သူသည်သူတို့အကြောင်းနှင့်ပတ်သက်သော အိပ်မက်ကိုသတိရ၍``သင်တို့သည်သူလျှိုများ ဖြစ်၏။ ဤတိုင်းပြည်၏အားနည်းချက်ကိုထောက် လှမ်းရန်လာကြသူများဖြစ်သည်'' ဟုစွပ်စွဲ လိုက်လေ၏။
သူကြီး 18:2 - Common Language Bible ဒန်အမျိုးသားတို့သည်နယ်မြေကိုစူးစမ်း ရှာဖွေရန် မိမိတို့အနွယ်ဝင်အိမ်ထောင်စု အပေါင်းမှ အရည်အချင်းရှိသူလူငါး ယောက်ကိုရွေးချယ်၍ဇောရာမြို့နှင့်ဧရှ တောလမြို့တို့မှစေလွှတ်လိုက်ကြ၏။ ထို သူတို့သည်တောင်ကုန်းဒေသဖြစ်သော ဧဖရိမ်ပြည်သို့ရောက်လာသောအခါ မိက္ခာ၏အိမ်တွင်တည်းခိုကြ၏။- Garrad Bible ဆွေ မျိုး သား ချင်း တို့ အ နက် သူ ရဲ ကောင်း ငါး ယောက် တို့ အား ပြည် ကို အ စစ် အ ဆေး သွား ကြ လော့ ဟု ပြော ဆို လျက် တစ် ပြည် လုံး ကို စူး စမ်း စစ် ဆေး ရန် ဇော ရာ မြို့၊ ဧ ရှ တော လ မြို့ များ မှ စေ လွှတ် လိုက် သည့် အ တိုင်း ဧ ဖ ရိမ် ခင် တန်း ရှိ မိ က္ခာ အိမ် အ နီး ရောက်၍ တည်း ခို နေ ကြ၏။ Judson Bible သို့ဖြစ်၍ ဒန်အမျိုးသားတို့သည် ပြည်ကို ကြည့်ရှုစူးစမ်းစေခြင်းငှာ မိမိတို့အမျိုးသား ခွန်အားကြီးသော သူရဲငါးယောက်တို့ကို သူတို့နေရာအရပ် ဇောရာမြို့၊ ဧရှတောလမြို့မှ စေလွှတ်လျက်၊ ပြည်ကိုသွား၍ စူးစမ်းကြလော့ဟု မှာလိုက်ကြသည်အတိုင်း၊ သူတို့သည် ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက်ပြီးလျှင် တည်းခို၍ နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် နယ်မြေကိုစူးစမ်းရှာဖွေရန် ဒန်အမျိုးသားတို့သည် ဇောရာမြို့၊ ဧရှတောလမြို့ရှိ မိမိတို့မျိုးနွယ်စုအားလုံးထဲမှ ရဲစွမ်းသတ္တိရှိသူငါးယောက်အား “နယ်မြေကို သွားရှာကြလော့”ဟု မှာကြား၍ စေလွှတ်လိုက်၏။ ထိုသူတို့သည် ဧဖရိမ်တောင်ပေါ်ဒေသရှိ မိက္ခာဝတ်ကျောင်းသို့ရောက်၍ ညအိပ်နားကြ၏။ |
သူသည်သူတို့အကြောင်းနှင့်ပတ်သက်သော အိပ်မက်ကိုသတိရ၍``သင်တို့သည်သူလျှိုများ ဖြစ်၏။ ဤတိုင်းပြည်၏အားနည်းချက်ကိုထောက် လှမ်းရန်လာကြသူများဖြစ်သည်'' ဟုစွပ်စွဲ လိုက်လေ၏။
အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင်လျှင်၊ အကြံထမြောက်တတ်၏။ ကောင်းသော တိုင်ပင်ခြင်း ရှိမှသာ စစ်မှုကို ပြုရမည်။
မောရှေသည်သူတို့ကိုမစေလွှတ်မီ``သင်တို့ သည်ဤအရပ်မှမြောက်ဘက်သို့သွား၍ ခါနာန် ပြည်တောင်ပိုင်းသို့ဝင်ပြီးလျှင်တောင်ကုန်း ဒေသပေါ်သို့တက်လော့။-
အခြားတစ်နည်းဆိုသော်၊ အဘယ်မည်သော ဘုရင်သည်အခြားဘုရင်တစ်ပါးနှင့်စစ်ပြိုင် ရန်ထွက်မည်ပြုသောအခါ မိမိ၏စစ်သည် တစ်သောင်းဖြင့် စစ်သည်နှစ်သောင်းနှင့်ချီလာ သောဘုရင်အားခုခံနိုင်ပါမည်လောဟု ဦး စွာထိုင်၍မစဉ်းစားဘဲနေပါမည်လော။-
ထိုနောက်ယောရှုသည်ခါနာန်ပြည်၏အခြေအနေ၊ အထူးသဖြင့်ယေရိခေါမြို့၏အခြေအနေကိုထောက်လှမ်းရန် သူလျှိုနှစ်ဦးကိုစခန်းချရာအကေရှအရပ်မှစေလွှတ်လိုက်လေသည်။ သူတို့သည်ယေရိခေါမြို့သို့သွားရောက်သော အခါရာခပ်နာမည်ရှိပြည့်တန်ဆာမအိမ် တွင်တစ်ညတည်းခိုကြလေသည်။-
ယေရိခေါမြို့မင်းကြီးသည်ဣသရေလအမျိုးသားအချို့ တိုင်းပြည်၏အခြေအနေ ကိုထောက်လှမ်းရန်ရောက်ရှိနေသည့်သတင်း ကိုကြားသိရသဖြင့်၊-
ထိုကာလ၌ဒန်အနွယ်ဝင်ဇောရာမြို့သား မာနော်ဆိုသူလူတစ်ယောက်ရှိ၏။ သူ၏ ဇနီးမှာမြုံ၍နေသဖြင့်သားသမီးမရ နိုင်ပေ။-
သူငယ်သည်ဇောရာမြို့နှင့်ရှေတောလမြို့ စပ်ကြားဒန်တပ်စခန်း၌ရှိနေစဉ် ထာဝရ ဘုရား၏တန်ခိုးတော်သည်သူ့အားစတင် ၍ခွန်အားကြီးမားလာစေတော်မူသည်။
ရှံဆုန်၏ညီများနှင့်အခြားအိမ်ထောင်စု သားတို့သည် လာရောက်၍သူ၏ရုပ်အလောင်း ကိုယူပြီးလျှင် ဇောရာမြို့နှင့်ဧရှတောလ မြို့စပ်ကြားရှိဖခင်ဖြစ်သူမာနော်၏သင်္ချိုင်း ဂူတွင်သင်္ဂြိုဟ်ကြ၏။ သူသည်နှစ်ပေါင်းနှစ် ဆယ်တိုင်တိုင်ဣသရေလလူမျိုး၏ခေါင်း ဆောင်ဖြစ်ခဲ့သတည်း။
အခါတစ်ပါးကမိက္ခာအမည်ရှိသောလူ တစ်ယောက်သည် ဧဖရိမ်တောင်ကုန်းဒေသ တွင်နေထိုင်၏။-
သို့ဖြစ်၍ဒန်အနွယ်ဝင်လူပေါင်းခြောက်ရာ တို့သည် တိုက်ပွဲဝင်ရန်အသင့်ပြင်လျက် ဇောရာမြို့နှင့်ဧရှတောလမြို့တို့မှထွက်ခွာ သွားလေသည်။-
သူတို့သည်ထိုအရပ်မှဆက်လက်၍ခရီး ပြုကြရာ ဧဖရိမ်တောင်ကုန်းဒေသရှိမိက္ခာ ၏အိမ်သို့ရောက်ကြ၏။
ထိုအိမ်တွင်ရှိနေစဉ်လူတို့သည်လေဝိလူ ငယ်ပြောဆိုသည့်စကားသံကိုသတိထား မိကြသဖြင့် သူ့ထံသို့သွားပြီးလျှင်``သင် သည်ဤအရပ်သို့အဘယ်ကြောင့်ရောက်နေ ပါသနည်း။ သင့်အားဤအရပ်သို့အဘယ် သူခေါ်ဆောင်လာပါသနည်း'' ဟုမေးကြ၏။
ထိုသူငါးယောက်တို့သည်ဇောရာမြို့နှင့် ဧရှတောလမြို့တို့သို့ပြန်လည်ရောက်ရှိ ကြသောအခါ အမျိုးသားချင်းတို့က``သင် တို့အဘယ်သို့စုံစမ်းတွေ့ရှိခဲ့ရသနည်း'' ဟုမေးမြန်းကြ၏။-
ဣသရေလလူမျိုးတွင်ရှင်ဘုရင်မပေါ်မရှိ သေးမီကာလ၌ ဧဖရိမ်တောင်ကုန်းဒေသ အစွန်အဖျားတွင်နေထိုင်သောလေဝိအမျိုး သားတစ်ယောက်သည် ယုဒပြည်ဗက်လင်မြို့ သူတစ်ယောက်ကိုအပျော်မယားအဖြစ် သိမ်းယူ၏။-
လေဝိအမျိုးသားကလည်း``ကျွန်ုပ်တို့သည် ယုဒပြည်ဗက်လင်မြို့သို့သွားရောက်ခဲ့ပြီး နောက် ကျွန်ုပ်တို့၏နေအိမ်ရှိရာဧဖရိမ် တောင်ကုန်းဒေသအစွန်းအဖျားသို့ပြန် ရန်ခရီးသွားနေကြပါ၏။ ကျွန်ုပ်တို့အား ဤညအတွက်တည်းခိုရန်ဖိတ်ခေါ်သူ မရှိပါ။-