သို့ရာတွင်သူသည်ဒိန၏ရုပ်ရည်ကိုစွဲမက် သဖြင့် မေတ္တာသက်ဝင်လာသောကြောင့်သူ့အား မေတ္တာတုံ့ပြန်ရန်ဖျောင်းဖျလေသည်။-
သူကြီး 19:3 - Common Language Bible ထိုအခါလင်ဖြစ်သူသည်သူ့အားချော့မော့၍ မိမိထံပြန်လာရန်ကြိုးစားမည်ဟုဆုံးဖြတ် ကာ မိမိနှင့်အတူမြည်းနှစ်ကောင်နှင့်အစေခံ ကိုပါခေါ်၍သွား၏။ သူငယ်မသည်လေဝိ အမျိုးသားအားအိမ်ထဲသို့ဝင်ရန်ဖိတ်ခေါ် လိုက်ရာဖခင်ဖြစ်သူသည် သူ့ကိုမြင်လျှင် ဝမ်းမြောက်စွာကြိုဆိုလက်ခံလေသည်။- Garrad Bible လင် ထ၍ ငယ် သား တစ် ယောက် နှင့် မြည်း နှစ် စီး ပါ ဖျောင်း ဖျ ပြော ဆို ပြန် သိမ်း ရန် လိုက် သွား ရောက် ရှိ သော်၊ အ ဖ အိမ် သို့ မ ယား ခေါ် သွင်း သ ဖြင့် အ ဖ မြင် လျှင် မြင် ချင်း ဝမ်း မြောက် စွာ လက် ခံ လေ ၏။ Judson Bible လင်သည် သူ့ကိုချော့မော့၍ ဆောင်ခဲ့ခြင်းငှာ ငယ်သားတစ်ယောက်နှင့် မြည်းနှစ်စီးပါလျက် ထသွား၍ ရောက်သောအခါ၊ မယားငယ်သည် မိမိအဘအိမ်ထဲသို့ ခေါ်သွင်း၍၊ အဘသည် သမက်ကိုတွေ့မြင်လျှင် ဝမ်းမြောက်သောစိတ်ရှိ၍ သိမ်းဆည်းလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သူ့ခင်ပွန်းကလည်း သူ့ကိုချော့မော့ပြီး ပြန်ခေါ်လာရန် မိမိငယ်သားနှင့်အတူ မြည်းနှစ်ကောင်နှင့် ခရီးထွက်လာခဲ့၏။ မယားငယ်သည် ခင်ပွန်းသည်ကို ဖခင်အိမ်သို့ခေါ်သွား၍ ဖခင်ကမြင်သောအခါ ဝမ်းသာအားရကြိုဆို၏။ |
သို့ရာတွင်သူသည်ဒိန၏ရုပ်ရည်ကိုစွဲမက် သဖြင့် မေတ္တာသက်ဝင်လာသောကြောင့်သူ့အား မေတ္တာတုံ့ပြန်ရန်ဖျောင်းဖျလေသည်။-
မစိုးရိမ်ကြပါနှင့်။ ကျွန်ုပ်သည်သင်တို့နှင့် သင်တို့၏သားသမီးများအားကြည့်ရှုစောင့် ရှောက်ထားပါမည်'' ဟုဆိုလေ၏။ ဤနည်းအား ဖြင့်ယောသပ်သည်ညီအစ်ကိုတို့အားနှစ်သိမ့် စကားပြော၍စိတ်ချမ်းသာရာရစေလေ၏။
ထာဝရဘုရားက``အကယ်၍တစ်စုံတစ် ယောက်သည် မိမိ၏ဇနီးကိုကွာရှင်းလိုက် သောအခါ ထိုအမျိုးသမီးသည်သူ၏ထံ မှထွက်ခွာ၍အခြားအမျိုးသားတစ်ဦး နှင့်အိမ်ထောင်ပြု၏။ ထိုအခါပထမခင်ပွန်း သည်မိမိ၏ဇနီးဟောင်းကိုတစ်ဖန်ပြန်၍ မသိမ်းမယူအပ်။ ပြန်၍သိမ်းယူခဲ့သော်ထို တိုင်းပြည်သည်လုံးဝညစ်ညမ်း၍သွားပေ မည်။ သို့ရာတွင်အချင်းဣသရေလ၊ သင်သည် ချစ်သူအမြောက်အမြားထားပြီးမှ ယခု ငါ့ထံသို့ပြန်၍လာလိုသည်တကား။-
သို့ဖြစ်၍ငါသည်သူ့ကိုတောကန္တာရသို့တစ် ဖန်ခေါ်ဆောင်၍ ထိုနေရာ၌ငါ့ထံသို့ပြန် လာရန်မေတ္တာစကားဖြင့်ဆွဲဆောင်မည်။-
ထိုအခါသူသည်ငါ့အားဗာလဟုမခေါ် တော့ဘဲခင်ပွန်းဟုတစ်ဖန်ခေါ်လိမ့်မည်။-
``သူတစ်ပါးအားရန်ငြိုးမထားနှင့်။ သူ့ ကြောင့်သင်သည်အပြစ်မကူးလွန်မိစေ ရန် သူနှင့်သဘောကွဲလွဲချက်များကိုတွေ့ ဆုံဖြေရှင်းလော့။-
တစ်စုံတစ်ယောက်သည် ဣသရေလအမျိုးသားချင်း၏မယားနှင့်ဖောက်ပြန်လျှင် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။-
ထိုသို့ဗာလမ်လိုက်သွားသဖြင့်ဘုရားသခင်သည် အမျက်တော်ထွက်လေ၏။ ဗာလမ် သည်အစေခံနှစ်ယောက်လိုက်ပါလျက်မြည်း ကိုစီး၍သွားနေစဉ် ထာဝရဘုရား၏ ကောင်းကင်တမန်သည်သူသွားရာလမ်း ပေါ်တွင်ရပ်၍တားဆီးနေ၏။-
ယောသပ်သည်စိတ်သဘောထားမြင့်မြတ်သူဖြစ် သည်အလျောက်မာရိအားအသရေမပျက်စေ လိုသဖြင့် သူနှင့်စေ့စပ်ကြောင်းလမ်းထားမှုကို တိတ်တဆိတ်ဖျက်သိမ်းရန်အကြံရှိ၏။-
ထိုအခါအမျိုးသမီးက ``အရှင်၊ တစ်ယောက် မျှမရှိတော့ပါ'' ဟုပြန်လည်၍လျှောက်ထား ၏။ သခင်ယေရှုက ``ငါသည်လည်းသင့်အားအပြစ် ဒဏ်မစီရင်ပြီ။ သွားလော့။ နောက်တစ်ဖန်အပြစ် မပြုနှင့်'' ဟုမိန့်တော်မူ၏။]
ညီအစ်ကိုတို့လူတစ်ဦးတစ်ယောက်သည်မကောင်း မှုတစ်စုံတစ်ရာပြုသည်ကို သင်တို့တွေ့ရှိလျှင် ဝိညာဉ်ပါရမီရှိသောသင်တို့က နူးညံ့သိမ်မွေ့ စွာထိုသူကိုပြုပြင်ပေးရမည်။ သင်တို့သည် မိမိတို့ကိုယ်တိုင်လည်း စုံစမ်းသွေးဆောင်ရာ သို့မလိုက်မပါစေရန်သတိပြုကြလော့။-
ကာလအနည်းငယ်ကြာ၍ဂျုံစပါးများ ရိတ်သိမ်းချိန်ရောက်သောအခါ ရှံဆုန်သည် ဆိတ်ငယ်တစ်ကောင်ကိုယူ၍မိမိဇနီးထံသို့ အလည်သွားလေသည်။ သူသည်သူငယ်မ၏ ဖခင်အား``အကျွန်ုပ်သည်ဇနီး၏အိပ်ခန်းသို့ ဝင်လိုပါသည်'' ဟုပြော၏။ သို့ရာတွင်ဖခင်ဖြစ်သူကဝင်ခွင့်မပေးချေ။-
သို့ရာတွင်ထိုသူငယ်မသည်ခင်ပွန်းနှင့် စိတ်ဆိုးသဖြင့် ဗက်လင်မြို့ရှိသူ့ဖခင်၏ အိမ်သို့ပြန်ပြီးလျှင်ထိုအိမ်တွင်လေးလ မျှနေလေသည်။-
အရုဏ်တက်ချိန်၌အမျိုးသမီးသည်လာ၍ မိမိ၏ခင်ပွန်းရှိရာအဖိုးအို၏အိမ်တံခါးဝ ၌လဲကျသွားတော့၏။ သူသည်မိုးလင်းချိန်၌ လည်းထိုနေရာတွင်ပင်ရှိနေသေး၏။-
သူ့အားလည်းဆက်လက်နေထိုင်ရန်တိုက် တွန်း၏။ ထို့ကြောင့်သူသည်ယောက္ခမအိမ်တွင် သုံးရက်မျှနေထိုင်လေသည်။ သမက်သည် ထိုအိမ်၌စားသောက်တည်းခိုပြီးနောက်၊-