ကိုယ်တော်သည်ငါ့ကိုအားသစ်လောင်းတော်မူ၏။ ကတိတော်ရှိတော်မူသည့်အတိုင်းလမ်းမှန်သို့ ပို့ဆောင်တော်မူ၏။
သုတ္တံကျမ်း။ 8:20 - Common Language Bible ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌ ရှောက်သွားသည်ဖြစ်၍၊ Garrad Bible ငါ့ ကို ချစ် ခင် သော သူ တို့ သည်၊ အ ပိုင် ရ သည့် ပြင်၊ ဘ ဏ္ဍာ တိုက် များ ကို လည်း ပြည့် ဝ စေ ရန်၊ ဖြောင့် မတ် ခြင်း လမ်း၊ တ ရား သ ဖြင့် စောင့် ခြင်း လမ်း များ အ လယ် တွင် ငါ လျှောက် သွား တတ်၏။ Judson Bible ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌ လျှောက်သွားသည်ဖြစ်၍၊ မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားမျှတခြင်းလမ်း၏အလယ်၌ လျှောက်သွား၍ |
ကိုယ်တော်သည်ငါ့ကိုအားသစ်လောင်းတော်မူ၏။ ကတိတော်ရှိတော်မူသည့်အတိုင်းလမ်းမှန်သို့ ပို့ဆောင်တော်မူ၏။
ထာဝရဘုရားက ``ငါသည်သင်လိုက်လျှောက်သင့်သည့်လမ်းကို ပြညွှန်မည်။ သင့်အားအကြံဉာဏ်ပေး၍ကြည့်ရှုပြုစုမည်။
သင်သည် သူတော်ကောင်းတို့၏ လမ်းသို့ရှောက်၍၊ ဖြောင့်မတ်သော သူတို့၏ လမ်းခရီးထဲက မထွက်ဘဲ အစဉ်တစိုက်လိုက်ရမည်အကြောင်းတည်း။
ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ်စွာ ကျင့်ခြင်း။ တရားသဖြင့်စီရင်ခြင်း၊ လျစ်လျူစွာ ဆုံးဖြတ် ခြင်းမှစ၍၊ ကောင်းသောလမ်းရှိသမျှတို့ကို သိနားလည် လိမ့်မည်။
သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။
သင်သည် အခြားသို့ သွားသောအခါ၊ ထိုပညတ် တရားသည် လမ်းပြလိမ့်မည်။ အိပ်သောအခါ သင့်ကို စောင့်လိမ့်မည်။ နိုးသောအခါ သင်နှင့် နှုတ်ဆက် လိမ့်မည်။
ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင် ထက်သာ၍မြတ်၏။ ငါကြောင့်ရသောအခွန်ဘဏ္ဍာသည် ငွေတော်ထက်သာ၍ မြတ်၏။
ငါ့ကိုချစ်သော သူတို့သည် အမွေခံရသော အခွင့်နှင့်၊ သူတို့ဘဏ္ဍာတိုက်ပြည့်ဝစေသော အခွင့်ကို ငါပေးတတ်၏။
သူတို့က ``ထာဝရဘုရား၏တောင်တော်ပေါ်သို့ ဣသရေလအမျိုးသားတို့ဘုရားသခင်၏ ဗိမာန်တော်သို့ငါတို့တက်ကြကုန်အံ့။ ကိုယ်တော်၏အလိုတော်ကိုသင်ယူကြကုန်အံ့။ ကိုယ်တော်ရွေးချယ်ပေးတော်မူသောလမ်းကို ငါတို့လိုက်လျှောက်ကြကုန်အံ့'' ဟုဆိုကြ လိမ့်မည်။ ``ထာဝရဘုရား၏တရားတော်သည် ယေရုရှလင်မြို့မှလည်းကောင်း ကိုယ်တော်၏နှုတ်ကပတ်တော်သည် ဇိအုန်တောင်ပေါ်မှလည်းကောင်း ပေါ်ထွက်လာလိမ့်မည်။''
သူတို့သည်အဘယ်အခါ၌မျှအစာရေစာ ငတ်မွတ် ရလိမ့်မည်မဟုတ်။ သူတို့သည်မိမိတို့အားချစ်မြတ်နိုးတော် မူသော အရှင်၏လမ်းပြပို့ဆောင်မှုကိုခံယူ၍၊ နေနှင့်သဲကန္တာရအပူရှိန်ကြောင့်ဘေး အန္တရာယ် ရောက်ရလိမ့်မည်မဟုတ်။ ထိုအရှင်သည်သူတို့အားစမ်းရေတွင်းများ ရှိရာသို့ ပို့ဆောင်တော်မူလိမ့်မည်။
ငါသည်သူ့ကိုလူမျိုးတကာတို့၏ခေါင်းဆောင် ဗိုလ်ချုပ်အဖြစ်ခန့်ထားစေပြီးလျှင်၊ ငါ၏ တန်ခိုးတော် ကိုလူတို့ရှေ့၌သက်သေဖြစ်စေမည်။
သိုးထိန်းအားတံခါးစောင့်သည်တံခါးဖွင့်၍ ပေးတတ်၏။ သိုးတို့သည်သူ၏အသံကိုနား ထောင်တတ်ကြ၏။ သူသည်သိုးတို့ကိုနာမည် ဖြင့်ခေါ်၍သိုးခြံမှထုတ်ဆောင်တတ်၏။-
``ဣသရေလအမျိုးသားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း လိုက်နာရမည်။ မည်သည့်ပညတ်တော်ကိုမျှမချိုး ဖောက်နှင့်။-
အဘယ်ကြောင့်ဆိုသော်ပလ္လင်တော်အလယ် တွင်ရှိတော်မူသော သိုးသူငယ်တော်သည် သူတို့အားစောင့်ထိန်းကြည့်ရှု၍ အသက် စမ်းရေရှိရာအရပ်သို့ပို့ဆောင်တော်မူမည် ဖြစ်သောကြောင့်တည်း။ ဘုရားသခင်သည် လည်းသူတို့၏မျက်ရည်ရှိသမျှကိုသုတ် တော်မူလိမ့်မည်'' ဟုဆို၏။