ဗင်ဒေကာ၊မာကတ်မြို့၊ရှာလဗိမ်မြို့၊ဗက်ရှေမက်မြို့၊ ဧလုဒ်မြို့နှင့်ဗက်ဟနန်မြို့၊
သူကြီး 1:35 - Common Language Bible အာမောရိအမျိုးသားတို့သည်အာဇလုန်မြို့၊ ရှာလဗိမ်မြို့နှင့်ဟေရက်တောင်စခန်းမြို့တို့ တွင်ဆက်လက်နေထိုင်ကြ၏။ သို့ရာတွင်ဧဖရိမ် အနွယ်ဝင်နှင့်မနာရှေအနွယ်ဝင်တို့သည်သူ တို့အားဆက်လက်အုပ်စိုး၍ချွေးတပ်ဆွဲကြ လေသည်။ Garrad Bible ထို အာ မော ရိ လူ မျိုး သည် ဟေ ရက် တောင် မှ စ၍၊ အာ ယ လုန် မြို့ နှင့်၊ ရှာ လ ဗိမ် မြို့ များ တွင် အ တင်း နေ သေး ရာ ယော သပ် အ နွယ် သား တို့ လက် ရုံး ရည် တိုး တက် သော အ ခါ လ မိုင်း အ မှု ကို ထမ်း ရ ကြ၏။ Judson Bible အာမောရိလူတို့သည် ဟေရက်တောင်ပေါ်မြို့၊ အာဇလုန်မြို့၊ ရှာလဗိမ်မြို့၌ အနိုင်နေကြ၏။ သို့ရာတွင် ယောသပ်အမျိုးသားတို့သည် အားကြီးသဖြင့် အာမောရိလူတို့သည် အခွန်ပေးရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အာမောရိလူမျိုးတို့သည် အာယလုန်မြို့၊ ရှာလဗိမ်မြို့နှင့် ဟေရက်တောင်ပေါ်တို့တွင် အတင်းနေထိုင်ကြ၏။ ယောသပ်အမျိုးအနွယ် အင်အားကြီးလာသောအခါ အာမောရိလူမျိုးတို့ကို အခွန်ဆက်စေကြ၏။ |
ဗင်ဒေကာ၊မာကတ်မြို့၊ရှာလဗိမ်မြို့၊ဗက်ရှေမက်မြို့၊ ဧလုဒ်မြို့နှင့်ဗက်ဟနန်မြို့၊
အာမောရိတပ်သားများကိုဣသရေလ အမျိုးသားတို့လက်သို့ ထာဝရဘုရား အပ်တော်မူသောနေ့၌ယောရှုက၊ ``အသင်နေမင်း၊ဂိဗောင်မြို့ပေါ်တွင်ရပ် တန့်၍နေလော့။ အသင်လမင်း၊အာဂလုန်မြို့ချိုင့်ဝှမ်းတွင် ရပ်တန့်၍နေလော့'' ဟု ဣသရေလအမျိုးသားတို့ရှေ့၌မြွက်ဆို၏။
အာမောရိအမျိုးသားတို့သည်ဒန်အနွယ်ဝင် တို့အား တောင်ကုန်းဒေသသို့နှင်ထုတ်လိုက်ကြ ပြီးလျှင်ချိုင့်ဝှမ်းဒေသသို့ပြန်လာခွင့်မပြု ကြ။-
သေလမြို့၏မြောက်ဘက်တွင်ဧဒုံပြည်နယ် နိမိတ်သည် အကရဗ္ဗိမ်တောင်ကြားလမ်းကို ဖြတ်၍သွားသတည်း။
ထိုနောက်သူသည်ကွယ်လွန်သော်သူ၏ရုပ် အလောင်းကို ဇာဗုလုန်နယ်မြေရှိအာဇလုန် မြို့၌သင်္ဂြိုဟ်ကြလေသည်။-