အခြားပရောဖက်အပေါင်းတို့ကလည်း ဤ အတိုင်းပင်မင်းကြီးအားလျှောက်ထားကြ၏။ သူတို့က``ရာမုတ်မြို့သို့ချီတက်တော်မူပါ။ အရှင့်အားအောင်ပွဲခံစေတော်မူပါလိမ့် မည်'' ဟုဟောကြ၏။
သူကြီး 18:6 - Common Language Bible ယဇ်ပုရောဟိတ်က``မည်သို့မျှသင်တို့စိုးရိမ် ရန်မလိုပါ။ ဘုရားသခင်သည်ဤခရီးတွင် သင်တို့အားစောင့်ရှောက်တော်မူလျက်ရှိပါ သည်'' ဟုပြန်ပြော၏။ Garrad Bible ပ ရော ဟိတ် က၊ အ ကြည် အ သာ သွား ကြ လော့။ သင် တို့ ခ ရီး မှု သည် ထာ ဝ ရ ဘု ရား မျက် မှောက် တွင် တည် သည် ဟု ပြန် ဆို လေ ၏။ Judson Bible ယဇ်ပုရောဟိတ်က ငြိမ်ဝပ်စွာသွားကြလော့။ သင်တို့သွားရာလမ်းကို ထာဝရဘုရား ကြည့်ရှုတော်မူသည်ဟု ပြန်ပြော၏။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်က သူတို့အား “အေးအေးချမ်းချမ်းသွားပါ။ သင်တို့ခရီးစဉ်တွင် ထာဝရဘုရားပါရှိတော်မူပါ၏”ဟု ပြန်ပြော၏။ |
အခြားပရောဖက်အပေါင်းတို့ကလည်း ဤ အတိုင်းပင်မင်းကြီးအားလျှောက်ထားကြ၏။ သူတို့က``ရာမုတ်မြို့သို့ချီတက်တော်မူပါ။ အရှင့်အားအောင်ပွဲခံစေတော်မူပါလိမ့် မည်'' ဟုဟောကြ၏။
သူသည်မင်းကြီး၏ရှေ့တော်သို့ ရောက်သောအခါ မင်းကြီးက``အချင်းမိက္ခာ၊ ယောရှဖတ်မင်းနှင့် ငါသည်ရာမုတ်မြို့သို့ချီတက်တိုက်ခိုက်ရန်သင့် မသင့်ဖြေကြားပါလော့'' ဟုမိန့်တော်မူ၏။ မိက္ခာက``ချီတက်တိုက်ခိုက်တော်မူပါ။ အရှင် မင်းကြီးသည်အောင်မြင်တော်မူပါလိမ့်မည်။ ထာဝရဘုရားသည်အရှင့်အားအောင်ပွဲခံ စေတော်မူပါလိမ့်မည်'' ဟုပြန်လည်လျှောက် ထား၏။
သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုချီတက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားလော့'' ဟုမေးတော်မူ၏။ ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ထာဝရ ဘုရားသည်အရှင့်အားအောင်ပွဲခံစေတော်မူ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
ဘုရားသခင်သည်မိမိအားကြောက်ရွံ့ ရိုသေသော၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသောသူ များအား ကြည့်ရှုစောင့်ထိန်းတော်မူ၏။
မောရှေသည်သူ၏ယောက္ခမယေသရောထံသို့ ပြန်လာ၍``အီဂျစ်ပြည်၌ရှိသောကျွန်တော် ၏ဆွေမျိုးများအသက်ရှင်လျက်ရှိသေး သလောဟုစုံစမ်းရန် ထိုပြည်သို့ပြန်ခွင့်ပေး ပါ'' ဟုအခွင့်တောင်းလေ၏။ ယေသရောက မောရှေအားကြည်ဖြူစွာသွားခွင့်ပြုလေ၏။
ငါထာဝရဘုရားမိန့်တော်မူသည့်စကား ကိုနားထောင်ကြလော့။ မုသားအပြည့်ပါသည့် မိမိတို့၏အိပ်မက်များအကြောင်းကိုဟော ပြောကြသောပရောဖက်တို့ကိုငါဆန့်ကျင် ဘက်ပြုမည်။ သူတို့သည်ထိုအိပ်မက်များကို လိမ်လည်ကြွားဝါဟောပြောခြင်းအားဖြင့် ငါ ၏လူမျိုးတော်အားလမ်းလွဲစေကြ၏။ ငါ သည်သူတို့အားမစေလွှတ်ခဲ့။ သွားရန်လည်း အမိန့်မပေးခဲ့။ သို့ဖြစ်၍သူတို့သည်လူတို့ အတွက်အဘယ်သို့မျှအကျိုးမပြုကြ။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
သင်တို့ဘုရားသခင်ထာဝရဘုရားသည် တစ်နှစ်ပတ်လုံးကြည့်ရှုစောင့်ရှောက်တော်မူ သောပြည်ဖြစ်သည်။''
ငါတို့၏အဖဘုရားသခင်နှင့်ငါတို့၏ အရှင်သခင်ယေရှုသည် သင်တို့ထံသို့ငါ တို့လာရောက်နိုင်ကြစေရန်လမ်းဖွင့်ပေး တော်မူပါစေသော။-
ထိုအခါသူတို့က``ငါတို့သည်ဤခရီးတွင် အောင်မြင်မှုရှိမည်မရှိမည်ကို ဘုရားသခင် အားကျေးဇူးပြု၍လျှောက်ထားမေးမြန်း ပေးပါ'' ဟုဆိုကြ၏။
ထို့ကြောင့်ထိုလူငါးယောက်တို့သည်လဲရှ မြို့သို့ထွက်သွားကြ၏။ ထိုမြို့သားတို့သည် ဇိဒုန်မြို့သားများကဲ့သို့ အေးဆေးငြိမ်းချမ်း စွာနေထိုင်ကြသူများဖြစ်ကြောင်း၊ မည်သူ နှင့်မျှအငြင်းမပွားတတ်ကြောင်း၊ သူတို့ လိုအပ်သမျှတို့ကိုလည်းရရှိကြကြောင်း၊ သူတို့သည်ဇိဒုန်မြို့သားတို့နှင့်အလွန် အလှမ်းကွာရာတွင်နေထိုင်ကြလျက် အခြားအဘယ်လူမျိုးနှင့်မျှလည်း အဆက်အသွယ်မရှိကြကြောင်းကို စူးစမ်းသိရှိကြလေသည်။-
ဧလိက``စိတ်ချမ်းသာစွာသွားပါလော့။ ဣသရေလ အမျိုးသားတို့ကိုးကွယ်သောထာဝရဘုရားသည် သင်တောင်းလျှောက်သည်အတိုင်းပေးသနားတော် မူပါစေသော'' ဟုဆို၏။