သို့သော်ထိုသူတို့သည်ဥယျာဉ်ရှင်၏သားကို မြင်သောအခါ `ဤသူသည်အမွေစားအမွေခံ ဖြစ်၏။ လာကြ။ သူ့ကိုသတ်၍သူ့အမွေဥစ္စာ ကိုယူကြကုန်အံ့' ဟုအချင်းချင်းတိုင်ပင် ပြီးနောက်၊-
သူကြီး 16:2 - Common Language Bible ဂါဇမြို့သားတို့သည်ရှံဆုန်ရောက်ရှိနေကြောင်း ကိုကြားသိကြသဖြင့် ထိုအိမ်ကိုဝိုင်းရံထား ပြီးလျှင်တစ်ညလုံးမြို့တံခါးဝမှစောင့်နေ ကြ၏။ ``ငါတို့သည်သူ့အားမိုးလင်းသည်တိုင် အောင်စောင့်ဆိုင်းပြီးမှသတ်ပစ်မည်'' ဟုကြံ စည်ကာဆိတ်ငြိမ်စွာနေကြ၏။- Garrad Bible ဂါ ဇ မြို့ သား တို့ ဝန်း ဝိုင်း လျက် နံ နက် မိုး သောက် လျင် သတ် ရ တော့ မည် ဟု အောက် မေ့၍ တစ် ညဉ့် ပတ် လုံး မြို့ တံ ခါး အ နီး မှာ တိတ် ဆိတ် စွာ ချောင်း နေ ကြ လေ ၏။ Judson Bible ရှံဆုန်ရောက်ကြောင်းကို ဂါဇမြို့သားတို့သည် ကြားလျှင် ဝိုင်းထားလျက်၊ မြို့တံခါးဝ၌ တစ်ညလုံးချောင်းမြောင်းလျက်၊ နံနက်မိုးလင်းသောအခါ သူ့ကိုသတ်မည်ဟုဆို၍ တစ်ညလုံး ငြိမ်သက်စွာ နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း “ဤမြို့သို့ ရှံဆုန်ရောက်လာပြီ”ဟူသောသတင်းကို ဂါဇမြို့သားတို့ ကြားသိသောအခါ ထိုနေရာကိုဝိုင်းထား၍ မြို့တံခါး၌ တစ်ညလုံးချောင်းမြောင်းနေကြ၏။ သူတို့က “နံနက်မိုးလင်းလျှင် သူ့ကို ငါတို့သတ်မည်”ဟု ဆိုလျက် တစ်ညလုံး တိတ်ဆိတ်စွာနေကြ၏။ |
သို့သော်ထိုသူတို့သည်ဥယျာဉ်ရှင်၏သားကို မြင်သောအခါ `ဤသူသည်အမွေစားအမွေခံ ဖြစ်၏။ လာကြ။ သူ့ကိုသတ်၍သူ့အမွေဥစ္စာ ကိုယူကြကုန်အံ့' ဟုအချင်းချင်းတိုင်ပင် ပြီးနောက်၊-
နံနက်စောစော၌ယဇ်ပုရောဟိတ်ကြီးများနှင့် ဘာသာရေးခေါင်းဆောင်များသည် သခင်ယေရှု ကိုသတ်ရန်တိုင်ပင်ကြ၏။-
ယေရုရှလင်မြို့ကိုစစ်တပ်များဝိုင်းရံလျက်ရှိ သည်ကို သင်တို့မြင်သောအခါ ထိုမြို့ပျက်ခါ နီးပြီဟုသိမှတ်ကြလော့။-
သို့ဖြစ်၍အရှင်တို့နှင့်တရားလွှတ်တော်အဖွဲ့ ဝင်တို့သည် ပေါလု၏အမှုကိုပိုမိုသေချာ စွာစုံစမ်းစစ်ဆေးလိုဟန်ပြုလျက် ရောမတပ် မှူးအားသူ့ကိုအရှင်တို့ထံသို့ခေါ်ခဲ့ရန် မေတ္တာရပ်ခံကြပါ။ အရှင်တို့ထံသို့မရောက် မီပင် သူ့ကိုသတ်ရန်အကျွန်ုပ်တို့အသင့် စောင့်နေပါမည်'' ဟုလျှောက်ကြ၏။
သို့ရာတွင်သူတို့၏အကြံအစည်ကိုရှောလု သိသွား၏။ သူတို့သည်ရှောလုကိုသတ်ရန် နေ့ ရောညဥ့်ပါမြို့တံခါးများတွင်စောင့်နေ ကြ၏။-
ထိုနောက်ရှံဆုန်သည်အလွန်ရေငတ်၍လာသ ဖြင့် ထာဝရဘုရားထံတော်သို့``ဤအောင်ပွဲကြီး ကိုအကျွန်ုပ်အားကိုယ်တော်ပေးတော်မူခဲ့ပါ ပြီ။ ယခုအကျွန်ုပ်သည်ရေငတ်၍သေရပါ တော့မည်လော။ ဘုရားမဲ့သူဤဖိလိတ္တိအမျိုး သားတို့၏လက်တွင်အဖမ်းခံရပါတော့မည် လော'' ဟုဆုတောင်း၏။-
သို့ရာတွင်ရှံဆုန်သည်သန်းခေါင်တိုင်အောင် သာအိပ်ပြီးနောက်ထ၍တံခါးရွက်၊ တံခါး တိုင်၊ ကန့်လန့်ကျင်နှင့်တကွမြို့တံခါးကို ဆွဲနုတ်ပြီးလျှင်ပခုံးပေါ်မှာထမ်း၍ ဟေဗြုန် မြို့အနီးတောင်ထိပ်ပေါ်သို့ယူဆောင်သွား လေသည်။
ထိုညဥ့်၌ပင်လျှင်ဒါဝိဒ်၏အိမ်ကိုစောင့်ကြည့် ရန်နှင့် နောက်တစ်နေ့နံနက်၌ဒါဝိဒ်ကိုသတ် ရန်ရှောလုသည် လူအချို့တို့ကိုစေလွှတ်လိုက်၏။ ဒါဝိဒ်၏ဇနီးမိခါလသည်ဒါဝိဒ်အား``အရှင်၊ သင်သည်ယနေ့ညဥ့်၌ပင်ထွက်ပြေးပါလော့။ သို့မဟုတ်ပါကနက်ဖြန်ခါအသတ်ခံရပါ လိမ့်မည်'' ဟုသတိပေးပြီးနောက်၊-
ရှောလုနှင့်တပ်သားများကတောင်တစ်ဘက် တွင်ရှိ၍ ဒါဝိဒ်နှင့်အပေါင်းပါတို့ကအခြား တစ်ဘက်တွင်ရှိကြ၏။ ရှောလုနှင့်တပ်သား တို့သည်ဒါဝိဒ်တို့လူစုအားဖမ်းမိခါနီး ပြီဖြစ်၍ ဒါဝိဒ်တို့လူစုသည်လွတ်မြောက် ရန်ကြိုးစားနေစဉ်၊-