ငါတို့တွင်ကိန်းဝပ်တော်မူရာရှိလောမြို့ရှိ တဲတော်ကို ကိုယ်တော်သည်စွန့်ပစ်တော်မူ၏။
သူကြီး 21:12 - Common Language Bible ထိုသူတို့သည်ယာဗက်မြို့သားများအနက် အပျိုစင်လေးရာကိုတွေ့ရှိသဖြင့် သူတို့ အားရှိလောမြို့တပ်စခန်းသို့ခေါ်ဆောင် ခဲ့ကြ၏။ ရှိလောမြို့သည်ခါနာန်ပြည်တွင် ရှိသတည်း။ Garrad Bible ဂိ လဒ် နယ်၊ ယာ ဗက် မြို့ သူ မြို့ သား တို့ အ နက် ယောက်ျား နှင့် မ သင့် မြတ် ဘူး သော အ ပျို က ညာ လေး ရာ ကို စစ် သူ ရဲ တို့ တွေ့ ရှိ သည် နှင့် ခါ နာန် ပြည် ရှိ လော မြို့ တပ် ချ ရာ စ ခန်း သို့ ဆောင် ခဲ့ ကြ၏။ Judson Bible စစ်သူရဲတို့သည် ဂိလဒ်ပြည်ယာဗက်မြို့သားတို့တွင်၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာမိန်းမပျိုလေးရာတို့ကို တွေ့၍ ခါနာန်ပြည်၌ တပ်ချရာ၊ ရှိလောမြို့သို့ ဆောင်ခဲ့ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း စစ်သူရဲတို့ကလည်း ယာဗက်ဂိလဒ်မြို့ရှိ ယောက်ျားနှင့်မဆက်ဆံသေးသော အပျိုကညာမိန်းကလေးအယောက်လေးရာကို ခါနာန်ပြည်၊ ရှိလောတပ်စခန်းသို့ ခေါ်ဆောင်လာကြ၏။ |
ငါတို့တွင်ကိန်းဝပ်တော်မူရာရှိလောမြို့ရှိ တဲတော်ကို ကိုယ်တော်သည်စွန့်ပစ်တော်မူ၏။
``ငါ့အားဝတ်ပြုကိုးကွယ်ရန်ဌာနတော် အဖြစ် ဦးစွာပထမငါရွေးချယ်ခဲ့သည့် ရှိလောရွာသို့သွား၍ ငါ၏လူမျိုးတော် ဣသရေလပြည်သားတို့ကူးလွန်သည့် ဒုစရိုက်ကြောင့် ထိုရွာအားအဘယ်သို့ ငါပြုခဲ့သည်ကိုကြည့်ရှုကြလော့။-
တစ်ပြည်လုံးကိုတိုက်ခိုက်အောင်မြင်ပြီး သည်နောက်ဣသရေလအမျိုးသားတို့သည် ရှိလောမြို့သို့စုဝေးရောက်ရှိလာပြီးလျှင် ထာဝရဘုရားကိန်းဝပ်တော်မူရာတဲ တော်ကိုတည်ဆောက်ကြ၏။-
ဣသရေလအမျိုးသားတို့သည်ဗေသလ မြို့ရှိဝတ်ပြုကိုးကွယ်ရာဌာနတော်သို့သွား ၍``ဗင်္ယာမိန်အမျိုးသားတို့အားမည်သည့် အနွယ်ဝင်များကဦးစွာပထမတိုက်ခိုက် ရပါမည်နည်း'' ဟုဘုရားသခင်အားလျှောက် ထားမေးမြန်းကြ၏။ ထာဝရဘုရားက``ယုဒအနွယ်ဝင်များ'' ဟူ၍ဖြေကြားတော်မူ၏။
ထိုနောက်စုဝေးသောသူအပေါင်းတို့က ရိမ္မုန် ကျောက်ရှိဗင်္ယာမိန်အမျိုးသားတို့ထံသို့ စစ်ပြေငြိမ်းရန် ကမ်းလှမ်းချက်သတင်းကို ပေးပို့လိုက်ကြ၏။-
မိဇပါမြို့၌စုရုံးရာသို့ဣသရေလ အမျိုးအနွယ်များထဲမှ မလာမရောက် သောလူစုရှိပါသလောဟုစုံစမ်းကြ သောအခါ ဂိလဒ်ပြည်ယာဗက်မြို့မှမည် သူတစ်ဦးတစ်ယောက်မျှမလာမရောက် ကြောင်းကိုသိရှိရကြလေသည်။-