ဘုရားသခင်၏လူစုတော်သည်ရုပ်တုများကို ရှိခိုးကြသဖြင့်ပျက်စီးဆုံးရှုံးရ ကြ၏။
သူကြီး 2:12 - Common Language Bible သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်၊ မိမိတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့တော်မူသောဘုရားသခင်ထာဝရဘုရား အား ကိုးကွယ်မှုမပြုကြတော့ဘဲမိမိတို့ ပတ်ဝန်းကျင်မှ လူတို့ကိုးကွယ်သောဘုရား များကိုကိုးကွယ်ကြလေသည်။ သူတို့သည် ထိုဘုရားများရှေ့တွင်ဦးညွှတ်ကြသဖြင့် ထာဝရဘုရားအမျက်တော်ကိုထွက်စေ ကြလေသည်။- Garrad Bible အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ သော ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စွန့် ပယ်၍ ထက် ဝန်း ကျင် ရှိ လူ မျိုး တို့ ဘု ရား များ အ နက် အ ချို့ သော ဘု ရား နောက် သို့ လိုက် လျက် ရှိ ခိုး ကြ သ ဖြင့် ထာ ဝ ရ ဘု ရား အား အ မျက် တော် တိုက် ကြ ၏။ Judson Bible အဲဂုတ္တုပြည်မှ သူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကိုစွန့်၍၊ ပတ်ဝန်းကျင်၌ရှိသော လူမျိုးတို့၏ ဘုရားတစ်ပါးတို့နောက်သို့ လိုက်လျက်ဦးညွှတ်သဖြင့် ထာဝရဘုရား အမျက်တော်ကို ထွက်စေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အီဂျစ်ပြည်မှ မိမိတို့ကိုထုတ်ဆောင်တော်မူခဲ့သည့် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ပြီး မိမိတို့ပတ်လည်ရှိလူမျိုးတို့၏ဘုရားများနောက်သို့လိုက်၍ ထိုဘုရားများကိုရှိခိုးကိုးကွယ်ခြင်းဖြင့် ထာဝရဘုရား၏အမျက်တော်ကိုနှိုးဆော်ကြ၏။ |
ဘုရားသခင်၏လူစုတော်သည်ရုပ်တုများကို ရှိခိုးကြသဖြင့်ပျက်စီးဆုံးရှုံးရ ကြ၏။
သူတို့သည်မိစ္ဆာနတ်ဘုရားတို့ကိုဝတ်ပြု ကိုးကွယ်ရာ ဌာနများထားရှိခြင်းအားဖြင့်ကိုယ်တော်အား အမျက်ထွက်စေကြ၏။ ရုပ်တုများအားဖြင့်ကိုယ်တော်အား ဒေါသထွက်စေကြ၏။
နောင်အခါ၌သင်၏သားက`အဘယ်ကြောင့်ဤ သို့ပြုလုပ်ရပါသနည်း' ဟုမေးလျှင်`ထာဝရ ဘုရားသည်မဟာတန်ခိုးတော်ဖြင့် ငါတို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့တော် မူ၏။-
ထာဝရဘုရားသည်မဟာတန်ခိုးတော် ဖြင့် ငါတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ ခြင်းကြောင့် ဤပွဲတော်သည်သင်၏လက်သို့ မဟုတ်သင်၏နဖူးပေါ်တွင်ချည်ထားသော အမှတ်လက္ခဏာသဖွယ် သင်တို့အားသတိ ရစေလိမ့်မည်' ဟုပြန်ပြောရမည်'' ဟူ၍ ပြောဆိုလေ၏။
ထိုနောက်မောရှေက ဣသရေလအမျိုးသား တို့အား``ထာဝရဘုရားသည်မဟာတန်ခိုး တော်ဖြင့် သင်တို့ကျွန်ခံရာအီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်ခဲ့သောနေ့ရက်ကို သတိရကြလော့။ ဤနေ့ရက်တွင်တဆေး ပါသောမုန့်ကိုမစားရ။-
ထာဝရဘုရားသည်မဟာတန်ခိုးတော်ဖြင့် သင်တို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သောကြောင့် သင်တို့သည်ထာဝရဘုရား၏ ပညတ်တော်ကိုအမြဲရွတ်ဆိုလေ့လာနေစေ ရန် ပွဲတော်သည်သင်တို့၏လက်သို့မဟုတ်သင် တို့၏နဖူးပေါ်တွင်ချည်ထားသောအမှတ်လက္ခ ဏာသဖွယ် သင်တို့အားသတိရစေလိမ့်မည်။-
ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၍ ငါနှင့်ပြိုင်ဘက်ဟူ၍မရှိစေရ။ ထို့ကြောင့် ရုပ်တုကိုဦးမချ၊ ဝတ်မပြုရ။ ငါ့ကိုမုန်းသော သူကို သားသမီး၊ မြေး၊ မြစ်တိုင်အောင်ဒဏ်ခတ် မည်။-
ထိုအခါသူတို့အားထာဝရဘုရားက`သင် တို့ဘိုးဘေးများသည် ငါ့ကိုစွန့်ပစ်၍အခြား ဘုရားများကိုဝတ်ပြုကိုးကွယ်ကြ၏။ သူ တို့သည်ငါ့ကိုစွန့်ပစ်ကာငါ၏သြဝါဒ များကိုမလိုက်နာကြ။-
သင်တို့အားကျွန်ခံရာအီဂျစ်ပြည်မှကယ် တင်တော်မူခဲ့သော ထာဝရဘုရားကိုပုန် ကန်ရန်တိုက်တွန်းသောပရောဖက် သို့မဟုတ် အိပ်မက်ဖတ်တတ်သူကိုသေဒဏ်စီရင်ရမည်။ ထိုသူသည်သင်တို့အား ထာဝရဘုရားမိန့် မှာတော်မူသောအသက်ရှင်ရာလမ်းမှ သွေ ဖည်သွားစေရန်သွေးဆောင်သူဖြစ်သည်။ ယင်းဒုစရိုက်ကို သင်တို့မှဖယ်ရှားပစ်ရန် ထိုသူကိုသေဒဏ်စီရင်ရမည်။''
ဤနေရာ၌ယနေ့ရပ်နေကြသောသူတို့ တွင်မည်သည့်ယောကျာ်းသို့မဟုတ်မိန်းမ သော်လည်းကောင်း၊ မိသားစုသို့မဟုတ် အနွယ်သော်လည်းကောင်းငါတို့၏ဘုရားသခင်ထာဝရဘုရားကိုစွန့်၍ လူမျိုး ခြားတို့၏ဘုရားများကိုမကိုးကွယ် မိစေရန်သတိပြုကြလော့။ ထိုသို့ပြု မိလျှင် ခါး၍အဆိပ်ရှိသောအပင်ကို ဖြစ်ပွားစေသည့်အမြစ်သဖွယ်ဖြစ် လိမ့်မည်။-
အဖြေသည်ကား`ထာဝရဘုရားသည် သူ တို့၏ဘိုးဘေးတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သောအခါ၌ သူတို့ဘိုးဘေး တို့နှင့်ပြုသောပဋိညာဉ်ကိုသူတို့ချိုး ဖောက်သောကြောင့်ဖြစ်၏။-
``ထာဝရဘုရား၏လူမျိုးတော်သည် ကြွယ်ဝချမ်းသာသဖြင့် ဘုရားကိုပုန်ကန်ကြ၏။ သူတို့သည်ဝဖြိုးလာကြ၏။ အစားအစာဝစွာစားရကြ၏။ သူတို့အားဖန်ဆင်းသောဘုရားသခင်ကို စွန့်၍ တန်ခိုးကြီးသောကယ်တင်ရှင်အားပစ်ပယ် ကြ၏။
ယောသပ်သည်နွားလားဥသဖကဲ့သို့လည်း ကောင်း၊ နွားရိုင်းဦးချိုကဲ့သို့လည်းကောင်းခွန်အား ကြီး၏။ သူ၏ဦးချိုများသည်ကားမနာရှေအနွယ်ဝင်နှင့် ဧဖရိမ်အနွယ်ဝင်ထောင်သောင်းများစွာတို့ ဖြစ်သတည်း။ သူသည်ထိုဦးချိုများဖြင့်လူအမျိုးမျိုးတို့ကို မြေကြီးအစွန်းသို့တိုင်အောင်ခတ်ထုတ်လိမ့်မည်။''
``သင်တို့သည်ထိုပြည်တွင်ကြာမြင့်စွာနေထိုင်၍ သားမြေးများရသည်အထိပင်လျှင် ထာဝရ ဘုရားကိုမပြစ်မှားမိစေရန်ရုပ်တုကိုထု လုပ်၍မကိုးကွယ်နှင့်။ ရုပ်တုထုလုပ်ကိုးကွယ် ခြင်းသည်မှားယွင်းမှုဖြစ်သောကြောင့် ထာဝရ ဘုရားအားအမျက်ထွက်စေတော်မူလိမ့်မည်။-
ထိုရုပ်တုများကိုဦးမချ၊ ဝတ်မပြုနှင့်။ အဘယ်ကြောင့်ဆိုသော်ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၍ ပြိုင် ဘက်ကိုလုံးဝလက်ခံတော်မမူ။ ငါ့ကို မုန်းသောသူတို့အားငါဒဏ်ခတ်မည်။ ထို မျှမကသူတို့၏တတိယမျိုးဆက်၊ စတုတ္ထမျိုးဆက်တိုင်အောင်ငါဒဏ်ခတ် မည်။-
ကျွန်ခံရာအီဂျစ်ပြည်မှသင်တို့ကိုထုတ် ဆောင်တော်မူခဲ့သော ထာဝရဘုရားကို မမေ့လျော့ရန်သတိပြုကြလော့။-
ထာဝရဘုရားကဤသို့ပြန်၍မိန့်ကြား တော်မူ၏။ ``အတိတ်ကာလကအီဂျစ်အမျိုး သား၊ အာမောရိအမျိုးသား၊ အမ္မုန်အမျိုးသား၊ ဖိလိတ္တိအမျိုးသား၊-
ထိုနောက်ဣသရေလအမျိုးသားတို့သည် ဘုရားသစ်များကိုရွေးယူကြသောအခါ၊ တိုင်းပြည်တွင်စစ်ဖြစ်လေ၏။ ဣသရေလနိုင်ငံတွင်လူပေါင်းလေးသောင်း ရှိသည့် အနက်ဒိုင်းလွှားတစ်ခုသို့မဟုတ်၊ လှံတစ်ချောင်းကိုကိုင်ဆောင်သူရှိပါ၏လော။
ဂိဒေါင်ကွယ်လွန်ပြီးနောက်ဣသရေလအမျိုး သားတို့သည် ဘုရားသခင်အားတစ်ဖန်သစ္စာ ဖောက်ကြပြန်၏။ ဗာလဘုရားများကိုဝတ် ပြုကိုးကွယ်ကြပြန်၏။ သူတို့ကပဋိညာဉ် ပြုထားသည့်ဗာလဘုရားကို မိမိတို့၏ ဘုရားအဖြစ်ချီးမြှောက်ကာ၊-