သို့ရာတွင်ငါတို့သည်မိမိတို့၏သမီးများ နှင့်သူတို့အားထိမ်းမြားစုံဖက်ခွင့်လည်းမ ပြုနိုင်။ အဘယ်ကြောင့်ဆိုသော်ယင်းသို့စုံဖက် ရန်ခွင့်ပြုသူသည် ငါတို့၏ကျိန်စာသင့်မည် ဖြစ်သောကြောင့်တည်း'' ဟုဆွေးနွေးတိုင်ပင် ကြလေသည်။
သို့သော်လည်း အကြင်သူသည် ဗင်္ယာမိန်လူ၌ သမီးကိုပေးစား၏။ ထိုသူသည် ကျိန်အပ်သောသူ ဖြစ်စေဟု ဣသရေလလူတို့သည် ကျိန်ဆိုခြင်းကို ပြုသောကြောင့် ငါတို့သည် ကိုယ်သမီးတို့ကို မပေးစားရဟူ၍လည်းကောင်း၊
ငါတို့မူကား ‘ကိုယ့်သမီးကို ဗင်္ယာမိန်အမျိုးတို့နှင့် ပေးစားသောသူသည် ကျိန်ခြင်းခံရမည်’ဟု အစ္စရေးအမျိုးသားတို့ ကျိန်ဆိုထားပြီဖြစ်၍ ငါတို့သမီးများကို သူတို့နှင့် ပေးစား၍မရ”ဟု ဆို၏။
ယေဖသသည်သူ့ကိုမြင်သောအခါစိတ် မချမ်းမသာဖြစ်လျက် မိမိအဝတ်ကိုဆွဲ ဆုတ်ကာ``အို ငါ့သမီး၊ သင်သည်ငါ၏စိတ်နှလုံး ကိုကြေကွဲစေလေပြီ။ ငါ့အားစိတ်ဝေဒနာ ခံစားစေသူမှာအဘယ်ကြောင့်သင်ဖြစ်ရ ပါသနည်း။ ငါသည်ထာဝရဘုရားအား ကြီးလေးသည့်သစ္စာကတိကိုပြန်လည်ရုတ် သိမ်း၍မရတော့ပါ'' ဟုပြော၏။
မိဇပါမြို့၌စုရုံးစဉ်အခါကဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားအား``ဗင်္ယာ မိန်အမျိုးသားတစ်စုံတစ်ယောက်ကိုမျှအကျွန်ုပ် တို့၏သမီးနှင့်လက်ထပ်ထိမ်းမြားခွင့်ပြုမည် မဟုတ်ပါ'' ဟုကျိန်ဆိုကတိပြုခဲ့ကြ၏။-
ဣသရေလတစ်ဆယ့်နှစ်မျိုးရှိသည့် အနက်တစ်မျိုးပျောက်ကွယ်၍မသွား စေအပ်။-
အကယ်၍သူတို့၏ဖခင်များသို့မဟုတ် မောင်များကလာရောက်ကန့်ကွက်လျှင် သင် တို့သည်သူတို့အား`ထိုအမျိုးသမီးတို့ကို ငါတို့အားသိမ်းပိုက်ခွင့်ပြုပါ။ အဘယ်ကြောင့် ဆိုသော်ငါတို့သည်သင်တို့အားတိုက်ခိုက်၍ သူတို့ကိုသိမ်းယူခြင်းမဟုတ်သောကြောင့် ဖြစ်ပါသည်။ ထိုမှတစ်ပါးသူတို့ကိုငါတို့ အားပေးစားသူမှာသင်တို့မဟုတ်သဖြင့် သင်တို့သည်မိမိတို့၏ကတိသစ္စာကိုချိုး ဖောက်ရာမရောက်ပါ' ဟုပြန်ပြောကြ လော့'' ဟူ၍မှာထားကြ၏။