ကျောက်ကြား၊ ရေတွင်း၊ မြေ တွင်းစသည်တို့၌ပုန်းအောင်းနေကြ၏။-
ထို့ကြောင့်သူတို့နှစ်ဦးသည်ဖိလိတ္တိအမျိုး သားတို့အားကိုယ်ရိပ်ပြကြ၏။ ဖိလိတ္တိ အမျိုးသားတို့က``ကြည့်လော့။ ဟေဗြဲအမျိုး သားအချို့တို့သည် မိမိတို့ပုန်းကွယ်ရာမြေ တွင်းများမှထွက်လာလေပြီ'' ဟုဆိုပြီး လျှင်၊-