သုတ္တံကျမ်း။ 31:10 - Common Language Bible သီလနှင့်ပြည့်စုံသော မိန်မကိုအဘယ်သူတွေ့ရ သနည်း။ ထိုသို့သောမိန်းမသည် ပတ္တမြားထက် အဘိုး သာ၍ ထိုက်ပေ၏။ Garrad Bible နှ လုံး ရည် ကောင်း သော မိန်း မ ကို၊ မည် သူ တွေ့ ရ သ နည်း။ ထို မိန်း မ သည် ပ တ္တ မြား ထက် လွန်၍ ထိုက် တန်၏။ Judson Bible သီလနှင့်ပြည့်စုံသော မိန်းမကို အဘယ်သူတွေ့ရသနည်း။ ထိုသို့သောမိန်းမသည် ပတ္တမြားထက် အဖိုးသာ၍ ထိုက်ပေ၏။ မြန်မာ့စံမီသမ္မာကျမ်း စွမ်းရည်နှင့်ပြည့်စုံသောမယားကို မည်သူတွေ့နိုင်သနည်း။ ထိုသို့သောမယားသည် ပတ္တမြားထက်များစွာအဖိုးထိုက်၏။ |
သီလရှိသော မိန်းမသည် မိမိလင်၌ ဦးရစ်သရဖူ ဖြစ်၏။ အရှက်ခွဲတတ်သော မိန်းမမူကား၊ လင်၏အရိုး တို့၌ ဆွေးမြေ့ခြင်းကဲ့သို့ဖြစ်၏။
ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည် ဆောက်တတ်၏။ မိုက်သောမိန်းမမူကား၊ ကိုယ်လက်နှင့် ဖြိုဖျက်တတ်၏။
အိမ် နှင့်စည်းစိမ်သည် မိဘအမွေဥစ္စာဖြစ်၏။ သမ္မာသတိရှိသောမယားမူကား၊ ထာဝရဘုရားပေးသနား တော်မူရာဖြစ်၏။
ရွှေရှိ၏။ ပတ္တမြားလည်းရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသော နှုတ်မူကား၊ အလွန် အဘိုးထိုက်သော ရတနာ ဖြစ်၏။
ပညာသည် ပတ္တမြားထက်သာ၍ အဘိုးထိုက် ပေ၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက် သာ၍မြတ်၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
ယောက်ျားတထောင်တို့တွင် တယောက်ကို ငါတွေ့ပြီ။ မိန်းမတထောင်တို့တွင် တယောက်ကိုမျှ ငါမတွေ့။
ရုသ၊ ယခုသင်မစိုးရိမ်ပါနှင့်။ သင်ပြော သမျှအတိုင်းငါပြုမည်။ သင်သည်အကျင့် သီလရှိသည့်အမျိုးသမီးတစ်ဦးဖြစ် သည်ကိုတစ်မြို့လုံးသိကြပါသည်။-