ထိုနောက်စုဝေးသောသူအပေါင်းတို့က ရိမ္မုန် ကျောက်ရှိဗင်္ယာမိန်အမျိုးသားတို့ထံသို့ စစ်ပြေငြိမ်းရန် ကမ်းလှမ်းချက်သတင်းကို ပေးပို့လိုက်ကြ၏။-
ထို နောက် လူ ပ ရိ သတ် ဥဿုံ သည် ရိ မ္မုန် ကျောက် တောင် တွင် ပုန်း အောင် သော ဗင်္ယာ မိန့် အ နွယ် သား တို့ ထံ ရန် ငြိမ်း ပြီ ဟု ကြော ငြာ ထုတ် ဆင့် သည့် ကာ လ
တစ်ဖန် စုဝေးသော သူအပေါင်းတို့သည်၊ ရိမ္မုန်ကျောက်၌နေသော ဗင်္ယာမိန်လူတို့ကို နှုတ်ဆက်၍ အသင့်အတင့်ခေါ်ခြင်းငှာ လူတို့ကိုစေလွှတ်ကြ၏။
ထို့နောက် လူအစုအဝေးအပေါင်းတို့သည် ရိမ္မုန်ကျောက်ဆောင်တွင် နေသောဗင်္ယာမိန်အမျိုးသားတို့ထံ စစ်ပြေငြိမ်းပြီဖြစ်ကြောင်း အကြောင်းကြားလိုက်၏။
ဣသရေလနိုင်ငံရှိဝမ်းနည်းပူဆွေးလျက် နေသူတို့၏နှုတ်မှကျေးဇူးတော်ချီးမွမ်း ကြစေ၊ ရပ်နီးရပ်ဝေးရှိလူအပေါင်းတို့အား ငြိမ်းချမ်းသာယာမှုကိုငါပေး၏။ ငြိမ်သက် ခြင်းကိုငါပေး၏။ ငါ၏လူမျိုးတော်ကိုငါ ကုစားမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။-
သင်တို့မည်သည့်အိမ်သို့မဆိုဝင်သောအခါ ``ဤ အိမ်၌ငြိမ်သက်ခြင်းရှိပါစေ'' ဟုဦးစွာမေတ္တာ ပို့ကြလော့။-
သို့ဖြစ်၍ယခင်ဘုရားသခင်နှင့်ဝေးလျက်နေ ခဲ့သောသင်တို့လူမျိုးခြားများအားလည်းကောင်း၊ ဘုရားသခင်နှင့်နီးခဲ့သူယုဒအမျိုးသားများ အားလည်းကောင်း ခရစ်တော်သည်ကြွလာတော်မူ၍ ရန်ငြိမ်းခြင်းဆိုင်ရာသတင်းကောင်းကိုဟောပြော ကြေညာတော်မူ၏။-
``သင်တို့သည်မြို့တစ်မြို့ကိုစစ်ချီတိုက်ခိုက် သောအခါ ပထမဦးစွာမြို့သားတို့အား လက်နက်ချခွင့်ပေးရမည်။-
လေဗောက်မြို့၊ ရှိလဟိမ်မြို့၊ အအိန်မြို့နှင့် ရိမ္မုန်မြို့စသောမြို့ကြီးနှစ်ဆယ့်ကိုးမြို့နှင့် တကွပတ်ဝန်းကျင်ရှိကျေးရွာများဖြစ် သည်။
အခြားသူတို့သည်လှည့်၍တောကန္တာရဘက်သို့ ပြေးပြီးလျှင်ရိမ္မုန်ကျောက်သို့ရောက်ကြ၏။ လမ်း များပေါ်၌ထိုသူတို့အနက်လူငါးထောင်မျှ ကျဆုံးရလေသည်။ ဣသရေလအမျိုးသား တို့သည်ကျန်ရှိသေးသူတို့အား ဂိဒုံမြို့တိုင် အောင်ဆက်လက်လိုက်လံတိုက်ခိုက်၍လူနှစ် ထောင်ကိုသတ်ဖြတ်လိုက်လေသည်။-
သို့ရာတွင်လူခြောက်ရာတို့သည်တောကန္တာရရှိ ရိမ္မုန်ကျောက်သို့ထွက်ပြေးလွတ်မြောက်သွားကြ လေသည်။ သူတို့သည်ထိုအရပ်တွင်လေးလ မျှနေကြ၏။-
ထိုသူတို့သည်ယာဗက်မြို့သားများအနက် အပျိုစင်လေးရာကိုတွေ့ရှိသဖြင့် သူတို့ အားရှိလောမြို့တပ်စခန်းသို့ခေါ်ဆောင် ခဲ့ကြ၏။ ရှိလောမြို့သည်ခါနာန်ပြည်တွင် ရှိသတည်း။
ဗင်္ယာမိန်အမျိုးသားတို့သည်ပြန်လာကြ သောအခါ အခြားဣသရေလအမျိုးတို့ ကမိမိတို့မသတ်ဘဲထားသည့် ယာဗက်မြို့ သူအမျိုးသမီးတို့ကိုပေးအပ်လိုက်လေ သည်။ သို့ရာတွင်ထိုအမျိုးသမီးအရေ အတွက်မှာထိုသူတို့အတွက်လုံလောက် မှုမရှိချေ။