နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထား လော့။
နှ လုံး ပေါ် တွင် အ စဉ် ချည်၍၊ လည်၌ ပတ် ရစ် လော့။
နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထားလော့။
၎င်းတို့ကို သင်၏စိတ်နှလုံးတွင် အစဉ်မပြတ်ချည်ထား၍ သင်၏လည်ပင်း၌ဆွဲထားလော့။
ထာဝရဘုရားသည်မဟာတန်ခိုးတော် ဖြင့် ငါတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ ခြင်းကြောင့် ဤပွဲတော်သည်သင်၏လက်သို့ မဟုတ်သင်၏နဖူးပေါ်တွင်ချည်ထားသော အမှတ်လက္ခဏာသဖွယ် သင်တို့အားသတိ ရစေလိမ့်မည်' ဟုပြန်ပြောရမည်'' ဟူ၍ ပြောဆိုလေ၏။
ထာဝရဘုရားသည်မဟာတန်ခိုးတော်ဖြင့် သင်တို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သောကြောင့် သင်တို့သည်ထာဝရဘုရား၏ ပညတ်တော်ကိုအမြဲရွတ်ဆိုလေ့လာနေစေ ရန် ပွဲတော်သည်သင်တို့၏လက်သို့မဟုတ်သင် တို့၏နဖူးပေါ်တွင်ချည်ထားသောအမှတ်လက္ခ ဏာသဖွယ် သင်တို့အားသတိရစေလိမ့်မည်။-
ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့် မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ဆွဲထား လော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။
သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးတွင်း၌ စောင့်ထားလော့။
ပညာကိုမစွန့်နှင့်။ သူသည်သင့်ကို ထိန်းသိမ်း လိမ့်မည်။ သူ့ကိုချစ်လော့။ သင့်ကို စောင့်မလိမ့်မည်။
ထိုစာကိုခရစ်တော်ကိုယ်တိုင်ရေး၍ငါတို့ နှင့်ပေးပို့တော်မူသည်မှာထင်ရှား၏။ ထိုစာ ကားမင်ဖြင့်ရေးသောစာမဟုတ်။ အသက်ရှင် တော်မူသောဘုရားသခင်၏ဝိညာဉ်တော် ဖြင့်ရေးသောစာဖြစ်၏။ ထိုစာကိုကျောက် ပြားပေါ်တွင်မရေးဘဲနှလုံးသားပေါ်တွင် ရေးသတည်း။
ထိုပညတ်များကိုသတိရနေစေရန် သင် တို့၏လက်မောင်း၌လည်းကောင်း၊ နဖူး၌ လည်းကောင်းချည်ထားရမည်။-