ကျွန်တော်မျိုးအားအပြစ်ကူးသူများနှင့်တကွ ဖျက်ဆီးပစ်တော်မမူပါနှင့်။ သူသတ်သမားတို့၏ကံကြမ္မာကို ခံစေတော်မမူပါနှင့်။
သူကြီး 19:18 - Common Language Bible လေဝိအမျိုးသားကလည်း``ကျွန်ုပ်တို့သည် ယုဒပြည်ဗက်လင်မြို့သို့သွားရောက်ခဲ့ပြီး နောက် ကျွန်ုပ်တို့၏နေအိမ်ရှိရာဧဖရိမ် တောင်ကုန်းဒေသအစွန်းအဖျားသို့ပြန် ရန်ခရီးသွားနေကြပါ၏။ ကျွန်ုပ်တို့အား ဤညအတွက်တည်းခိုရန်ဖိတ်ခေါ်သူ မရှိပါ။- Garrad Bible ယု ဒ နယ်၊ ဗက် လင် မြို့ မှ ဧ ဖ ရိမ် ခင် တန်း အ စွန်း အ ဖျား အ ရောက် ခ ရီး လာ ခဲ့ ပါ သည်။ ကျွန် တော် သည် ထို ခင် တန်း သား ဖြစ် ပါ၍ ယု ဒ နယ် ဗက် လင် မြို့ သို့ အ လည် သွား ရာ မှ အိမ် သို့ ယ ခု ပြန် လာ သော် မြည်း အ ဖို့ ကောက် ရိုး နှင့် အ ခြား အ စာ များ ပါ ရှိ သည့် ပြင် ကျွန် တော် မှ စ၍ အ ရှင့် ကျွန် မ နှင့် လိုက် ခဲ့ သူ ငယ် သား အ ဖို့ စား သောက် ရန် ပါ ရှိ သည် ဖြစ်၍ လို လေ သေး သည် မ ရှိ ပါ သော် လည်း၊ တည်း ခို ရန် ခေါ် ဖိတ် သူ မ ရှိ ချေ ဟု ဆို လျှင်၊ Judson Bible ကျွန်ုပ်တို့သည် ယုဒခရိုင်ဗက်လင်မြို့မှ ဧဖရိမ်တောင်ခါးပန်းသို့ သွား၏။ ကျွန်ုပ်သည် ဧဖရိမ်တောင်သား ဖြစ်၏။ ဗက်လင်မြို့သို့ ခဏသွားပြီးမှ ယခု ထာဝရဘုရား၏အိမ်တော်သို့သွား၏။ အဘယ်သူမျှ ဧည့်မခံသေး။ မြန်မာ့စံမီသမ္မာကျမ်း လေဝိသားကလည်း “အကျွန်ုပ်သည် ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျား၌ နေထိုင်သူဖြစ်ပါသည်။ အကျွန်ုပ်တို့သည် ယုဒပြည်၊ ဗက်လင်မြို့သို့သွားပြီး ယခုမှာ ယုဒပြည်ဗက်လင်မြို့မှပြန်လာ၍ ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျားရှိ ထာဝရဘုရား၏အိမ်တော်သို့ သွားမည်ဖြစ်ပါ၏။ အကျွန်ုပ်တို့ကို မည်သူမျှ အိမ်သို့ မဖိတ်ခေါ်ကြပါ။ |
ကျွန်တော်မျိုးအားအပြစ်ကူးသူများနှင့်တကွ ဖျက်ဆီးပစ်တော်မမူပါနှင့်။ သူသတ်သမားတို့၏ကံကြမ္မာကို ခံစေတော်မမူပါနှင့်။
ငါ၌မတည်နေသောသူသည်အပြင်သို့ပစ် ထုတ်ခြင်းကိုခံရ၍ ခြောက်သွေ့သွားသည့် အကိုင်းအခက်ကဲ့သို့ဖြစ်လိမ့်မည်။ လူတို့ သည်ထိုသို့သောအကိုင်းအခက်များကို စုသိမ်း၍မီးရှို့တတ်ကြ၏။-
တစ်ပြည်လုံးကိုတိုက်ခိုက်အောင်မြင်ပြီး သည်နောက်ဣသရေလအမျိုးသားတို့သည် ရှိလောမြို့သို့စုဝေးရောက်ရှိလာပြီးလျှင် ထာဝရဘုရားကိန်းဝပ်တော်မူရာတဲ တော်ကိုတည်ဆောက်ကြ၏။-
ထိုကာလ၌ယုဒပြည်ဗက်လင်မြို့တွင် နေထိုင် သောလေဝိအမျိုးသားလူငယ်တစ်ယောက်သည်၊-
ရှိလောမြို့၌ဘုရားသခင်အားဝတ်ပြုကိုး ကွယ်ရာတဲတော်ရှိနေသမျှကာလပတ် လုံး မိက္ခာပြုလုပ်သည့်ရုပ်တုသည်လည်းထို အရပ်၌တည်ရှိနေသတည်း။
အဖိုးအိုသည်မြို့တံခါးအနီးကွက်လပ် ရှိခရီးသည်ကိုမြင်သောအခါ``သင်အဘယ် မှလာသနည်း။ အဘယ်အရပ်သို့သွားမည် နည်း'' ဟုမေး၏။
ကျွန်ုပ်တို့တွင်မိမိတို့မြည်းများအတွက် ကောက်ရိုး၊ ကျွန်ုပ်နှင့်ကျွန်ုပ်၏မယားနှင့် အစေခံအတွက် အစားအစာနှင့်စပျစ် ရည်ရှိပါ၏။ အကျွန်ုပ်တို့မှာတစ်စုံတစ်ခု မျှမလိုပါ'' ဟုပြန်ပြောလေသည်။
စတုတ္ထနေ့နံနက်၌စောစောထ၍ခရီးထွက် ရန်ပြင်ဆင်သောအခါ ယောက္ခမက``စားစရာ ကိုဦးစွာသုံးဆောင်၍အားဖြည့်ပြီးမှခရီး ထွက်ပါ'' ဟုပြော၏။
ဣသရေလအမျိုးသားတို့သည်ဗေသလ မြို့ရှိဝတ်ပြုကိုးကွယ်ရာဌာနတော်သို့သွား ၍``ဗင်္ယာမိန်အမျိုးသားတို့အားမည်သည့် အနွယ်ဝင်များကဦးစွာပထမတိုက်ခိုက် ရပါမည်နည်း'' ဟုဘုရားသခင်အားလျှောက် ထားမေးမြန်းကြ၏။ ထာဝရဘုရားက``ယုဒအနွယ်ဝင်များ'' ဟူ၍ဖြေကြားတော်မူ၏။
ဧလကာနသည်အနန္တတန်ခိုးရှင်ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ရန် ရာမမြို့မှ ရှိလောမြို့သို့နှစ်စဉ်နှစ်တိုင်းသွားရောက်၏။ ထိုမြို့တွင်ဧလိ၏သားများဖြစ်ကြသော ဟောဖနိနှင့်ဖိနဟတ်တို့သည် ထာဝရ ဘုရား၏ယဇ်ပုရောဟိတ်များအဖြစ်ဖြင့် ဆောင်ရွက်လျက်ရှိကြ၏။-
ဤအတိုင်းတစ်နှစ်ပြီးတစ်နှစ်လွန်ခဲ့၏။ သူတို့ သည်ထာဝရဘုရား၏အိမ်တော်သို့သွားရောက် သည့်အခါတိုင်း ပေနိန္နသည်ဟန္နအားစိတ်ဒုက္ခ ရောက်စေသဖြင့် ဟန္နသည်အဘယ်အစားအစာ ကိုမျှမစားဘဲငို၍သာနေတတ်၏။-