သူကြီး 12:3 - Common Language Bible3 ယင်းသို့ငါတို့အားသင်တို့ကယ်ကြမည့် ပုံမပေါ်သောအခါ ငါသည်အသက်စွန့်၍ အမ္မုန်အမျိုးသားတို့အားတိုက်ခိုက်ရန်ချီ သွားခဲ့ရပါသည်။ ထာဝရဘုရားကလည်း ငါ့အားသူတို့၏အပေါ်၌အောင်ပွဲခံစေ တော်မူ၏။ သို့ဖြစ်၍အဘယ်ကြောင့်သင် သည်ယခုငါ့အားလာရောက်တိုက်ခိုက် ပါသနည်း'' ဟုပြန်ပြော၏။- အခန်းကိုကြည့်ပါ။Garrad Bible3 ထို သို့ မ ကယ် ကြောင်း ငါ သိ မြင် သ ဖြင့် ကိုယ့် အ သက် ကို ဆောင် ကိုင် ပြီး လျှင်၊ အ မ္မုန် အ မျိုး သား တို့ နှင့် စစ် ပြိုင် ရန် ချီ သွား သော်၊ ငါ့ လက် တွင်း သို့ ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ၏။ ယ နေ့ တွင် မည် သည့် အ ကြောင်း ရှိ၍ ငါ နှင့် စစ် တိုက် ရန် ချီ လာ ကြ သ နည်း ဟု ဆို ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible3 မကယ်မနုတ်ကြောင်းကို ငါသည် သိမြင်သောအခါ၊ ကိုယ်အသက်ကိုစွန့်စားလျက် အမ္မုန်အမျိုးသားတို့ကို တိုက်ခြင်းငှာသွား၍ ထာဝရဘုရားသည် သူတို့ကို ငါ့လက်၌ အပ်တော်မူ၏။ သင်တို့သည် ငါ့ကို တိုက်ခြင်းငှာ အဘယ်ကြောင့် ယနေ့ လာကြသနည်းဟု ပြောဆိုပြီးလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 သင်တို့မကယ်ကြောင်း သိသောအခါ ငါသည်အသက်ကိုစွန့်၍ အမ္မုန်အမျိုးသားတို့ထံ ကူးသွား၏။ ထာဝရဘုရားကလည်း ထိုသူတို့ကို ငါ့လက်သို့အပ်တော်မူ၏။ ယနေ့ သင်တို့သည် အဘယ်ကြောင့် ငါ့ကို လာတိုက်ကြသနည်း”ဟု ပြန်ပြော၏။ အခန်းကိုကြည့်ပါ။ |
သူသည်မိမိအသက်ကိုစွန့်၍ဂေါလျတ်ကို သတ်ခဲ့ပါ၏။ ဤနည်းအားဖြင့်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အားအောင်ပွဲ ကြီးတစ်ရပ်ကိုခံစေတော်မူခဲ့ပါ၏။ ထို အချင်းအရာကိုအရှင်မြင်တော်မူသော အခါဝမ်းမြောက်တော်မူခဲ့ပါ၏။ သို့သော် လည်းအရှင်သည်အပြစ်မရှိသူတစ်ယောက် အား အဘယ်ကြောင့်ပြစ်မှားလိုပါသနည်း။ အဘယ်ကြောင့်ဒါဝိဒ်ကိုအကြောင်းမဲ့သတ် တော်မူလိုပါသနည်း'' ဟုလျှောက်၏။
ငါတို့၏ခေါင်းဆောင်ကားထာဝရဘုရား ကိုယ်တော်တိုင်ဖြစ်၏။ ကိုယ်တော်၏ယဇ်ပုရော ဟိတ်တို့သည်လည်းငါတို့စစ်ပွဲဝင်ရန် တံပိုး ခရာမှုတ်၍အချက်ပေးဖို့အသင့်ရှိနေကြ သည်။ ဣသရေလပြည်သူတို့၊ သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားနှင့် ဆိုင်ပြိုင်၍စစ်မတိုက်ကြနှင့်။ သင်တို့မနိုင် နိုင်ကြ'' ဟုမိန့်တော်မူ၏။