ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သော မိန်းမသည်၊ သေခြင်းထက် သာ၍ ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင် စိတ်တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့် မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဘမ်းမိလိမ့်မည်။
သူကြီး 16:19 - Common Language Bible ဒေလိလသည်ရှံဆုန်အားမိမိ၏ပေါင်ပေါ် တွင်ချော့၍သိပ်ပြီးမှ လူတစ်ယောက်ကိုခေါ် ၍ရှံဆုန်၏ဆံပင်ခုနစ်စုကိုရိတ်ဖြတ်စေ၏။ ရှံဆုန်၌ခွန်အားပျောက်ကွယ်သွားပြီဖြစ်၍ ဒေလိလသည်သူ့အားစတင်ညှင်းပန်းလေ တော့သည်။- Garrad Bible ဒူး ပေါ် တွင် ဦး ခေါင် တင် လျက် ရှံ ဆုန် ကို အိပ် စေ ပြီး မှ ဆ တ္တာ သည် ခေါ်၍ ကျစ် ဆံ ခု နစ် သွယ် ရိတ် စေ သ ဖြင့် ခွန် အား ကွယ် ပျောက် သည် နှင့် အ သ ရေ ယုတ် လျော့ စေ ၏။ Judson Bible ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိဒူးပေါ်မှာတင်လျက် သူကိုအိပ်စေသဖြင့်၊ လူတစ်ယောက်ကို ခေါ်၍ သူ၏ဆံပင်ခုနစ်စုတို့ကို ရိတ်စေပြီးမှ၊ သူကိုနှောင့်ယှက်စပြု၍ သူ၏ခွန်အားသည် လျော့ပျောက်၏။ မြန်မာ့စံမီသမ္မာကျမ်း ဒေလိလသည် ရှံဆုန်ကို ပေါင်ပေါ်တွင်အိပ်စေ၍ လူတစ်ယောက်ကိုခေါ်ပြီး သူ့ဆံပင်ခုနစ်စုကို ရိတ်စေ၏။ ရှံဆုန်၏ခွန်အားများ လျော့သွားသောအခါ သူ့ကို စတင်နှိပ်စက်လေ၏။ |
ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သော မိန်းမသည်၊ သေခြင်းထက် သာ၍ ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင် စိတ်တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့် မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဘမ်းမိလိမ့်မည်။
ယင်းသို့အမှန်အတိုင်းပြောဆိုသည်ကို ဒေလိလသိသောအခါ သူသည်ဖိလိတ္တိ ဘုရင်တို့ထံသို့လူလွှတ်၍``ဤတစ်ကြိမ် ပြန်လာခဲ့ကြပါ။ ကျွန်မသည်ရှံဆုန်ထံ မှမှန်ရာကိုသိရှိရပါပြီ'' ဟုပြောကြား လိုက်၏။ ထိုသူတို့သည်လည်းငွေများ ကိုယူ၍လာကြ၏။-
သူသည်``ရှံဆုန်၊ ဖိလိတ္တိအမျိုးသားတို့လာ နေကြပြီ'' ဟုဟစ်အော်၏။ ထိုအခါရှံဆုန် သည်အိပ်ရာမှနိုးထ၍ယခုတစ်ကြိမ်လည်း ခါတိုင်းကဲ့သို့ပင် မိမိလွတ်မြောက်နိုင်လိမ့် မည်ဟုထင်မှတ်၏။ မိမိအားထာဝရဘုရား စွန့်ခွာသွားတော်မူပြီဖြစ်ကြောင်းကိုမူသူ မသိ။-