ထိုအခါဟာဂရက``ငါသည်ထာဝရ ဘုရားကိုအကယ်ပင်ဖူးမြင်ရပြီးနောက် အသက်ရှင်သေးပါတကား'' ဟုဆိုပြီး လျှင်သူ့အားထိုသို့မိန့်ကြားတော်မူသော ထာဝရဘုရားကို``မြင်တော်မူသောဘုရား'' ဟူသောနာမည်ဖြင့်ခေါ်ဝေါ်လေ၏။-
သူကြီး 15:19 - Common Language Bible ထိုအခါထာဝရဘုရားသည်လေဟိအရပ် မြေချိုင့်တစ်နေရာတွင် စမ်းပေါက်စေတော်မူ သဖြင့်ရေထွက်လာ၏။ ရှံဆုန်သည်ထိုရေကို သောက်ရ၍လန်းဆန်းလာလေသည်။ သို့ဖြစ် ၍ထိုစမ်းပေါက်ကိုအဟက္ကောရဟုခေါ်ဝေါ် ၍ယနေ့တိုင်အောင်လေဟိအရပ်၌ရှိသ တည်း။- Garrad Bible ဘု ရား သ ခင် သည် လေ ဟိ ရွာ တွင် ရှိ ရင်း ကျောက် တွင်း ကို ဖောက် ထွင်း တော် မူ သ ဖြင့် ရေ ထွက် ရာ သောက် ရ ပြီး မှ အ သက် အား တိုး သည် နှင့် ထို တွင်း ကို အ င်္ဟ က္ကော ရ ဟု ခေါ် ဝေါ် ကြ ၍ ယ နေ့ တိုင် အောင် လေ ဟိ ရွာ တွင် တည် ရှိ သ တည်း။ Judson Bible လေဟိအရပ်၌ ချိုင့်ဝှမ်းရာကို ဘုရားသခင်ဖောက်တော်မူ၍ ရေထွက်လေ၏။ သူသည် ရေကိုသောက်သဖြင့် အသက်ရှူပြန်၍ အားဖြည့်လေ၏။ သို့ဖြစ်၍ ထိုချိုင့်ဝှမ်းရာကို အဟက္ကောရအမည်ဖြင့် တွင်၍ ယနေ့တိုင်အောင် လေဟိအရပ်၌ ရှိသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဘုရားသခင်သည် လေဟိအရပ်၌ ချိုင့်ခွက်တစ်ခုပေါ်လာစေ၍ ရေထွက်လာစေ၏။ ရှံဆုန်သည် ထိုရေကိုသောက်သောအခါ ခွန်အားပြည့်၍ ပြန်လည်လန်းဆန်းလာ၏။ ထိုနေရာကို အန်ဟက္ကောရ ဟုခေါ်၍ ယနေ့တိုင်အောင် လေဟိအရပ်၌ ရှိ၏။ |
ထိုအခါဟာဂရက``ငါသည်ထာဝရ ဘုရားကိုအကယ်ပင်ဖူးမြင်ရပြီးနောက် အသက်ရှင်သေးပါတကား'' ဟုဆိုပြီး လျှင်သူ့အားထိုသို့မိန့်ကြားတော်မူသော ထာဝရဘုရားကို``မြင်တော်မူသောဘုရား'' ဟူသောနာမည်ဖြင့်ခေါ်ဝေါ်လေ၏။-
ထိုအရပ်ကိုဗေသလဟုနာမည်မှည့်ခေါ်လေ သည်။ (ယခင်ကထိုမြို့ကိုလုဇဟုခေါ်တွင်၏။)-
ကျွန်ုပ်မရောက်မီကဦးရီး၌တိရစ္ဆာန်အနည်း ငယ်မျှသာရှိ၍ ယခုမြောက်မြားစွာတိုးပွား လျက်ရှိပါသည်။ ကျွန်ုပ်ကြောင့်ထာဝရဘုရား သည်ဦးရီးအားကောင်းချီးပေးတော်မူပြီ။ ယခုကျွန်ုပ်သည်ကိုယ့်စီးပွားကိုရှာရမည့် အချိန်ရောက်ပါပြီ'' ဟုဆိုလေ၏။
သို့ရာတွင်သားတို့ကယောသပ်ပြောသမျှ စကားတို့ကိုသူ့အားပြန်ပြောကြသော အခါနှင့်၊ သူ့ကိုအီဂျစ်ပြည်သို့ခေါ်ဆောင် လာရန်ယောသပ်ကပို့လိုက်သောလှည်းများ ကိုမြင်ရသောအခါ သူသည်အံ့အားသင့် ရာမှပြန်လည်သတိရလျက်၊-
မင်းကြီးသည်လမ်းအနီးရှိစမ်းချောင်းမှ ရေကိုသောက်လျက်အားအင်ပြည့်တင်းလာကာ အောင်ပွဲကိုခံတော်မူလိမ့်မည်။
ငါသည်ဒုက္ခရောက်စဉ်အခါထာဝရဘုရား ကို ဟစ်ခေါ်ပါ၏။ ကိုယ်တော်သည်လည်းထူးတော်မူပါ၏။
ခိုကိုးရာမဲ့သူတို့သည်ကိုယ်တော်ကို ခေါ်ကြသောအခါ ကိုယ်တော်ထူးတော်မူ၍သူတို့အား ဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
ဒုက္ခရောက်ချိန်၌ငါ့အားပတ္ထနာပြုကြလော့။ ငါသည်သင်တို့အားကယ်မည်။ သင်တို့သည်လည်းငါ့အားထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
မောရှေသည်ယဇ်ပလ္လင်ကိုတည်၍``ထာဝရ ဘုရားသည်ငါ၏အလံဖြစ်၏'' ဟုနာမည် မှည့်လေ၏။-
မိုးကောင်းကင်သို့မျှော်ကြည့်ကြလော့။ သင်တို့မြင်ရသည့်ကြယ်များကိုအဘယ်သူ ဖန်ဆင်းတော်မူပါသနည်း။ ယင်းတို့အားစစ်သည်ဗိုလ်ခြေသဖွယ် ထုတ်ဆောင်လာတော်မူသောအရှင်ပင် ဖြစ်ပေသည်။ ကိုယ်တော်သည်ကြယ်များကိုရေတွက် ထားတော်မူပြီးလျှင်နာမည်တပ်၍ ခေါ်တော်မူပါသည်တကား။ ကိုယ်တော်သည်လွန်စွာတန်ခိုးကြီးတော်မူသဖြင့် ထိုကြယ်တို့သည်တစ်လုံးတစ်လေမျှ ပျောက်ပျက်သည့်အခါဟူ၍မရှိ။
``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။ သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။ သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊ သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။
တောင်ဝှေးကိုမြှောက်၍ကျောက်တုံးကိုနှစ်ကြိမ် ရိုက်လေသည်။ ထိုအခါကျောက်ဆောင်မှရေ များစွာပန်းထွက်သဖြင့် လူအပေါင်းတို့နှင့် တိရစ္ဆာန်များရေသောက်ကြရသည်။
ဖိလိတ္တိအမျိုးသားတို့သည်ယုဒပြည်သို့ လာ၍စခန်းချကာလေဟိမြို့ကိုတိုက်ခိုက် ကြ၏။-
သင်္ဘောသဖန်းသီးခြောက်အနည်းငယ်နှင့် စပျစ် သီးခြောက်နှစ်ပြွတ်ကိုလည်းကောင်းပေးကြ၏။ လူငယ်သည်ထိုအစားအစာများကိုစားပြီး နောက်ပြန်၍အားပြည့်လာလေသည်။ သူသည် သုံးရက်တိုင်တိုင်မည်သည့်အစာရေစာမျှ မစားမသောက်ခဲ့ရ။-