သင်သည်မြေမှဖြစ်လာ၍မြေသို့ပြန်သွား ရသည်တိုင်အောင် မြေမှသီးနှံထွက်စေရန်ချွေး ထွက်လျက်ပင်ပန်းစွာလုပ်ကိုင်ရမည်။ သင်သည် မြေမှဖြစ်လာ၍ မြေသို့ပြန်သွားရမည်'' ဟု မိန့်တော်မူ၏။
သူကြီး 19:16 - Common Language Bible ယင်းသို့သူတို့ထိုင်နေကြစဉ်အဖိုးအို တစ်ယောက်သည် ညဥ့်ဦးယံ၌လယ်လုပ်ရာမှ ပြန်လာလေသည်။ သူသည်ယခုအခါ၌ ဂိဗာမြို့တွင်နေထိုင်လျက်ရှိသော်လည်း အစကမူဧဖရိမ်တောင်ကုန်းဒေသ တွင်နေထိုင်ခဲ့သူဖြစ်၏။ (ထိုမြို့ရှိအခြား သူတို့မှာဗင်္ယာမိန်အနွယ်ဝင်များဖြစ် သတည်း။-) Garrad Bible ဗင်္ယာ မိန့် အ နွယ် သား တို့ နေ ရာ ထို ဂိ ဗာ မြို့ တွင် ခို ကပ် နေ ထိုင် သူ၊ ဧ ဖ ရိမ် ခင် တန်း သား၊ လူ အို တစ် ယောက် သည် ညဉ့် ချမ်း အ ချိန် လယ် ယာ မှ ပြန် လာ စဉ် Judson Bible ဂိဗာမြို့သားတို့သည် ဗင်္ယာမိန်အမျိုးသား ဖြစ်ကြ၏။ သို့ရာတွင် တည်းခိုသော ဧဖရိမ်တောင်သား လူအိုတစ်ယောက်ရှိသည်ဖြစ်၍၊ ထိုသူသည် ညဉ့်ဦးယံ၌ လယ်လုပ်ရာမှလာစဉ်၊ မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ နေဝင်ချိန်တွင် အဖိုးအိုတစ်ဦးသည် လယ်လုပ်ရာမှပြန်လာ၏။ သူသည် ဧဖရိမ်တောင်ပေါ်သားဖြစ်၍ ဂိဗာမြို့တွင် တည်းခိုနေထိုင်ခြင်းဖြစ်၏။ ဂိဗာမြို့သားတို့မှာ ဗင်္ယာမိန်အမျိုးသားများ ဖြစ်ကြ၏။ |
သင်သည်မြေမှဖြစ်လာ၍မြေသို့ပြန်သွား ရသည်တိုင်အောင် မြေမှသီးနှံထွက်စေရန်ချွေး ထွက်လျက်ပင်ပန်းစွာလုပ်ကိုင်ရမည်။ သင်သည် မြေမှဖြစ်လာ၍ မြေသို့ပြန်သွားရမည်'' ဟု မိန့်တော်မူ၏။
ထိုအခါလူတို့သည်မိမိတို့အလုပ်များကို လုပ်ကိုင်ရန်ထွက်လာကာညနေချမ်းတိုင်အောင် အလုပ်လုပ်ကြပါ၏။
သင်သည်မိမိလက်ဖြင့်လုပ်ဆောင်၍စားဝတ် နေရေး ဖူလုံအောင်ရရှိလိမ့်မည်။ သင်သည်ရွှင်လန်း၍ကောင်းစားလိမ့်မည်။
လျှပ်ပေါ်ခြင်းအားဖြင့် ဥစ္စာသည်လျော့တတ် ၏။ ကြိုးစားအား ထုတ်၍ဆည်းဖူးသော သူ၏ဥစ္စာမူကား၊ ပြန့်ပွားတတ်၏။
ကြိုးစား၍ လုပ်လေရာရာ၌ကျေးဇူးရှိ၏။ စကား များခြင်းအကျိုးမူကား၊ ဆင်းရဲခြင်းသက်သက်တည်း။
ပြင်အရပ်မှာ သင်၏အလုပ်ကိုပြင်လော့။ လယ်တော၌ ကိုယ်အဘို့ ပြင်ဆင်လော့။ နောက်မှ သင်၏ နေရာအိမ်ကို ဆောက်လော့။
မိုဃ်းကောင်းကင်အောက်၌ ပြုသမျှတို့ကို ဥာဏ်ပညာ အားဖြင့်၊ ရှာဖွေစစ်ဆေးခြင်းငှါ နှလုံးထား၏။ လူသား တို့ ကျင်လည်ရာဘို့ ထိုပင်ပန်းစေသောအမှုကို ဘုရား သခင်ပေးတော်မူပြီ။
အလုပ်လုပ်သောသူသည် များစွာစားသည် ဖြစ်စေ၊ အနည်းငယ်စားသည်ဖြစ်စေ၊ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏ စည်းစိမ်မူကား၊ စည်းစိမ်ရှင်ကို အအိပ် ပျက်စေတတ်၏။
သူတို့သည်ဂိဗာမြို့မှာကဲ့သို့အလွန် ဆိုးရွားသောအပြစ်ကိုကူးလွန်လျက် ရှိကြ၏။ ဘုရားသခင်သည်သူတို့၏ ဒုစရိုက်ကိုအောက်မေ့သတိရတော်မူ ၍အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။
ခိုးဝှက်ဖူးသူသည်နောက်တစ်ဖန်မခိုးဝှက်တော့ဘဲ ချို့တဲ့သူများအားဝေမျှပေးကမ်းနိုင်ရန် မိမိ လက်ဖြင့်အလုပ်ကိုရိုးဖြောင့်စွာကြိုးစားလုပ် ကိုင်စေ။-
သင်တို့နှင့်အတူရှိခဲ့စဉ်အခါကငါတို့ သည်သင်တို့အား``အလုပ်မလုပ်လိုသူသည် အစားအစာလည်းမစားရ'' ဟူ၍သွန်သင် လေ့ရှိ၏။
ဣသရေလလူမျိုးတွင်ရှင်ဘုရင်မပေါ်မရှိ သေးမီကာလ၌ ဧဖရိမ်တောင်ကုန်းဒေသ အစွန်အဖျားတွင်နေထိုင်သောလေဝိအမျိုး သားတစ်ယောက်သည် ယုဒပြည်ဗက်လင်မြို့ သူတစ်ယောက်ကိုအပျော်မယားအဖြစ် သိမ်းယူ၏။-
သို့ဖြစ်၍သူတို့သည်ယေဗုတ်မြို့ကိုကျော် ဖြတ်၍ဆက်လက်ခရီးပြုရာ ဗင်္ယာမိန်အနွယ် ဝင်တို့၏နယ်မြေရှိဂိဗာမြို့သို့ရောက်ကြ၏။ ထိုအခါ၌နေဝင်လျက်နေလေပြီ။-
ထို့ကြောင့်သူတို့သည်ထိုမြို့တွင်အိပ်စက် နားနေရန်မြို့ထဲသို့ဝင်ပြီးလျှင် မြို့တံခါး အနီးရှိကွက်လပ်၌ထိုင်နေကြ၏။ သို့သော် လည်းမည်သူမျှမိမိအိမ်တွင်တည်းခိုရန် သူတို့အားခေါ်ဖိတ်ခြင်းမပြုကြချေ။
အဖိုးအိုသည်မြို့တံခါးအနီးကွက်လပ် ရှိခရီးသည်ကိုမြင်သောအခါ``သင်အဘယ် မှလာသနည်း။ အဘယ်အရပ်သို့သွားမည် နည်း'' ဟုမေး၏။