အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သုတ္တံကျမ်း။ 6:11 - Common Language Bible

ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာ လိမ့်မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

သင်၌ ဆင်း ရဲ ခြင်း သည် ဓား ပြ ကဲ့ သို့ လည်း‌ ကောင်း၊ နွမ်း ပါး ခြင်း သည် သူ ရဲ ကဲ့ သို့ လည်း‌ ကောင်း၊ သင့် ရောက် လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ဆင်း​ရဲ​ခြင်း​သည် ခ​ရီး​သွား​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ ဥ​စ္စာ​ပြုန်း​တီး​ခြင်း​သည် သူ​ရဲ​ကဲ့​သို့​လည်း​ကောင်း ရောက်​လာ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဆင်းရဲ​ခြင်း​သည် သူခိုးဓားပြ​ကဲ့သို့​လည်းကောင်း​၊ ချို့တဲ့​နွမ်းပါး​ခြင်း​သည် လက်နက်​ကိုင်ဆောင်​သူ​ကဲ့သို့​လည်းကောင်း သင့်​ထံသို့​ရောက်လာ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။



သုတ္တံကျမ်း။ 6:11
9 ပူးပေါင်းရင်းမြစ်များ  

ပျင်းရိသောသူသည် ဆင်းရဲခြင်း၊ လုံ့လဝိရိယ ရှိသောသူသည် ကြွယ်ဝခြင်းသို့ ရောက်တတ်၏။


ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့် တ၍ မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလို ဆန္ဒပြည့်စုံရ၏။


ပျင်းရိသော သဘောသည် လွန်ကျူးစွာ အိပ် ပျော်စေ၍၊ ပျင်းရိသောသူသည် အငတ်ခံရ၏။


ဆင်းရဲမည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍၊ အိပ် ခြင်းကိုမတပ်မက်နှင့်။ နိုးတတ်လျှင် ဝစွာစားရ၏။


ချမ်းသောကြောင့် ပျင်းရိသောသူသည် လယ် မလုပ်လို။ ထိုကြောင့် စပါးရိတ်သော ကာလ၌သူတပါးကို တောင်းသော်လည်း မရရာ။


သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူးသော သဘော သည် လူကိုအဝတ်စုတ်နှင့် ခြုံတတ်၏။


ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်ခြင်း ငှါ၊ ခဏ လက်ချင်းပိုက်လျက်နေစဉ်တွင်၊


ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာလိမ့် မည်။


မိုက်သောသူသည် မိမိလက်ချင်းပိုက်ထား၍၊ မိမိ အသားကို စားတတ်၏။