ယောဘအမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။
သုတ္တံကျမ်း။ 8:13 - Common Language Bible ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသော လမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း၏။ Garrad Bible ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော ကား။ ဒု စ ရိုက် ကို မုန်း ထား ခြင်း တည်း။ မာ န ကြီး ခြင်း နှင့် မောက် မာ ခြင်း ကို လည်း ကောင်း၊ မ ကောင်း သော အ လေ့ အ လာ နှင့် ကောက် ကျစ် သော နှုတ် ကိုလည်း ကောင်း၊ ငါ မုန်း ထား ၏။ Judson Bible ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကို မုန်းသောသဘောတည်း။ မာနထောင်လွှားခြင်း၊ စော်ကားခြင်း၊ မကောင်းသောလမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့် ပြောဆိုခြင်းတို့ကို ငါမုန်း၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် မကောင်းမှုကိုမုန်းတီးခြင်းဖြစ်၏။ မောက်မာထောင်လွှားခြင်းနှင့် မာနကြီးခြင်း၊ မကောင်းသောလမ်းနှင့် ဖောက်ပြန်လွဲမှားသောစကားကို ငါမုန်း၏။ |
ယောဘအမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။
လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။
မကောင်းမှုကိုအဘယ်အခါ၌မျှသည်းခံမည် မဟုတ်ပါ။ ဘုရားသခင်အားကျောခိုင်းသူတို့၏ အပြုအမူတို့ကိုမုန်း၍ ထိုအပြုအမူတို့နှင့်အဘယ်သို့မျှပတ်သက် မည် မဟုတ်ပါ။
ကွန်တော်မျိုးသည်ပညတ်တော်မားမှ ဉာဏ်ပညာကိုရရှိသဖြင့်အကင့်ဆိုး ဟူသမှကိုမုန်းပါ၏။
သို့ဖြစ်၍ကွန်တော်မျိုးသည်ဥပဒေသတော် ရှိသမှတို့ကိုစောင့်ထိန်း၍ လမ်းမှားရှိသမှတို့ကိုမုန်းပါ၏။
ကိုယ်တော်သည်လွန်စွာကြီးမြတ်တော်မူသော်လည်း နိမ့်ကျသူတို့အားကြည့်ရှုစောင့်ရှောက်တော်မူ၏။ မာန်မာနကြီးသူတို့ကိုမူကားအဝေးက သိတော်မူ၏။
ထာဝရဘုရားသည်မကောင်းမှုကို မုန်းသောသူတို့အားချစ်တော်မူ၏။ မိမိလူစုတော်၏စည်းစိမ်ကိုကာကွယ် စောင့်ရှောက်တော်မူ၏။ ကိုယ်တော်သည်သူတို့အားသူယုတ်မာတို့ ၏လက်မှ ကယ်ဆယ်တော်မူ၏။
သို့ရာတွင်ဝမ်းဆွဲအမျိုးသမီးတို့သည် ထာဝရဘုရားကိုကြောက်ရွံ့သူများဖြစ်သောကြောင့် ဘုရင်၏အမိန့်ကိုမနာခံဘဲယောကျာ်းကလေးများကိုအသက်ချမ်းသာစေကြ၏။-
ဖြောင့်မတ်သောသူ၏ နှုတ်မှပညာစကား ထွက် တတ်၏။ ကောက်လိမ်သော လျှာမူကား၊ အဖြတ်ခံရ လိမ့်မည်။
မတရားသော သူလိုက်သောလမ်းကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်း တရား လမ်းသို့ လိုက်သောသူကိုကား ချစ်တော်မူ၏။
မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည် အသင်းဖွဲ့သော် လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။
ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။
ကောက်သောစကားတို့ကို၎င်း၊ ငြင်းဆန်တတ် သော နှုတ်ခမ်းတို့ကို၎င်း ဝေးစွာ ပယ်ရှောင်လော့။
ထာဝရဘုရားက``ငါသည်ဘေးအန္တရာယ် ဆိုးကိုကမ္ဘာမြေပေါ်သို့သက်ရောက်စေ၍ သူ ယုတ်မာတို့အားမိမိတို့၏အပြစ်များ အတွက်အပြစ်ဒဏ်ခတ်မည်။ ငါသည်မာန် မာနကြီးသူမှန်သမျှကိုရှုတ်ချ၍ စိတ် ကြီးဝင်ကာရက်စက်ကြမ်းကြုတ်သူ အပေါင်းအားအပြစ်ဒဏ်ခတ်မည်။-
အဆိုးကိုမုန်း၍အကောင်းကိုမြတ်နိုး လော့။ ရုံးတော်များ၌တရားမျှတမှုရှိ စေရန်စောင့်ရှောက်ကြလော့။ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရားသခင်သည် ယောသပ်အမျိုးသားအနက်အသက်ရှင် လျက်ကျန်ရစ်သူအချို့ကို သနားကောင်း သနားတော်မူလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသခင်က``ဣသရေလ၏မာနကိုငါရွံရှာ ၏။ သူတို့စည်းစိမ်ခံရာအိမ်ကြီးများကို လည်းငါစက်ဆုတ်၏။ သူတို့မြို့တော်နှင့်မြို့ တွင်းရှိအရာအားလုံးကို ရန်သူ့လက်သို့ ငါပေးအပ်လိုက်မည်'' ဟုအရှင်ထာဝရ ဘုရားအလေးအနက်ကျိန်ဆိုသတိ ပေးတော်မူပြီ။
သင်တို့သည်အချင်းချင်းဘေးအန္တရာယ်ဖြစ် စေမည့်အကြံအစည်ကိုမပြုကြနှင့်။ ကျိန် ဆိုခြင်းကိုပြုလျက်မမှန်သောသက်သေကို မခံကြနှင့်။ လိမ်လည်ပြောဆိုမှု၊ မတရား သည့်အမှုနှင့် အကြမ်းဖက်မှုတို့ကိုငါမုန်း ၏'' ဟုမိန့်တော်မူ၏။
သင်တို့၏မေတ္တာသည်ဟန်ဆောင်မှုနှင့်လုံးဝ ကင်းရမည်။ သင်တို့သည်ဆိုးညစ်မှုကိုမုန်း ၍ကောင်းမြတ်မှုကိုစွဲလမ်းလော့။-
သို့ရာတွင်ဘုရားသခင်ချထားတော်မူ သည့်အုတ်မြစ်သည်ခိုင်ခံ့လျက်ရှိပေသည်။ ထိုအုတ်မြစ်ပေါ်တွင်``ထာဝရဘုရားသည် မိမိ၏လူစုတော်အားသိတော်မူ၏'' ဟူ၍ လည်းကောင်း၊``သခင်ဘုရား၏နာမတော်ကို ခံရသူအပေါင်းတို့သည်မကောင်းမှုကို ရှောင်ကြဉ်ရကြမည်'' ဟူ၍လည်းကောင်း ကမ္ပည်းရေးထိုး၍ထားသတည်း။
ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-
ထာဝရဘုရားသည်သဗ္ဗညုတဉာဏ်နှင့် ပြည့်စုံတော်မူ၍၊ လူတို့ပြုသောအမှုရှိသမျှကိုစစ်ဆေး စီရင်တော်မူသည်ဖြစ်ရာ၊ သင်တို့သည်ကျယ်လောင်စွာကြွားဝါမှုကို မပြုကြနှင့်။ မောက်မာသောစကားကိုနှုတ်မှမထွက်စေနှင့်။