သို့ရာတွင်ယောသပ်ကငြင်းဆန်လျက်``သခင်သည် ကျွန်တော်အားအရာရာကိုမျက်နှာလွှဲအပ်ထား ပါသည်။ သခင်ပိုင်သမျှဥစ္စာပစ္စည်းကိုထိန်းသိမ်း ရန်ကျွန်တော်အားတာဝန်ပေးအပ်ထားပါသည်။-
သုတ္တံကျမ်း။ 6:23 - Common Language Bible အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက် ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။ Garrad Bible အ သို့ ဆို သော်၊ ထို ပ ညတ် သည် မီး ခွက် သ ဖွယ်၊ တ ရား လည်း အ လင်း သ ဖွယ်၊ ဖြစ် သည့် ပြင်၊ ဆုံး မ ပဲ့ ပြင် ခြင်း သည်၊ မိန်း မ ဆိုး မှ လည်း ကောင်း၊ နှုတ် ဖြင့် မြှောက် ပင့် တတ် သော မိန်း မ ရွှင် မှလည်း ကောင်း၊ သင့် ကို ကွယ် ကာ စောင့် ရှောက် စေ ခြင်း ငှာ၊ အ သက် လမ်း သ ဖွယ် ဖြစ် ၏။ Judson Bible အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက်ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ပညတ်ချက်သည် မီးခွက်ဖြစ်၍ သွန်သင်ချက်သည် အလင်းဖြစ်၏။ ဆုံးမပဲ့ပြင်ပေးသောဆိုဆုံးမစကားတို့သည်လည်း အသက်လမ်းဖြစ်၍ |
သို့ရာတွင်ယောသပ်ကငြင်းဆန်လျက်``သခင်သည် ကျွန်တော်အားအရာရာကိုမျက်နှာလွှဲအပ်ထား ပါသည်။ သခင်ပိုင်သမျှဥစ္စာပစ္စည်းကိုထိန်းသိမ်း ရန်ကျွန်တော်အားတာဝန်ပေးအပ်ထားပါသည်။-
နှုတ်ကပတ်တော်သည်မီးခွက်ဖြစ်၍ကွန်တော်မျိုး သွားရာလမ်းကိုလင်းစေပါ၏။
ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကို ရှင်းလင်းဖော်ပြမှုသည်အလင်းကိုပေး၍ ပညာမဲ့သူတို့ကိုပညာရရှိစေပါ၏။
သူတော်ကောင်းသည်ကျွန်တော်မျိုးအား သနားကြင်နာစွာဒဏ်ပေးခြင်းပြောဆို ဆုံးမခြင်းကိုပြုပေလိမ့်မည်။ သို့ရာတွင်သူယုတ်မာတို့၏ချီးမြှင့်ဂုဏ်ပြု ခြင်းကို ခံယူလိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့အပြစ် ဒုစရိုက်နှင့်ပတ်သက်၍ ကျွန်တော်မျိုးအစဉ်ပတ္ထနာပြုလျက်နေသော ကြောင့် ဖြစ်ပါ၏။
ထာဝရဘုရား၏နည်းဥပဒေတို့သည် မှန်ကန်သည်ဖြစ်၍လိုက်နာစောင့်ထိန်းသူ တို့၏ စိတ်ကိုရွှင်လန်းစေတတ်၏။ ကိုယ်တော်၏ပညတ်တော်တို့သည်တရား မျှတသည် ဖြစ်၍စိတ်နှလုံးကိုအသိဉာဏ်ပေးတတ်၏။
နည်းဥပဒေသကို စောင့်ရှောက်သောသူသည် အသက်လမ်းသို့ လိုက်တတ်၏။ ဆုံးမခြင်းကို ငြင်းပယ် သောသူမူကား လမ်းလွဲတတ်၏။
ပညာရှိသော သူလိုက်ရာ အသက်လမ်းသည် အောက်အရပ်၊ မရဏာနိုင်ငံမှ လွှဲရှောင်၍၊ အထက်သို့ ပို့ဆောင်တတ်၏။
အသက်နှင့်ယှဉ်သောဆုံးမခြင်းစကားကို နား ထောင်သောသူသည် ပညာရှိတို့နှင့် ပေါင်းဘော်ရသော အခွင့်ရှိ၏။
ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့် ပညာတိုးပွါးတတ်၏။ တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ်၏။
ငါ့အဘသွန်သင်၍မြွက်ဆိုလေသည်ကား၊ ငါ့စကားကို သင်၏နှလုံး၌ သွင်းမိ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့။
ငါသည် သွန်သင်ခြင်းကို မုန်းလေပြီတကား။ ဆုံးမခြင်းကို စိတ်နှလုံးထဲမှာ မထီမဲ့မြင်ပြုလေပြီ တကား။
ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သော မိန်းမသည်၊ သေခြင်းထက် သာ၍ ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင် စိတ်တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့် မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဘမ်းမိလိမ့်မည်။
လူမိုက်သီချင်းဆိုသောစကားကို နားထောင် သည်ထက်၊ ပညာရှိဆုံးမသောစကားကို နားထောင်သော် သာ၍ ကောင်း၏။
ထိုအခါသင်တို့က``ထာဝရဘုရား၏ သွန်သင်တော်မူချက်ကိုနားထောင်ကြ။ သူ တို့ပြောဆိုသောစကားများသည်သင်တို့ အတွက်အကျိုးမရှိ'' ဟုပြန်ပြောကြ လော့။
ထိုနောက်ထာဝရဘုရားက လူတို့အား ပြောကြားစေသည်မှာ``နားထောင်လော့၊ ငါ ထာဝရဘုရားသည်သင်တို့ရွေးချယ်နိုင် ရန်အတွက်အသက်ရှင်ရာလမ်းနှင့် အသက် သေရာလမ်းကိုဖွင့်ပြထားမည်ဖြစ် ကြောင်းပြောကြားလော့။-
ငါ၏အမိန့်တို့ကိုနာခံစေ၍ ပညတ်တော် တို့ကိုသင်ကြားပေး၏။ ယင်းတို့ကိုစောင့် ထိန်းသူတို့သည်အသက်ရှင်ရလိမ့်မည်။-
``သူတစ်ပါးအားရန်ငြိုးမထားနှင့်။ သူ့ ကြောင့်သင်သည်အပြစ်မကူးလွန်မိစေ ရန် သူနှင့်သဘောကွဲလွဲချက်များကိုတွေ့ ဆုံဖြေရှင်းလော့။-
သို့ဖြစ်၍ငါတို့သည်ပရောဖက်များကြေညာ သည့်ဗျာဒိတ်တော်ကိုပို၍စိတ်ချယုံကြည် ကြ၏။ ထိုဗျာဒိတ်တော်ကိုဂရုပြုလော့။ အဘယ် ကြောင့်ဆိုသော်ယင်းသည်အရုဏ်ကျင်းလျက် နေအလင်းပေါ်၍ သင်တို့စိတ်နှလုံးထဲတွင် အရုဏ်ကြယ်ပေါ်ထွက်ချိန်မတိုင်မီအမှောင် ထဲတွင်ထွန်းလင်းလျက်နေသည့်မီးခွက်နှင့်တူ၏။-
သို့ဖြစ်၍သင်သည်အဘယ်မျှလောက်ကျဆင်း လာသည်ကိုဆင်ခြင်လော့။ နောင်တရ၍အစ ကပြုကျင့်ခဲ့သည့်အတိုင်းပြုကျင့်လော့။ သို့ မပြုပါမူသင်ရှိရာသို့ငါလာခဲ့မည်။ သင် နောင်တမရလျှင်သင်၏မီးခွက်ကိုနေရာမှ ငါဖယ်ရှားပစ်မည်။-