ထိုနောက်သူသည်မကြာမီကသေသွားသည့် မြည်းတစ်ကောင်၏မေးရိုးတစ်ချောင်းကိုတွေ့ ရှိသဖြင့်ကောက်ယူပြီးလျှင် ထိုမေးရိုးဖြင့် လူတစ်ထောင်မျှကိုတိုက်ခိုက်သတ်ဖြတ်ပစ် လိုက်လေသည်။
သူကြီး 15:17 - Common Language Bible ထိုနောက်သူသည်မြည်းမေးရိုးကိုလွှင့်ပစ်လိုက် သည်။ ဤအမှုအရာဖြစ်ပျက်သည့်အရပ်ကို ရာမတ်လေဟိဟူ၍ခေါ်ဝေါ်ကြသတည်း။ Garrad Bible မေး ရိုး ကို ပစ် လိုက် သ ဖြင့် ထို အ ရပ် ကို ရာ မတ် လေ ဟိ ဟု ခေါ် ဝေါ် ကြ သ တည်း။ Judson Bible မြည်းမေးရိုးကို ပစ်လိုက်၍၊ ထိုအရပ်ကို ရာမတ်လေဟိအမည်ဖြင့် တွင်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ကြွေးကြော်ပြီးနောက် မြည်းမေးရိုးကို လွှင့်ပစ်ပြီး ထိုအရပ်ကို ရာမတ်လေဟိ ဟုခေါ်လေ၏။ |
ထိုနောက်သူသည်မကြာမီကသေသွားသည့် မြည်းတစ်ကောင်၏မေးရိုးတစ်ချောင်းကိုတွေ့ ရှိသဖြင့်ကောက်ယူပြီးလျှင် ထိုမေးရိုးဖြင့် လူတစ်ထောင်မျှကိုတိုက်ခိုက်သတ်ဖြတ်ပစ် လိုက်လေသည်။
သို့ဖြစ်၍ရှံဆုန်က၊ ``မြည်းမေးရိုးဖြင့်လူတစ်ထောင်ကိုငါသတ်ပြီ။ မြည်းမေးရိုးဖြင့်အလောင်းတွေအပုံပုံဖြစ်စေပြီ'' ဟူ၍သီဆိုလေ၏။
ထိုနောက်ရှံဆုန်သည်အလွန်ရေငတ်၍လာသ ဖြင့် ထာဝရဘုရားထံတော်သို့``ဤအောင်ပွဲကြီး ကိုအကျွန်ုပ်အားကိုယ်တော်ပေးတော်မူခဲ့ပါ ပြီ။ ယခုအကျွန်ုပ်သည်ရေငတ်၍သေရပါ တော့မည်လော။ ဘုရားမဲ့သူဤဖိလိတ္တိအမျိုး သားတို့၏လက်တွင်အဖမ်းခံရပါတော့မည် လော'' ဟုဆုတောင်း၏။-
ဖိလိတ္တိအမျိုးသားတို့သည်ယုဒပြည်သို့ လာ၍စခန်းချကာလေဟိမြို့ကိုတိုက်ခိုက် ကြ၏။-