အာဟပ်မင်းသည်လည်းစစ်ပွဲသို့ဝင်တော်မူ၍ မြင်းများစစ်ရထားများကိုဖမ်းဆီးသိမ်း ယူ၍ ရှုရိအမျိုးသားတို့အားအကြီး အကျယ်အရေးရှုံးနိမ့်စေတော်မူ၏။-
သူကြီး 3:28 - Common Language Bible သူက``ငါ့နောက်သို့လိုက်ကြလော့။ ထာဝရ ဘုရားသည်သင်တို့အားရန်သူဖြစ်သော မောဘအမျိုးသားတို့အပေါ်၌အောင်ပွဲ ခံစေတော်မူပြီ'' ဟုသူတို့အားပြောလေ သည်။ သို့ဖြစ်၍ဣသရေလအမျိုးသား တို့သည်တောင်ကုန်းပေါ်မှဆင်း၍ ဧဟုဒ၏ နောက်သို့လိုက်ပြီးလျှင်မောဘအမျိုးသား တို့ကူးရာယော်ဒန်မြစ်ကူးဆိပ်ကိုသိမ်း ယူကြလေသည်။ ရန်သူတို့တစ်ယောက်မျှ မြစ်ကိုကူးခွင့်မရကြ။- Garrad Bible သူ က လည်း၊ ငါ့ နောက် လိုက် ခဲ့ ဦး။ ထာ ဝ ရ ဘု ရား သည် ရန် သူ ဖြစ် သော မော ဘ လူ မျိုး ကို သင် တို့ လက် တွင်း သို့ အပ် နှင်း တော် မူ သ တည်း ဟု ဆို သည့် အ တိုင်း၊ ဆင်း လိုက် ကြ ရာ မော ဘ လူ မျိုး နှင့် စစ် ပြိုင်၍ ယော် ဒန် မြစ် ကူး ဆိပ် များ ကို သိမ်း ယူ သ ဖြင့်၊ လူ တစ် ဦး တစ် ယောက် မျှ မ ကူး နိုင်။ Judson Bible သူကလည်း ငါ့နောက်သို့ လိုက်ကြလော့။ ထာဝရဘုရားသည် သင်တို့၏ရန်သူ မောဘလူတို့ကို သင်တို့လက်၌ အပ်တော်မူမည်ဟု ဆိုသည်အတိုင်း၊ သူ့နောက်မှာဆင်း၍ ယော်ဒန်မြစ်ကူးရာ မောဘပြည်သို့သွားရာလမ်းကို ဆီးတားသဖြင့်၊ လူတစ်စုံတစ်ယောက်ကိုမျှ မကူးစေရ။ မြန်မာ့စံမီသမ္မာကျမ်း “ငါ့နောက် လိုက်ကြလော့။ ထာဝရဘုရားသည် သင်တို့၏ရန်သူမောဘလူမျိုးတို့ကို သင်တို့လက်သို့ အပ်တော်မူပြီ”ဟု ဆို၏။ သူတို့သည်လည်း ဧဟုဒနောက်သို့လိုက်၍ မောဘပြည်သို့ကူးသော ဂျော်ဒန်မြစ်ရေတိမ်ပိုင်းတို့ကို သိမ်းပိုက်ပြီး မည်သူ့ကိုမျှ ဖြတ်ကူးခွင့်မပြုကြပေ။ |
အာဟပ်မင်းသည်လည်းစစ်ပွဲသို့ဝင်တော်မူ၍ မြင်းများစစ်ရထားများကိုဖမ်းဆီးသိမ်း ယူ၍ ရှုရိအမျိုးသားတို့အားအကြီး အကျယ်အရေးရှုံးနိမ့်စေတော်မူ၏။-
မင်းကြီးစေလွှတ်လိုက်သူများမြို့ပြင်သို့ ရောက်သည့်အခါ မြို့တံခါးကိုပိတ်လိုက် ကြ၏။ သူတို့သည်ယော်ဒန်မြစ်ကိုဖြတ် လျှောက်နိုင်သည့်မြစ်ကမ်းအထိသူလျှိုများကိုလိုက်လံရှာဖွေကြသည်။
ထာဝရဘုရားကဤသို့ပြန်၍မိန့်ကြား တော်မူ၏။ ``အတိတ်ကာလကအီဂျစ်အမျိုး သား၊ အာမောရိအမျိုးသား၊ အမ္မုန်အမျိုးသား၊ ဖိလိတ္တိအမျိုးသား၊-
ဧဖရိမ်ပြည်သားတို့မလွတ်မြောက်နိုင်စေ ရန်ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ် တစ်ဘက်ကမ်းသို့ကူးဖြတ်နိုင်သည့်နေ ရာရှိသမျှကိုသိမ်းထားကြ၏။-
ထိုနေ့၌မောဘအမျိုးသားလက်ရွေးစင်စစ် သည် တစ်သောင်းမျှသုတ်သင်ခြင်းကိုခံရကြ ၏။ သူတို့တစ်ယောက်မျှမလွတ်မြောက်ပေ။-
ဗာရက်သည်နဿလိအနွယ်ဝင်နှင့်ဇာဗုလုန် အနွယ်ဝင်တို့ကို ကေဒေရှမြို့သို့ခေါ်ယူရာ သူ၏နောက်သို့လူပေါင်းတစ်သောင်းလိုက်ကြ ၏။ ဒေဗောရသည်လည်းသူနှင့်အတူလိုက် လေသည်။
ထိုမိတ်ဆွေကလည်း``ထိုမုန့်ပြားသည်ဣသ ရေလအမျိုးသားယောရှ၏သားဖြစ်သူ ဂိဒေါင်၏ဋ္ဌားပင်ဖြစ်သည်။ မုန့်ပြားသည် အခြားအနက်အဋ္ဌိပ္ပါယ်ကိုမဆောင်နိုင် ရာ။ ဘုရားသခင်သည်သူ့အားမိဒျန် အမျိုးနှင့် ငါတို့တပ်တစ်ခုလုံးအပေါ်၌ အောင်ပွဲခံစေတော်မူလေပြီ'' ဟုဆို၏။
ထိုသူ၏အိပ်မက်နှင့်ယင်း၏အနက်အဋ္ဌိပ္ပါယ် ကိုကြားသိရသောအခါဂိဒေါင်သည်ဒူး ထောက်၍ ထာဝရဘုရားအားကိုးကွယ်၏။ ထိုနောက်ဣသရေလတပ်စခန်းသို့ပြန် ပြီးလျှင်``ထကြ၊ ထာဝရဘုရားသည်သင် တို့အားမိဒျန်တပ်အပေါ်၌အောင်ပွဲခံ စေတော်မူလေပြီ'' ဟုဆို၏။-
ထိုနောက်သူတို့အား``ရန်သူတပ်စခန်းအစွန် သို့ငါရောက်ရှိလာသောအခါ သင်တို့သည် ငါ့ကိုကြည့်၍ငါပြုသည့်အတိုင်းပြုကြ လော့။-
ဂိဒေါင်သည်ဧဖရိမ်တောင်ကုန်းဒေသအရပ် ရပ်သို့စေတမန်များကိုလွှတ်၍``မိဒျန်အမျိုး သားတို့အားတိုက်ခိုက်ရန်ဆင်းခဲ့ကြလော့။ ယော်ဒန်မြစ်ကိုလည်းကောင်း၊ ဗက်ဗာရရွာတိုင် အောင်ရှိသမျှသောချောင်းငယ်တို့ကိုလည်း ကောင်း ထိုသူတို့မကူးမဖြတ်နိုင်စေရန်သိမ်း ယူကြလော့'' ဟုမှာကြားလိုက်၏။ ဧဖရိမ် အနွယ်ဝင်အပေါင်းတို့သည်စုရုံးပြီးလျှင် ယော်ဒန်မြစ်နှင့်ဗက်ဗာရရွာအထိချောင်း ငယ်ရှိသမျှတို့ကိုသိမ်းယူကြ၏။-
ထိုည၌ထာဝရဘုရားသည်ဂိဒေါင် အား``ထ၍သူတို့၏တပ်စခန်းကိုတိုက် ခိုက်လော့။ သင့်အားအောင်ပွဲကိုငါပေးမည်။-
ကိုယ်တော်သည်မိမိ၏လူမျိုးတော်အားကယ် တင်ရန်အတွက် ဋ္ဌား၊ လှံလက်နက်များကိုအသုံး ပြုတော်မူရန်မလိုကြောင်းကိုလည်း ဤအရပ် တွင်ရှိသမျှသောလူတို့တွေ့မြင်ရကြလိမ့် မည်။ ကိုယ်တော်သည်စစ်မက်ရေးရာကိုပိုင် တော်မူသဖြင့် သင်တို့အားလုံးကိုငါတို့ လက်သို့အပ်နှင်းတော်မူလိမ့်မည်'' ဟုဆို၏။