လျော်ပြစ်ငွေမည်မျှကို ပမာဏမပြုတတ်။ များစွာသော လက်ဆောင်တို့ကိုပေးသော်လည်း စိတ် မပြေတတ်။
လျော် ပြစ် ငွေ ကို မည် မျှ ကို ပ မာ ဏ မ ပြု တတ်။ လက် ဆောင် ပ ဏ္ဏာ များ စွာ အပ် ပေး သော် လည်း၊ မ ကျေ မ နပ်။
လျော်ပြစ်ငွေမည်မျှကို ပမာဏမပြုတတ်။ များစွာသောလက်ဆောင်တို့ကို ပေးသော်လည်း စိတ်မပြေတတ်။
မည်သည့်လျော်ကြေးကိုမျှ လက်ခံလိမ့်မည်မဟုတ်။ များစွာသောတံစိုးလက်ဆောင်ကိုလည်း အလိုရှိလိမ့်မည်မဟုတ်။
ရှုရိတပ်မတော်ဗိုလ်ချုပ်နေမန်သည် ရှုရိဘုရင် ၏ရိုသေလေးစားမှုကိုများစွာခံရသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော်နေမန်အားဖြင့် ထာဝရ ဘုရားသည်ရှုရိတပ်များကိုအောင်ပွဲခံစေတော် မူသောကြောင့်ဖြစ်၏။ နေမန်သည်သူရဲကောင်း ကြီးတစ်ဦးဖြစ်သော်လည်း ကြောက်ရွံ့ဖွယ်ဖြစ် သောအရေပြားရောဂါစွဲကပ်နေသူဖြစ်ပေ သည်။-
ငါမူကား၊ အဘ၏ရင်နှစ်၊ အမိရှေ့မှာနူးညံ့၍ အချစ်ဆုံးသော သားဖြစ်၏။
အကြောင်းမူကား၊ ယောက်ျားသည် မယားကို မယုံသောစိတ်ရှိလျှင်၊ ပြင်းထန်စွာ အမျက်ထွက်တတ်၏။ အပြစ်ပေးချိန်ရောက်သောအခါ သနားခြင်းမရှိတတ်။
ငါ့သား၊ ငါ့စကားကို စေ့စေ့နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌ သိုထားလော့။
ထိုလူပျိုကိုတွေ့သောအခါ၊ ရဲသောမျက်နှာနှင့် ဘမ်းဘက်နမ်းရှုပ်လျက်၊
တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မှီ၊
ငါတို့၌ ညီမငယ်တယောက်ရှိ၏။ သူသည် သားမြတ်မပေါ်သေး။ ထိုညီမကို တောင်းသောအခါ၌၊ သူ့အဘို့အဘယ်သို့ ပြု့ရပါမည်နည်း။
ထာဝရဘုရားက``ငါသည်မေဒိအမျိုး သားတို့အား ဗာဗုလုန်ပြည်ကိုတိုက်ခိုက် ရန်လှုံ့ဆော်လျက်ရှိ၏။ သူတို့သည်ငွေကို ပမာဏမပြု။ ရွှေကိုလည်းမမက်မော။-
သို့ဖြစ်၍လူတိုင်းပင်လျှင် ရှုတ်ချခြင်းကိုခံရ ၍အရှက်ကွဲကြပါလိမ့်မည်။ အို ထာဝရဘုရား၊ သူတို့အားအပြစ်ဖြေလွှတ်တော်မမူပါနှင့်။
သင်တို့သည်ငါ၏လူမျိုးတော်အားပညတ် တော်များကို သွန်သင်ရာ၌မျက်နှာကြီးငယ် လိုက်ကြသဖြင့် ငါသည်လည်းသင်တို့အား ဣသရေလအမျိုးသားတို့စက်ဆုတ်ရွံရှာ အောင်ပြုမည်။