ထိုသူတို့နှင့်ထိမ်းမြားမင်္ဂလာပြုလျက်သူတို့၏ ဋ္ဌလေ့ထုံးစံများကိုလိုက်နာကျင့်သုံးကြ၏။
သူကြီး 3:6 - Common Language Bible သူတို့သည်ထိုသူတို့၏သားသမီးများနှင့် ထိမ်းမြားစုံဖက်ကာသူတို့၏ဘုရားများ ကိုကိုးကွယ်ကြကုန်၏။ Garrad Bible သူ တို့ သ မီး များ နှင့် ကိုယ့် သ မီး တို့ ကို လည်း ပေး စား လျက်၊ ၎င်း တို့ ဘု ရား များ ကို ဝတ် ပြု ကြ သ တည်း။ Judson Bible သူတို့သမီးနှင့် စုံဖက်ခြင်းကိုပြုလျက်၊ မိမိတို့သမီးကိုပေးစားလျက်၊ သူတို့ဘုရားများကို ဝတ်ပြုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့၏သမီးများကို လက်ထပ်ယူကြ၏။ မိမိတို့၏သမီးများကိုလည်း ထိုလူမျိုးခြားတို့၏သားများနှင့် ပေးစားကြ၏။ သူတို့၏ဘုရားများကိုလည်း ဝတ်ပြုကြ၏။ |
ထိုသူတို့နှင့်ထိမ်းမြားမင်္ဂလာပြုလျက်သူတို့၏ ဋ္ဌလေ့ထုံးစံများကိုလိုက်နာကျင့်သုံးကြ၏။
သင်တို့သည်ထိုပြည်သားတို့နှင့်မဟာမိတ် မဖွဲ့ရ။ အဘယ်ကြောင့်ဆိုသော်၊ သူတို့သည် သူတို့၏ဘုရားများအားရှိခိုးပူဇော်သော အခါ သင်တို့ဖိတ်ခေါ်သဖြင့်၊ သူတို့၏ဘုရား များအားပူဇော်သည့်အစားအစာကိုသင် တို့စားမိကြလိမ့်မည်ဖြစ်သောကြောင့်တည်း။-
သင်တို့၏သားများသည်ထိုပြည်ရှိအမျိုး သမီးများကိုထိမ်းမြားမိသဖြင့်၊ ထိုအမျိုး သမီးတို့သည်ငါ့ကိုစွန့်၍ သူတို့၏ဘုရား များကိုကိုးကွယ်ရန်၊ သင်တို့၏သားများ ကိုဖြားယောင်းကြလိမ့်မည်။
ထိုမြို့အားအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ``သင်၏မျိုးရိုးစဉ်ဆက်သည်ခါနာန်ပြည်တွင် မွေးဖွား၍ သင်၏အဖသည်အာမောရိအမျိုး သား၊ သင်၏အမိမှာဟိတ္တိအမျိုးသမီး ဖြစ်၏။-
သင်တို့သည်သစ္စာဖောက်၍သင်တို့တွင်ကျန် ရှိနေသေးသော အခြားလူမျိုးများနှင့် ပေါင်းဖက်အိမ်ထောင်ဖက်ပြုကြလျှင်၊-