အို ဘုရားသခင်၊ ခိုင်ခံ့လုံခြုံသည့်မြို့တွင်းသို့အဘယ်သူသည် ကျွန်တော်မျိုးအားခေါ်ဆောင်သွားပါမည် နည်း။ အဘယ်သူသည်ကျွန်တော်မျိုးအားဧဒုံပြည် သို့ ပို့ဆောင်ပါမည်နည်း။
သူကြီး 1:12 - Common Language Bible ထိုသူတို့အနက်ကာလက်ဆိုသူက``ငါသည် ကိရယဿေဖာမြို့ကိုတိုက်ခိုက်အောင်မြင် သောသူအားငါ့သမီးအာခသနှင့် ပေးစားမည်'' ဟုဆို၏။- Garrad Bible ကိ ရ ယဿေ ဖာ မြို့ ကို လုပ် ကြံ တိုက် ယူ သူ့ အား၊ ငါ့ သ မီး အာ ခ သ နှင့် ပေး စား မည် ဟု ကာ လက် ဆို လျှင် Judson Bible ကာလက်က၊ ကိရယဿေဖာမြို့ကို တိုက်ယူလုပ်ကြံသောသူအား၊ ငါသည် သမီးအာခသကို ပေးစားမည်ဟုဆိုလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း ကာလက်က “ကိရယဿေဖာမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်သောသူအား ငါ့သမီးအာခသနှင့် ပေးစားမည်”ဟု ဆို၏။ |
အို ဘုရားသခင်၊ ခိုင်ခံ့လုံခြုံသည့်မြို့တွင်းသို့အဘယ်သူသည် ကျွန်တော်မျိုးအားခေါ်ဆောင်သွားပါမည် နည်း။ အဘယ်သူသည်ကျွန်တော်မျိုးအားဧဒုံပြည် သို့ ပို့ဆောင်ပါမည်နည်း။
အိမ်ထောင်သားမွေးမှုတို့ကိုပြုစေကြလော့။ သင်တို့၏သားသမီးတို့အားသားသမီးမွေး ဖွားစေရန်အိမ်ထောင်ပြုစေကြလော့။ သင်တို့ တွင်လူဦးရေတိုးပွားစေရမည်။ မဆုတ်ယုတ် စေရ။-
သူသည်ထိုမြို့မှတစ်ဆင့်ဒေဗိရမြို့သို့ ချီတက်တိုက်ခိုက်လေသည်။ (ယခင်ကဒေဗိရ မြို့သည်ကိရယဿေဖာမြို့ဟုခေါ်တွင်သည်။-)
ထိုမှတစ်ဖန်ယုဒအနွယ်ဝင်တို့သည်ထိုစဉ် အခါကကိရယဿေဖာဟုနာမည်တွင်သည့် ဒေဗိရမြို့သို့ချီတက်ကြ၏။-
ယင်းသို့ဆိုသည်အတိုင်းသြသံယေလသည် ထို မြို့ကိုအောင်မြင်စွာတိုက်ခိုက်နိုင်သည်ဖြစ်၍ ကာလက်၏သမီးကိုရလေသည်။ သူသည် ကာလက်၏ညီကေနတ်၏သားဖြစ်သတည်း။-
``သူ့အားကြည့်ကြလော့။ သူကြိမ်းဝါးသည် ကိုလည်းနားထောင်ကြလော့။ ရှောလုမင်း သည်ထိုသူ့ကိုသတ်ဖြတ်နိုင်သူအားဆု တော်လာဘ်တော်ကိုပေးတော်မူမည်ဟုကတိ ပြုထား၏။ မင်းကြီးသည်ထိုသူအား သမီး တော်နှင့်လည်းထိမ်းမြားစုံဖက်တော်မူပါ လိမ့်မည်။ ထို့ပြင်သူ့ဖခင်၏အိမ်ထောင်စုကို အခွန်တော်များလွတ်ငြိမ်းခွင့်ပြုတော်မူ လိမ့်မည်'' ဟုအချင်းချင်းပြောဆိုနေ ကြ၏။
ထို့ကြောင့်သူတို့သည်မင်းကြီးမှာကြားသည့် အတိုင်းဒါဝိဒ်အားတိုက်တွန်းကြ၏။ ဒါဝိဒ် က``ဘုရင့်သမက်တော်ဖြစ်ရသည်မှာအထူး ဂုဏ်ယူဖွယ်ရာဖြစ်ပါ၏။ အကျွန်ုပ်ကဲ့သို့ မရေရာသူဆင်းရဲသားတစ်ယောက်အတွက် မထိုက်တန်သောအခွင့်အရေးဖြစ်ပါ၏'' ဟုဆို၏။