ခါနာန်ပြည်တွင်အစာခေါင်းပါးခြင်းဘေး ဆိုက်ရောက်၍ အခြေအနေဆိုးရွားလာသ ဖြင့်အာဗြံသည် အီဂျစ်ပြည်၌ခေတ္တနေထိုင် ရန်တောင်ဘက်သို့ခရီးထွက်ခဲ့လေသည်။-
သူကြီး 11:2 - Common Language Bible မယားနှင့်ရသောသားများလည်းရှိ၏။ ထို သူတို့သည်ကြီးပြင်းလာသောအခါ ယေ ဖသအားနေအိမ်မှနှင်ထုတ်လိုက်ကြ၏။ သူတို့က``သင်သည်အခြားမိန်းမနှင့်ရ သောသားဖြစ်သဖြင့် ငါတို့ဖခင်၏အမွေ ကိုခံရလိမ့်မည်မဟုတ်'' ဟုဆိုကြ၏။- Garrad Bible ဂိ လဒ် မ ယား ဖွား မြင် သော သား တို့ အ ရွယ် မြောက် သော်၊ ယေ ဖ သ အား အ ခြား သော မိန်း မ၏ သား ဖြစ် သော ကြောင့် အ ဖ အိမ် တွင် အ မွေ ကို နင် မ ခံ ထိုက် ဟု ပြော ဆို နှင် ထုတ် ကြ သည့် အ တိုင်း Judson Bible ဂိလဒ်၏မယား ဖွားမြင်သောသားတို့သည် ကြီးသောအခါ၊ သင်သည် အခြားတစ်ပါးသော မိန်းမ၏ သားဖြစ်သောကြောင့်၊ ငါတို့ အဆွေအမျိုးနှင့်အတူ အမွေမခံရဟု ယေဖသကိုဆို၍ နှင်ထုတ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဂိလဒ်၏မယားသည် သားတို့ကိုမွေးဖွား၏။ ထိုမယား၏သားတို့ ကြီးပြင်းလာသောအခါ ယေဖသအား “သင်သည် အခြားမိန်းမ၏သားဖြစ်သောကြောင့် ငါတို့အဖ၏အိမ်သူအိမ်သားတို့နှင့်အတူ အမွေမခံရ”ဟု ဆို၍နှင်ထုတ်ကြ၏။ |
ခါနာန်ပြည်တွင်အစာခေါင်းပါးခြင်းဘေး ဆိုက်ရောက်၍ အခြေအနေဆိုးရွားလာသ ဖြင့်အာဗြံသည် အီဂျစ်ပြည်၌ခေတ္တနေထိုင် ရန်တောင်ဘက်သို့ခရီးထွက်ခဲ့လေသည်။-
ထိုအခြင်းအရာကိုမြင်လျှင်စာရာက``ဤကျွန်မ နှင့်သူ၏သားကိုနှင်ပစ်ပါ။ ကျွန်မ၏သားဣဇာက် ဆက်ခံရမည့်အမွေဥစ္စာကိုဤကျွန်မ၏သား ပါဝင်ခံစားခွင့်မရှိရ'' ဟုအာဗြဟံအား ပြောလေသည်။
ငါ့သား၊ သင်သည် အမျိုးပျက်သောမိန်းမနှင့် အဘယ်ကြောင့် ယစ်မူးသနည်း။ ပြည်တန်ဆာမ၏ ရင်ပတ်ကိုအဘယ်ကြောင့် ဘက်ယမ်းသနည်း။
အကြောင်းမူကား၊ အမျိုးပျက်သောမိန်းမ၏ နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ယိုတတ်၍၊ သူပြောသောစကား သည် ဆီထက်ချောသော်လည်း၊
သို့ရာတွင်ကျမ်းစာတော်ကအဘယ်သို့ဖော်ပြ သနည်း။ ``ဤကျွန်မနှင့်သူ၏သားကိုနှင်ထုတ် လော့။ ကျွန်မ၏သားသည်လွတ်လပ်သောမိန်းမ ၏သားနှင့်အတူအမွေစားအမွေခံမဖြစ် ရ'' ဟုဖော်ပြသည်။-
``မိစ္ဆာမေထုံသံဝါသအားဖြင့်ရသောသား နှင့် ယင်း၏မျိုးဆက်ဆယ်ဆက်တိုင်အောင် ထာ ဝရဘုရား၏လူမျိုးတော်စာရင်းတွင် မပါဝင်စေရ။
သူရဲကောင်းတစ်ဦးဖြစ်သူယေဖသသည် ပြည့်တန်ဆာမတစ်ယောက်၏သားဖြစ်၏။ သူ၏ဖခင်ဂိလဒ်၌၊-
ယေဖသသည်လည်းမိမိ၏ညီအစ်ကိုများ ထံမှထွက်ပြေး၍ တောဘပြည်၌နေထိုင် လေသည်။ ထိုအရပ်၌သူသည်အခြေအနေ မဲ့သူလူတစ်စု၏လေးစားမှုကိုခံရ သဖြင့် ထိုသူတို့သည်သူ၏နောက်သို့ လိုက်ကြလေသည်။