သို့ရာတွင်ယေဖသက``ငါနှင့်ငါ၏လူတို့ သည်အမ္မုန်အမျိုးသားတို့နှင့်ပြင်းပြင်းထန် ထန်ခိုက်ရန်ဖြစ်ခဲ့ကြ၏။ ငါသည်သင်တို့ကို ခေါ်သော်လည်း ငါတို့အားထိုသူတို့လက်မှ သင်တို့မကယ်ဘဲနေခဲ့ကြသည်။-
ယေ ဖ သ က၊ ငါ မှ စ၍ အ နွယ် သား ချင်း တို့ သည် အ မ္မုန် အ မျိုး သား တို့ နှင့် အ ပြင်း အ ထန် ရန် ပြု ကြ စဉ် အ ခါ သင် တို့ ကို ခေါ် ကြား သော် လည်း ရန် သူ တို့ လက် မှ ကယ် နုတ် ကြ သည် မ ဟုတ် ချေ။
ယေဖသက၊ ငါနှင့် ငါ၏လူတို့သည် အမ္မုန်အမျိုးသားတို့နှင့် ကြီးသောအမှု ရှိစဉ်အခါ၊ သင်တို့ကို ငါခေါ်သော်လည်း၊ သင်တို့သည် အမ္မုန်လူတို့လက်မှ ငါ့ကို မကယ်မနုတ်ဘဲ နေကြ၏။
ယေဖသကလည်း သူတို့အား “ငါနှင့်ငါ့လူတို့ အမ္မုန်အမျိုးသားတို့နှင့် ပြင်းထန်စွာခိုက်ရန်ဖြစ်ပွားခဲ့စဉ်က သင်တို့ကို ငါခေါ်သော်လည်း သင်တို့သည် ငါ့ကို သူတို့လက်မှ မကယ်ကြပေ။
ဧဖရိမ်အမျိုးသားတို့သည်စစ်တိုက်ရန်ပြင် ဆင်ကြ၏။ သူတို့သည်ယော်ဒန်မြစ်ကိုဖြတ် ကျော်ကာဇာဖုန်မြို့သို့ချီသွားပြီးလျှင် ယေဖသအား``သင်တို့သည်ငါတို့ကိုမခေါ် ဘဲအဘယ်ကြောင့်အမ္မုန်အမျိုးသားတို့အား ချီတက်တိုက်ခိုက်ခဲ့ပါသနည်း။ သင်ရှိရာ သင်၏အိမ်ကိုငါတို့မီးရှို့ဖျက်ဆီးပစ်မည်'' ဟုပြော၏။
ယင်းသို့ငါတို့အားသင်တို့ကယ်ကြမည့် ပုံမပေါ်သောအခါ ငါသည်အသက်စွန့်၍ အမ္မုန်အမျိုးသားတို့အားတိုက်ခိုက်ရန်ချီ သွားခဲ့ရပါသည်။ ထာဝရဘုရားကလည်း ငါ့အားသူတို့၏အပေါ်၌အောင်ပွဲခံစေ တော်မူ၏။ သို့ဖြစ်၍အဘယ်ကြောင့်သင် သည်ယခုငါ့အားလာရောက်တိုက်ခိုက် ပါသနည်း'' ဟုပြန်ပြော၏။-