သူတို့က``ဤတိုက်ပွဲတွင်ငါတို့အားအဘယ် သူဦးဆောင်ပါမည်နည်း။ ဦးဆောင်မည့်သူ သည်ဂိလဒ်ပြည်သားအပေါင်းတို့၏ခေါင်း ဆောင်ဖြစ်လာစေရမည်'' ဟုမိမိတို့၏ ခေါင်းဆောင်များနှင့်အချင်းချင်းဆွေးနွေး တိုင်ပင်ကြ၏။
သူကြီး 12:7 - Common Language Bible ယေဖသသည်ဣသရေလပြည်သူတို့ အားခြောက်နှစ်မျှခေါင်းဆောင်ပြီးနောက် ကွယ်လွန်သော် သူ၏ရုပ်အလောင်းကိုဂိလဒ် ပြည်ရှိသူ၏ဌာနေမြို့တွင်သင်္ဂြိုဟ်ကြ၏။ Garrad Bible ဂိ လဒ် အ နွယ် ယေ ဖ သ သည် ဣ သ ရေ လူ မျိုး ကို ခြောက် နှစ် တိုင် တိုင် အုပ် စိုး စီ ရင် ပြီး လျှင် ကွယ် လွန် သော်၊ ဂိ လဒ် မြို့ တစ် မြို့ တွင် သင်္ဂြိုဟ် ခြင်း ခံ လေ ၏။ Judson Bible ဂိလဒ်ပြည်သားယေဖသသည် ဣသရေလအမျိုးကို ခြောက်နှစ်အုပ်စိုးပြီးမှသေ၍ ဂိလဒ်မြို့တစ်မြို့၌ သင်္ဂြိုဟ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ယေဖသသည် အစ္စရေးလူမျိုးတို့ကို ခြောက်နှစ်စီရင်အုပ်ချုပ်၏။ ထို့နောက် ဂိလဒ်ပြည်သားယေဖသသည် သေဆုံးသဖြင့် ဂိလဒ်ပြည်ရှိသူ့နေရင်းမြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ |
သူတို့က``ဤတိုက်ပွဲတွင်ငါတို့အားအဘယ် သူဦးဆောင်ပါမည်နည်း။ ဦးဆောင်မည့်သူ သည်ဂိလဒ်ပြည်သားအပေါင်းတို့၏ခေါင်း ဆောင်ဖြစ်လာစေရမည်'' ဟုမိမိတို့၏ ခေါင်းဆောင်များနှင့်အချင်းချင်းဆွေးနွေး တိုင်ပင်ကြ၏။
ဧဖရိမ်ပြည်သားတစ်စုံတစ်ယောက်သည် ထွက်မြောက်နိုင်ရန် မြစ်ကိုဖြတ်ကူးခွင့်တောင်း ခံသည့်အခါတိုင်းဂိလဒ်ပြည်သားတို့ က``သင်သည်ဧဖရိမ်ပြည်သားလော'' ဟု မေးစစ်၏။ ``မဟုတ်ပါ'' ဟုဆိုလျှင်``ရှိဗော လက်'' ဟူသောစကားကိုဆိုစေ၏။ သို့ရာ တွင်အကယ်၍ထိုသူသည်စကားကို ပီသစွာမပြောနိုင်ဘဲ``သိဗောလက်'' ဟု ဆိုခဲ့သော်သူ့အားဖမ်းဆီး၍ယော်ဒန် မြစ်ကူးရာအရပ်၌သတ်ကြသည်။ ထို စစ်ပွဲ၌ဧဖရိမ်ပြည်သားလေးသောင်း နှစ်ထောင်ကျဆုံးရကြလေသည်။
ယေဖသကွယ်လွန်ပြီးနောက်ဣသရေလ လူမျိုးအား ခေါင်းဆောင်သူမှာဗက်လင်မြို့ သားဣဗဇန်ဖြစ်၏။ သူ၌သားသုံးဆယ် နှင့်သမီးသုံးဆယ်ရှိ၏။-