သုတ္တံကျမ်း။ 7:1 - Common Language Bible ငါ့သား၊ ငါ့စကားကို စေ့စေ့နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌ သိုထားလော့။ Garrad Bible ငါ့ သား၊ ငါ့ စ ကား ကို စောင့် ရှောက်၍၊ ငါ့ ပ ညတ် များ ကို ပိုက် ကျုံး လော့။ Judson Bible ငါ့သား၊ ငါ့စကားကို စေ့စေ့နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌သိုထားလော့။ မြန်မာ့စံမီသမ္မာကျမ်း ငါ့သား၊ ငါ့စကားတို့ကိုစောင့်ထိန်း၍ ငါ၏ပညတ်ချက်တို့ကို သင့်အထဲ၌သိုမှီးထားလော့။ |
ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ်၏။ မိုက်သောသူ၏နှုတ်မူကား၊ အကျိုး နည်းခြင်းနှင့်နီးစပ်၏။
လျော်ပြစ်ငွေမည်မျှကို ပမာဏမပြုတတ်။ များစွာသော လက်ဆောင်တို့ကိုပေးသော်လည်း စိတ် မပြေတတ်။
သို့ရာတွင်ကိုယ်တော်က ``ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုကြား၍လိုက်နာသူသည် မင်္ဂလာရှိ၏ဟုဆိုလျှင်ပို၍သင့်မြတ်လိမ့်မည်'' ဟူ၍မိန့်တော်မူ၏။
မြေကောင်းမြေသန့်တွင်ကျသောမျိုးစေ့မူကား နှုတ်ကပတ်တော်ကိုကြားပြီးနောက် ရိုးဖြောင့် ကောင်းမွန်သောစိတ်နှလုံးတွင်စွဲမြဲစွာခံယူ ကာအသီးသီးသူများကိုဆိုလိုသတည်း။
သခင်ယေရှုက ``ငါ့ကိုချစ်သောသူသည် ငါ့သွန်သင်ချက်ကိုခံယူလိမ့်မည်။ သို့ဖြစ်၍ ငါ့ခမည်းတော်သည်ထိုသူကိုချစ်တော်မူ လိမ့်မည်။ ငါ့ခမည်းတော်နှင့်ငါသည်လည်းသူ့ ထံသို့လာ၍သူနှင့်အတူကျိန်းဝပ်မည်။-
ကျွန်သည်သခင်ထက်ကြီးမြတ်သည်မဟုတ်ဟု သင်တို့အားငါပြောခဲ့သည်ကိုသတိရကြလော့။ လောကသားတို့သည်ငါ့ကိုညှဉ်းပန်းခဲ့ကြလျှင် သင်တို့ကိုလည်းညှဉ်းပန်းကြလိမ့်မည်။ သူတို့ သည်ငါ့စကားကိုလိုက်နာလျှင် သင်တို့၏ စကားကိုလည်းလိုက်နာကြလိမ့်မည်။-
သို့ရာတွင်သင်တို့သည် ဤပညတ်တော်များ ကိုမစောင့်ထိန်းဘဲ သင်တို့ယခင်ကမကိုး ကွယ်ဘူးသောအခြားဘုရားများကို ကိုး ကွယ်လျှင်ကျိန်ခြင်းကိုခံရမည်။-
ဖော်ပြပါအမှုအရာများဖြစ်ပျက်မည့် အချိန်နီးကပ်လျက်ရှိပြီဖြစ်ရာ ဤဗျာဒိတ် ကျမ်းကိုဖတ်ရှုသူများနှင့်အဆိုပါအနာ ဂတ်ကျမ်းတွင် ရေးသားပါရှိသည့်တရား စကားများကိုနာယူကျင့်သုံးသူတို့သည် မင်္ဂလာရှိကြ၏။
ကောင်းကင်တမန်က``ဤသို့မပြုနှင့်။ ငါသည်သင်နှင့် သင်၏ညီအစ်ကိုပရောဖက်များနှင့် ဤကျမ်းစောင် ၏စကားကိုလိုက်နာစောင့်ထိန်းသူတို့၏လုပ်ဖော် ဆောင်ဘက်အစေခံတစ်ဦးသာလျှင်ဖြစ်၏။ ဘုရား သခင်ကိုသာလျှင်ရှိခိုးလော့'' ဟုဆို၏။-