သုတ္တံကျမ်း။ 8:9 - Common Language Bible နားလည်သောသူ၌ အလုံးစုံရှင်းလင်း၍၊ ပညာကိုရသော သူတို့အား ဟုတ်မှန်ကြ၏။ Garrad Bible နား လည် သော သူ အ သိ ပ ညာ ကို တွေ့ ရ သော သူ တို့၌၊ တော် မှန် ညီ ညွတ် လျက် ရှိ၏။ Judson Bible နားလည်သောသူ၌ အလုံးစုံရှင်းလင်း၍၊ ပညာကိုရသော သူတို့အားဟုတ်မှန်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုစကားအားလုံးတို့သည် အသိဉာဏ်ရှိသောသူအတွက် မှန်ကန်၍ အသိပညာကိုတွေ့ရှိသောသူတို့အတွက် ဖြောင့်မှန်၏။ |
ဥာဏ်ကောင်းသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို ရှာတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်ခြင်းကို ကျက်စားတတ်၏။
ပညာရှိသော သူလိုက်ရာ အသက်လမ်းသည် အောက်အရပ်၊ မရဏာနိုင်ငံမှ လွှဲရှောင်၍၊ အထက်သို့ ပို့ဆောင်တတ်၏။
ဥာဏ်ရှိသောသူသည် ပညာကို မျက်မှောက် ပြုတတ်၏။ မိုက်သောသူ၏ မျက်စိမူကား၊ မြေကြီးစွန်း တိုင်အောင်လှည့်၍ ကြည့်ရှုတတ်၏။
သမ္မာသတိရှိသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို သိုထားတက်၏။ ပညာရှိသော သူ၏နားသည် လည်း၊ ပညာစကားကို ရှာတတ်၏။
ထိုအရပ်တွင်``သန့်ရှင်းမြင့်မြတ်ရာသို့ သွားသည့်လမ်း'' ဟု နာမည်တွင်သောလမ်းမကြီးတစ်သွယ် ပေါ်ပေါက်၍လာလိမ့်မည်။ အဘယ်အပြစ်ကူးသူမှန်သမျှထိုလမ်းကို လျှောက်သွားရလိမ့်မည်မဟုတ်။ အဘယ်လူမိုက်ကမျှထိုလမ်းတွင် လျှောက်နေသူတို့အား လမ်းမှားစေနိုင်လိမ့်မည်မဟုတ်။
ဣသရေလအမျိုးသားတို့သည် ကျိန်စာ သင့်နေပြီဟူ၍မထင်ပါနှင့်။ ထာဝရ ဘုရားသည်သည်းမခံနိုင်တော့ပြီလော။ ကိုယ်တော်သည်ထိုသို့ဧကန်ပြုတော်မူ ပါမည်လော။ ဖြောင့်မတ်စွာကျင့်ကြံသူ တို့အား ကိုယ်တော်သည်သနားကြင်နာ သည့်စကားကိုပြောတော်မူမည်မဟုတ် ပါလော'' ဟုငါ့အားပြန်၍တရားဟော ကြ၏။
ပရောဖက်ကျမ်းများတွင်`ထိုသူအပေါင်းတို့ သည်ဘုရားသခင်၏သွန်သင်တော်မူခြင်းကို ခံကြလိမ့်မည်' ဟုပါရှိ၏။ သို့ဖြစ်၍ခမည်းတော် မိန့်တော်မူသောစကားကိုကြား၍ အထံတော် မှနည်းနာခံယူသူအပေါင်းတို့သည်ငါ့ထံ သို့လာကြ၏။-
ထိုအရှင်၏အလိုတော်ကိုလိုက်လျှောက်လို သူသည် ငါဟောပြောသောတရားကားဘုရား သခင်၏တရားလော၊ သို့မဟုတ်ငါ၏ကိုယ် ပိုင်တရားလောဟူ၍ခွဲခြားသိလိမ့်မည်။-
သင်တို့အနက်တစ်စုံတစ်ယောက်သည်ဉာဏ် ပညာချို့တဲ့ပါလျှင် ဘုရားသခင်ထံတောင်း လျှောက်စေ။ ဘုရားသခင်သည်သူ့အားဉာဏ် ပညာကိုပေးသနားတော်မူလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ကိုယ်တော်သည်လူခပ်သိမ်းတို့ အားရက်ရောစွာကျေးဇူးပြုတော်မူတတ် သောကြောင့်ဖြစ်၏။-