Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 16:18 - Common Language Bible

18 ယင်း​သို့​အ​မှန်​အ​တိုင်း​ပြော​ဆို​သည်​ကို ဒေ​လိ​လ​သိ​သော​အ​ခါ သူ​သည်​ဖိ​လိတ္တိ ဘု​ရင်​တို့​ထံ​သို့​လူ​လွှတ်​၍``ဤ​တစ်​ကြိမ် ပြန်​လာ​ခဲ့​ကြ​ပါ။ ကျွန်​မ​သည်​ရှံ​ဆုန်​ထံ မှ​မှန်​ရာ​ကို​သိ​ရှိ​ရ​ပါ​ပြီ'' ဟု​ပြော​ကြား လိုက်​၏။ ထို​သူ​တို့​သည်​လည်း​ငွေ​များ ကို​ယူ​၍​လာ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ဒေ လိ လ သည် စိတ် တွင် ပါ ရှိ သ မျှ ကို ဖော် ပြ မိ ကြောင်း သိ မြင် သော် ယ ခု တစ် ကြိမ် လာ ကြ တော့။ စိတ် တွင် ပါ ရှိ သ မျှ ကို ဖော် ပြ မိ လေ ပြီ ဟူ၍ ဖိ လိ တ္တိ မင်း တို့ ကို ခေါ် စေ သည့် အ လျောက် လက် ဆောင် တွင် ပါ လျက် ရောက် လာ ကြ ပြီး နောက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ထို​သို့ မိ​မိ​စိတ်​နှ​လုံး​ထဲ​မှာ ရှိ​သ​မျှ​အ​တိုင်း​ပြော​ကြောင်း​ကို ဒေ​လိ​လ​သိ​လျှင်၊ ဖိ​လိ​တ္တိ​မင်း​တို့​ကို တစ်​ဖန်​ခေါ်၍၊ ယ​ခု​တစ်​ခါ လာ​ကြ​ပါ​ဦး။ သူ​သည် မိ​မိ​စိတ်​နှ​လုံး​ရှိ​သ​မျှ​အ​တိုင်း ပြော​ပြီ​ဟု မှာ​လိုက်​သ​ဖြင့်၊ သူ​တို့​သည် ငွေ​ကို​ဆောင်​ယူ​ခဲ့​လျက် လာ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ရှံဆုန်​က စိတ်​ထဲ​ရှိ​သည့်​အတိုင်း အမှန်​ကို​ပြောပြ​ကြောင်း ဒေလိလ သိ​လျှင် လူ​ကို​စေလွှတ်​၍ ဖိလိတ္တိ​မင်း​တို့​ကို ခေါ်​စေ​ကာ “​နောက်တစ်ခေါက် လာ​ခဲ့​ကြ​ပါ​ဦး​။ ရှံဆုန်​က သူ့​စိတ်​ထဲ​ရှိ​သည့်​အတိုင်း အမှန်​ကို အကျွန်ုပ်​အား ပြောပြ​ပြီ​”​ဟု မှာလိုက်​သဖြင့် ဖိလိတ္တိ​မင်း​တို့​သည်​လည်း ငွေစ​ပါ​လျက် ဒေလိလ​ထံသို့ လာ​ကြ​ပြန်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 16:18
11 ပူးပေါင်းရင်းမြစ်များ  

အာ​ဟပ်​သည်​ဧ​လိ​ယ​ကို​မြင်​သော​အ​ခါ``ငါ ၏​ရန်​သူ၊ သင်​သည်​ငါ့​ကို​တွေ့​ပြီ​လော'' ဟု မေး​၏။ ဧ​လိ​ယ​က​လည်း``တွေ့​ပြီ။ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​မျက်​နှာ​တော်​တွင်​ဒု​စ​ရိုက်​ကို သာ​ပြု​လို​၏။-


လူ​သား​တို့​သည်​ထွက်​သက်​ဝင်​သက်​လေ​မျှ​သာ ဖြစ်​ပေ​သည်။ လူ​တို့​သည်​ယုတ်​မြတ်​မ​ဟူ​အ​နတ္တ​မျှသာ​ဖြစ် ကြ​၏။ သူ​တို့​အား​ချိန်​ခွင်​တွင်​ချိန်​စက်​၍​ကြည့် ကြ​လော့။ သူ​တို့​သည်​အ​ချိန်​မ​စီး။ ထွက်​သက်​ဝင်​သက်​လေ​ထက်​ပင်​ပေါ့​ကြ​၏။


ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဘွယ်စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏။


ထို့​ကြောင့်​မော​ဘ​အ​မျိုး​သား​နှင့်​မိ​ဒျန် အ​မျိုး​သား​ခေါင်း​ဆောင်​တို့​သည် ခြေ​ကြွ​ခ ငွေ​ကို​ယူ​ဆောင်​၍ ဗာ​လမ်​ထံ​သို့​သွား​ပြီး လျှင်​ဗာ​လက်​၏​လျှောက်​ထား​ချက်​ကို တင်​ပြ​ကြ​လေ​သည်။-


``ယေ​ရှု​ကို​သင်​တို့​လက်​သို့​အ​ကျွန်ုပ်​ပေး​အပ်​ပါ လျှင်​အ​ကျွန်ုပ်​အား​ငွေ​မည်​မျှ​ပေး​မည်​နည်း'' ဟု မေး​၏။ ထို​သူ​တို့​သည်​လည်း​သူ့​အား​ငွေ​ဒင်္ဂါး သုံး​ဆယ်​ပေး​ကြ​၏။-


ကာ​မ​ဂုဏ်​လိုက်​စား​သူ၊ ညစ်​ညမ်း​သူ၊ လော​ဘ လွန်​ကူး​သူ​ဟူ​သ​မျှ​သည်​ခ​ရစ်​တော်​နှင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တွင်​ပါ​ဝင်​ကြ ရ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​သင်​တို့​သိ​ကြ​၏။ (လော​ဘ​လွန်​ကူး​ခြင်း​သည်​ရုပ်​တု​ကိုး​ကွယ် မှု​တစ်​မျိုး​ပင်​ဖြစ်​သည်။)


အ​ဘယ်​ကြောင့်​ဆို​သော်​ငွေ​ကို​စွဲ​လမ်း​တပ် မက်​ခြင်း​သည်​မ​ကောင်း​မှု​အ​မျိုး​မျိုး​တို့​၏ မူ​လ​အ​ခြေ​အ​မြစ်​ဖြစ်​သော​ကြောင့်​တည်း။ အ​ချို့​သော​သူ​တို့​သည်​ငွေ​ကို​ခုံ​မင်​လှ သ​ဖြင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ​လွဲ သွား​၍ ပူ​ဆွေး​လျက်​ဝမ်း​နည်း​ပက်​လက် ဖြစ်​ရ​ကြ​၏။


ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား​မိ​မိ​၏​ပေါင်​ပေါ် တွင်​ချော့​၍​သိပ်​ပြီး​မှ လူ​တစ်​ယောက်​ကို​ခေါ် ၍​ရှံ​ဆုန်​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ရိတ်​ဖြတ်​စေ​၏။ ရှံ​ဆုန်​၌​ခွန်​အား​ပျောက်​ကွယ်​သွား​ပြီ​ဖြစ်​၍ ဒေ​လိ​လ​သည်​သူ့​အား​စ​တင်​ညှင်း​ပန်း​လေ တော့​သည်။-


ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဒေ​လိ​လ​ထံ သို့​လာ​၍``ရှံ​ဆုန်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ ခွန်​အား​ကြီး​ရ​ကြောင်း​ကို​လည်း​ကောင်း၊ သူ့ အား​အ​ဘယ်​သို့​နှိမ်​နင်း​၍​ချည်​နှောင်​ထား နိုင်​ကြောင်း​ကို​လည်း​ကောင်း​သိ​ရှိ​ရန်​သူ့​အား ဖြား​ယောင်း​၍​မေး​ပါ။ ငါ​တို့​တစ်​ယောက်​လျှင် ငွေ​တစ်​ဆယ့်​တစ်​ပိ​ဿာ​စီ​ပေး​ပါ​မည်'' ဟု​ပြော​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ