အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားဤသို့စွန့်ပစ်၍ ထားတော်မူပါသနည်း။ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အစဉ်အမြဲ အမျက်ထွက်၍နေတော်မူပါမည်လော။
သူကြီး 21:3 - Common Language Bible ``အို ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရား၊ အဘယ်ကြောင့်ဤသို့ဖြစ် ရပါသနည်း။ ဗင်္ယာမိန်အနွယ်သည်ဣသ ရေလလူမျိုးမှအဘယ်ကြောင့်ပျောက်ကွယ် ရပါတော့မည်နည်း'' ဟုပြင်းပြစွာဟစ် အော်ငိုကြွေးလျှောက်ထားကြ၏။ Garrad Bible အို ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဣ သ ရေ လ လူ မျိုး အ နက် ယ နေ့ တွင် အ နွယ် တစ် နွယ် တိမ် ကော ရ သည့် အ ကြောင်း ကား၊ မည် သို့ နည်း ဟု မေး လျှောက် ကြ၏။ Judson Bible အိုဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ဣသရေလအမျိုးအနွယ်တို့တွင် ယနေ့တစ်မျိုး ချို့တဲ့ရသောအမှုသည် အဘယ်ကြောင့် ဖြစ်ရပါသနည်းဟု လျှောက်ဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း “အို အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား၊ အစ္စရေးအမျိုးအနွယ်ထဲတွင် အမျိုးတစ်မျိုးပျောက်ကွယ်ရမည့်အဖြစ်မျိုး အဘယ်ကြောင့်ဖြစ်ရသနည်း”ဟု လျှောက်ဆိုကြ၏။ |
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားဤသို့စွန့်ပစ်၍ ထားတော်မူပါသနည်း။ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အစဉ်အမြဲ အမျက်ထွက်၍နေတော်မူပါမည်လော။
ထိုအပင်ကိုကာရံထားသည့်ခြံစည်းရိုးများကို အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ချိုးဖျက်တော်မူပါသနည်း။ ယခုအခါအနီးမှဖြတ်သန်းသွားလာ သူတိုင်းပင်လျှင်စပျစ်သီးများကိုခိုးယူ နိုင်ပါ၏။
ကျွန်တော်မျိုးတို့အားအဘယ်ကြောင့်ကိုယ်တော် ရှင်၏တရားလမ်းမှလွှဲရှောင်သွားစေတော်မူ ပါသနည်း၊ အဘယ်ကြောင့်ကျွန်တော်မျိုးတို့ အားခေါင်းမာစေလျက် ကိုယ်တော်ရှင်ထံမှရှောင် လွှဲစေပါသနည်း။ ကိုယ်တော်ရှင်အားကိုးကွယ် သူတို့ကိုထောက်ထားသဖြင့်လည်းကောင်း၊ ကိုယ်တော်ရှင်ထာဝစဉ်ပိုင်သတော်မူသည့် လူမျိုးတော်အားထောက်ထားသဖြင့်လည်း ကောင်း ပြန်လည်ကြွလာတော်မူပါ။
အို ထာဝရဘုရား၊ကျွန်တော်မျိုး၏အမှုကို အထံတော်တွင်လျှောက်လဲရသော် ကိုယ်တော်ရှင်သာလျှင်ဖြောင့်မတ်သောအရှင် ဖြစ်ပါသည်။ သို့ရာတွင်တရားမျှတမှုရှိမရှိနှင့်ပတ် သက်၍ ကျွန်တော်မျိုးလျှောက်ထားလိုပါ၏။ အဘယ်ကြောင့်သူယုတ်မာတို့သည် ချမ်းသာကြွယ်ဝကြပါသနည်း။ မရိုးမဖြောင့်သူတို့သည်အဘယ်ကြောင့် အေးချမ်းစွာနေရပါသနည်း။
ထိုအခါအပြည်ပြည်ရှိလူမျိုးအပေါင်း တို့က `ထာဝရဘုရားသည်သူတို့၏ပြည် ကိုအဘယ်ကြောင့်ဖျက်ဆီးပစ်တော်မူ သနည်း။ အဘယ်ကြောင့်ဤမျှကြောက်မက် ဖွယ်အမျက်ထွက်တော်မူသနည်း' ဟုမေး ကြလိမ့်မည်။-
သို့ဖြစ်၍ယခုဣသရေလအမျိုးသားတို့ သည်ဗေသလမြို့သို့သွား၍ ဘုရားသခင် ၏ရှေ့တော်၌ညနေချမ်းအချိန်တိုင်အောင် ထိုင်လျက်၊-
နောက်တစ်နေ့နံနက်စောစော၌လူတို့သည် ထ၍ ထိုအရပ်တွင်ယဇ်ပလ္လင်တစ်ခုကိုတည် ဆောက်ကာ မိတ်သဟာယယဇ်နှင့်မီးရှို့ရာ ယဇ်တို့ကိုပူဇော်ကြ၏။-