သို့ပြုလျှင်၊ သင်၏စပါးကျီတို့သည် ကြွယ်ဝ၍၊ စပျစ်သီးနယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည် လျှံလိမ့်မည်။
သို့ ပြု လျှင် သင်၏ ကျီ ကျ များ သည် ကုန် လုံ ကြွယ် ဝ၍၊ ဖိ နင်း ရာ ကျင်း များ လည်း စ ပျစ် ရည် ဖြင့် ပြည့် လျှံ လိမ့် မည်။
သို့ပြုလျှင်၊ သင်၏စပါးကျီတို့သည် ကြွယ်ဝ၍၊ စပျစ်သီးနယ်ရာတန်ဆာတို့ကို အသစ်သော စပျစ်ရည်လျှံလိမ့်မည်။
သို့ပြုလျှင် သင်၏ကျီတို့သည် ပြည့်နှက်လျှံကျလျက် သင်၏စပျစ်သီးနယ်ရာကျင်းတို့သည်လည်း စပျစ်ဝိုင်အသစ်နှင့် ပြည့်လျှံလိမ့်မည်။
ဇာဒုတ်၏သားမြေးယဇ်ပုရောဟိတ်မင်း အာဇရိက``ပြည်သူတို့သည်ဤလှူဖွယ် ပစ္စည်းများကိုဗိမာန်တော်သို့ယူဆောင်လာ ချိန်မှအစပြု၍ အကျွန်ုပ်တို့စားသုံးရန် အလုံအလောက်ရရှိကြသည့်အပြင် များစွာပင်ပိုလျှံလျက်နေပါ၏။ ဤမျှ အကျွန်ုပ်တို့ရရှိကြခြင်းမှာထာဝရ ဘုရားသည် မိမိ၏လူမျိုးတော်အား ကောင်းချီးပေးတော်မူသောကြောင့်ဖြစ် ပါ၏'' ဟုလျှောက်လေသည်။
သူသည်ဗိမာန်တော်အတွက်ပြုလေသမျှ သောအမှုတို့တွင်လည်းကောင်း၊ ပညတ်တော် ကိုစောင့်ထိန်းရာ၌လည်းကောင်း၊ မိမိ၏ ဘုရားသခင်အားစိတ်ရောကိုယ်ပါ ဆည်း ကပ်လျက်ပြုတော်မူသည့်အတွက်အောင် မြင်ထမြောက်တော်မူ၏။
ကျွန်တော်မျိုးတို့၏ကျီများသည်အသီးအနှံ အမျိုးမျိုးဖြင့်ပြည့်လျက်ရှိပါစေသော။ ကွင်းပြင်များရှိသိုးများသည်ထောင်ပေါင်း များစွာသောသိုးငယ်တို့ကိုမွေးဖွားကြ ပါစေသော။
ဆင်းရဲသားကို သနားသောသူသည် ထာဝရ ဘုရားအား ချေးငှါးသောသူဖြစ်၍၊ သူပြုသောအမှု၏ အကျိုးကိုဆပ်ပေးတော်မူလိမ့် မည်။
ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသော သူတို့ကိုကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။ ရန်တွေ့ ခြင်းနှင့်ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
ကောက်နယ်တလင်းတို့သည်ဂျုံဆန်များနှင့် ပြည့်နှက်နေလိမ့်မည်။ အသီးနယ်ရာကျင်းတို့သည်လည်းစပျစ် ရည်နှင့် သံလွင်ဆီတို့ဖြင့်လျှံလျက်နေလိမ့်မည်။
သင်တို့တွင်ဂျုံစပါးမကျန်မရှိတော့ဘဲ စပျစ်ပင်များ၊ သဖန်းပင်များနှင့်သံလွင် ပင်များလည်းအသီးမသီးကြသေး။ သို့ ရာတွင်ငါသည်ယခုမှစ၍သင်တို့အား ကောင်းချီးပေးမည်'' ဟုမိန့်တော်မူပါ၏။
အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏တပည့်များအနက်အသိမ်ငယ်ဆုံးသူ တစ်စုံတစ်ယောက်အား ငါ၏မျက်နှာကိုထောက် ၍သောက်ရေတစ်ခွက်ကိုပေးသောသူသည်အကျိုး ကိုမခံစားဘဲမနေရ။''
ထိုအစားအစာများသည် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိသောလေဝိအမျိုးသားများ၊ သင်တို့မြို့ ရွာတွင်နေထိုင်ကြသောလူမျိုးခြားသား များ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ အတွက်ဖြစ်သည်။ သူတို့သည်ထိုအစား အစာများမှ လိုအပ်သလောက်ယူ၍စား သုံးနိုင်၏။ ဤသို့ပြုလျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဆောင် ရွက်သမျှကိုကောင်းချီးပေးတော်မူလိမ့် မည်။''
``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့၏လုပ်ငန်းကိုကောင်းချီးပေး၍ သင်တို့၏ကျီများကိုစပါးနှင့်ပြည့်စေ တော်မူမည်။ ကိုယ်တော်သည်မိမိပေးသနား တော်မူမည့်ပြည်တွင် သင်တို့အားကောင်းချီး ပေးတော်မူမည်။