အလျင်အမြန် ကြွလာတော်မူပါ၊ ငါချစ်ရာ သခင်။ နံ့သာတောင်ပေါ်မှာ သမင်ဒရယ်သငယ်ကဲ့သို့ ပြုတော်မူပါ။
သူကြီး 11:38 - Common Language Bible ယေဖသသည်သမီးဖြစ်သူအားနှစ်လမျှ ခွင့်ပြု၍ ထွက်ခွာသွားစေလေသည်။ သူငယ်မ သည်အိမ်ထောင်မကျ၊ သားသမီးမရဘဲ သေဆုံးရတော့မည်ဖြစ်၍ သူနှင့်တကွသူ ၏အပေါင်းအဖော်တို့သည်တောင်ရိုးပေါ် သို့တက်၍ငိုကြွေးမြည်တမ်းကြကုန်၏။- Garrad Bible အ ဖ က၊ သွား လေ တော့ ဟု ဆို လျက် နှစ် လ သတ် မှတ် ပြီး လျှင် လွှတ် လိုက် ရာ၊ အ ပေါင်း အ ဖော် တို့ နှင့် တ ကွ ထွက် သွား ပြီး သော် ခင် တန်း ပေါ် တွင် အ ပျို ဖြစ် ကြောင်း မြည် တမ်း လေ၏။ Judson Bible အဘက၊ သွားလေတော့ဟုဆိုလျက် နှစ်လကိုချိန်းချက်၍ လွှတ်လိုက်လျှင်၊ အပေါင်းအဖော်တို့နှင့်တကွသွား၍ တောင်ရိုးပေါ်မှာ မိမိအပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဖခင်က “သွားလော့”ဟု ဆို၍ သူ့အား နှစ်လသွားခွင့်ပြုလိုက်၏။ သူသည် မိန်းကလေးအဖော်များနှင့်အတူ တောင်ပေါ်သို့ သွားကာ အပျိုစင်ဘဝနှင့်အသက်စွန့်ရမည့်အဖြစ်ကို ငိုကြွေးကြလေ၏။ |
အလျင်အမြန် ကြွလာတော်မူပါ၊ ငါချစ်ရာ သခင်။ နံ့သာတောင်ပေါ်မှာ သမင်ဒရယ်သငယ်ကဲ့သို့ ပြုတော်မူပါ။
သို့ရာတွင်ကျွန်မတစ်ခုတောင်းခံပါရစေ။ ကျွန်မသည်အပျိုစင်ဘဝဖြင့်အသက်ကုန် ဆုံးရသည့်အတွက် အပေါင်းအဖော်များနှင့် အတူတောင်ရိုးပေါ်တွင်လှည့်လည်၍ ငိုကြွေး မြည်တမ်းနိုင်ရန်နှစ်လမျှကျွန်မအား လွတ်လွတ်လပ်လပ်နေခွင့်ပြုပါ'' ဟုတောင်း ပန်၏။-
နှစ်လမျှကြာသောအခါသူသည်မိမိ၏ ဖခင်ထံသို့ပြန်လာလေသည်။ ဖခင်သည် လည်းထာဝရဘုရားအားမိမိသစ္စာကတိ ပြုထားသည့်အတိုင်းပြုသဖြင့် သူငယ်မ သည်အပျိုစင်အဖြစ်နှင့်ပင်လျှင်ဘဝ ဆုံးရလေတော့၏။ ဤအဖြစ်အပျက်ကြောင့်၊-