ထိုအခါထာဝရဘုရားသည်သူတို့အား လုယက်တိုက်ခိုက်သူတို့၏လက်မှကယ်ဆယ် မည့်ခေါင်းဆောင်များကိုပေါ်ထွန်းစေတော် မူ၏။-
လု ယက် သူ တို့ လက် မှ ကယ် ဆယ် သော တ ရား မင်း တို့ ကို ထာ ဝ ရ ဘု ရား ပေါ် ထွန်း စေ တော် မူ သော် လည်း၊ ၎င်း မင်း တို့ စ ကား ကို မ လိုက် မ နာ။
သို့ရာတွင် လုယူသောသူတို့လက်မှ ကယ်လွှတ်သော တရားသူကြီးတို့ကို ထာဝရဘုရား ပေါ်ထွန်းစေတော်မူ၏။
ထို့နောက်မှ ထာဝရဘုရားသည် တိုက်ခိုက်လုယက်သောသူတို့လက်မှ သူတို့ကို ကယ်တင်ပေးမည့် တရားသူကြီးများကို ပေါ်ထွန်းစေတော်မူ၏။
သို့ဖြစ်၍ကိုယ်တော်ရှင်သည်ရန်သူတို့အား သူတို့ကိုနှိမ်နင်းအုပ်စိုးခွင့်ပေးတော်မူ ပါ၏။ သူတို့သည်ဒုက္ခရောက်သဖြင့်ကူမတော်မူပါဟု အထံတော်သို့အော်ဟစ်ကြပါ၏။ ထိုအခါကိုယ်တော်သည်ကောင်းကင်ဘုံမှ ကြားတော်မူ၍ ကရုဏာတော်ကြီးမားသည်နှင့်အညီ သူတို့အားရန်သူများလက်မှကယ်ဆယ်ရန် ခေါင်းဆောင်များကိုစေလွှတ်တော်မူပါ၏။
မိမိလူစုတော်အားပိုင်ဆိုင်ခွင့်ကိုပေး တော်မူ၏။ ဤအဖြစ်အပျက်အထိနှစ် ပေါင်းလေးရာ့ငါးဆယ်ကြာခဲ့၏။ ထိုနောက်ပရောဖက်ရှမွေလပေါ်ထွန်းချိန် အထိ တရားသူကြီးများကိုပေါ်ထွန်းစေ တော်မူ၏။-
အဘိမလက်ကွယ်လွန်ပြီးနောက် ဣသရေလ လူမျိုးကိုကယ်ဆယ်ရန်ဒေါဒေါ၏မြေး၊ ဖုဝါ ၏သားတောလပေါ်ထွန်းလာ၏။ သူသည်ဣသ ခါအနွယ်ဝင်ဖြစ်၍ ဧဖရိမ်တောင်ကုန်းရှိ ရှမိရမြို့တွင်နေထိုင်၏။-
သို့ဖြစ်၍ယေဖသသည်မြစ်ကိုကူးဖြတ် ပြီးလျှင် အမ္မုန်အမျိုးသားတို့အားတိုက်ခိုက် ရာ ထာဝရဘုရားသည်သူ့အားအောင်ပွဲ ခံစေတော်မူ၏။-
ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့ကိုကယ် ဆယ်မည့်သူတစ်ဦးကိုစေလွှတ်တော်မူ၏။ ထိုသူသည်ဗင်္ယာမိန်အနွယ်ဝင်ဂေရ၏သား၊ ဘယ်သန်သူဧဟုဒဖြစ်၏။ ဣသရေလ အမျိုးသားတို့သည်ဧဟုဒအားမောဘ ဘုရင်ဧဂလုန်ထံသို့လက်ဆောင်ပဏ္ဏာ များနှင့်အတူစေလွှတ်လိုက်ကြ၏။-
ထိုနောက်ပေါ်ထွန်းလာသောခေါင်းဆောင်မှာ အာနတ်၏သားရှံဂါဖြစ်၏။ သူသည်ဖိလိတ္တိ အမျိုးသားခြောက်ရာကိုတုတ်ချွန်တစ်ချောင်း ဖြင့်သတ်၍ ဣသရေလအမျိုးသားတို့အား ကယ်ဆယ်ခဲ့လေသည်။
သူသည်ဧဖရိမ်တောင်ကုန်းဒေသတွင်ရာမ မြို့နှင့် ဗေသလမြို့စပ်ကြားရှိစွန်ပလွံပင် အောက်၌ထိုင်၍နေလေ့ရှိ၏။ ဣသရေလ အမျိုးသားတို့သည်လည်းအဆုံးအဖြတ် ကိုခံယူရန် ထိုအရပ်သို့သွားရောက်လေ့ ရှိကြ၏။-
ထိုအခါထာဝရဘုရားက``သင်၏ကြီးမား သောခွန်အားဖြင့်သွား၍ ဣသရေလအမျိုး သားတို့အား မိဒျန်အမျိုးသားများ၏လက် မှကယ်ဆယ်လော့။ ငါကိုယ်တိုင်ပင်သင့်အား စေလွှတ်တော်မူပြီ'' ဟုမိန့်တော်မူ၏။
ရှေးအခါကဣသရေလနိုင်ငံတွင် ဘုရင် မရှိသေးမီအချိန်၌ငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်သဖြင့် ယုဒပြည်ဗက်လင်မြို့ သားဧလိမလက်သည် မိမိ၏ဇနီးနှင့်သား နှစ်ယောက်တို့ကိုခေါ်၍မောဘပြည်တွင်ခေတ္တ သွားရောက်နေထိုင်လေသည်။ သားနှစ်ယောက် တို့၏နာမည်များမှာမဟာလုန်နှင့်ခိလျှုန် ဖြစ်၏။ သူတို့သည်ဧဖရတ်သားချင်းစု ဝင်များတည်း။ မောဘပြည်တွင်သူတို့နေ ထိုင်လျက်ရှိစဉ်၊-
ထို့ကြောင့်ထာဝရဘုရားသည်ဂိဒေါင်၊ ထို နောက်ဗာရက်၊ ထိုနောက်ယေဖသ၊ နောက်ဆုံး ၌ငါ့အားစေလွှတ်တော်မူ၏။ ငါတို့အသီး သီးသည်သင်တို့အားရန်သူများလက်မှ ကယ်ခဲ့ကြသဖြင့် သင်တို့သည်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြ၏။-
သူသည်ရွပ်ရွပ်ချွံချွံတိုက်ပွဲများဝင်ခဲ့ သည်။ အာမလက်အမျိုးသားတို့ကိုပင် တိုက်ခိုက်နှိမ်နင်းခဲ့လေသည်။ သူသည် ဣသရေလအမျိုးသားတို့အား ရန်သူ အပေါင်းတို့၏ဘေးမှကယ်ဆယ်ခဲ့၏။