အကြင်သူသည် ဥစ္စာကိုလုယူအံ့သောငှါ အဆွေခင်ပွန်းကို အပ်၏။ ထိုသူ၏သားတို့သည် မြော်လင့်၍ စိတ်ပျက်ရကြလိမ့်မည်။
သုတ္တံကျမ်း။ 29:5 - Common Language Bible အိမ်နီးချင်းကို ချော့မော့သော သူသည် အိမ်နီး ချင်းသွားရာလမ်း၌ ကွန်ရွက်ကို ဖြန့်ထား၏။ Garrad Bible အ ပေါင်း အ ဖော် အား၊ မြှောက် ပင့် သော သူ သည်၊ ခြေ လှမ်း မည့် နေ ရာ၌၊ ပိုက် ကို ထောင် ထား တတ် ၏။ Judson Bible အိမ်နီးချင်းကို ချော့မော့သောသူသည် အိမ်နီးချင်းသွားရာလမ်း၌ ကွန်ရွက်ကို ဖြန့်ထား၏။ မြန်မာ့စံမီသမ္မာကျမ်း မိမိ၏အိမ်နီးချင်းကိုမြှောက်ပင့်ပြောဆိုသောသူသည် မိမိခြေလှမ်းမည့်နေရာတွင် ပိုက်ကွန်ဖြန့်ထားသောသူဖြစ်၏။ |
အကြင်သူသည် ဥစ္စာကိုလုယူအံ့သောငှါ အဆွေခင်ပွန်းကို အပ်၏။ ထိုသူ၏သားတို့သည် မြော်လင့်၍ စိတ်ပျက်ရကြလိမ့်မည်။
လူအပေါင်းတို့သည်အချင်းချင်းလိမ်လည် ပြောဆို၍ မြှောက်ပင့်ကာလှည့်စားကြပါ၏။
မိမိကိုယ်ကိုအထင်ကြီးလှသဖြင့် သူသည်မိမိ၏အပြစ်ကိုထာဝရဘုရား တွေ့ရှိတော်မူလိမ့်မည်မဟုတ်၊ မိမိအားအပြစ်ဒဏ်လည်းခတ်တော်မူလိမ့်မည် မဟုတ်ဟုထင်မှတ်တတ်၏။
ကျွန်တော်မျိုး၏ရန်သူများစကားကို အဘယ်အခါ၌ယုံကြည်၍မရပါ။ သူတို့တွင်ဖျက်ဆီးလိုစိတ်သာလျှင်ရှိပါ၏။ သူတို့၏ခံတွင်းသည်ပွင့်လျက်နေသော သင်္ချိုင်းတွင်းနှင့်တူပါ၏။ သူတို့၏လျှာသည်လည်းမြှောက်ပင့်လိမ်လည် လှည့်စားတတ်ပါ၏။
လည်၍စကားများသောသူသည် လျှို့ဝှက်အပ် သောအရာကို ဘော်ပြတတ်၏။ သို့ဖြစ်၍ ချော့မော့တတ် သောသူနှင့် မပေါင်းဘော်နှင့်။
မုသားပြောတတ်သောသူသည် မိမိညှဉ်းဆဲ သောသူတို့ကို မုန်းတတ်၏။ ချော့မော့တတ်သော သူသည်လည်း ဖျက်ဆီးတတ်၏။
ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကို ခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တဖန် သာ၍ ကျေးဇူးကို ခံရလိမ့်မည်။
ချစ်ဘွယ်သော စကားနှင့် ထိုသူကို သွေးဆောင် ၍ ချော့မော့တတ်သောနှုတ်ခမ်းနှင့်နိုင်သဖြင့်၊
သို့ပြုလျှင်သူတို့သည် အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့် ချော့မော့တတ်သော ပြည်တန်ဆာမိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။
``ကိုယ်တော်သည်အထက်မှမီးကို စေလွှတ်တော်မူသဖြင့်ထိုမီးသည်ငါ၏ကိုယ်ခန္ဓာ အတွင်း၌တောက်လောင်လျက်ရှိပါ၏။ ကိုယ်တော်သည်ငါ့အားထောင်ချောက်ထောင်၍ ဖမ်းပြီးလျှင်မြေပေါ်သို့လှဲချတော်မူပါ၏။ ထိုနောက်စွန့်ပစ်တော်မူကာတစ်နေ့လုံး ဝေဒနာခံ၍နေစေတော်မူပါ၏။''
``ယဇ်ပုရောဟိတ်တို့၊ ကြားနာကြလော့၊ ဣသရေလပြည်သားတို့ဂရုစိုက်နား ထောင်ကြလော့။ မင်းမျိုးမင်းနွယ်တို့နား ထောင်ကြလော့။ သင်တို့ကိုယ်တိုင်မှန်ကန်စွာ စီရင်ရမည့်သူများဖြစ်သည်။ ထိုအတိုင်း ပင်သင်တို့ကိုလည်းအပြစ်ဒဏ်စီရင်ခြင်း ခံရကြမည်။ သင်တို့သည်မိဇပါမြို့တွင် ထောင်သောထောင်ချောက်၊ တာဗော်တောင်တွင် ဖြန့်ထားသောပိုက်ကွန်၊-
သူတို့သည်ငါတို့၏အရှင်ခရစ်တော်၏အမှုတော် ကိုထမ်းဆောင်သူများမဟုတ်။ မိမိတို့၏အမှုကို သာစိတ်ဝင်စားသူများဖြစ်ကြ၏။ သူတို့သည်နူးညံ့ ချိုသာသောစကားများ၊ မြှောက်ပင့်သောစကားများ ဖြင့်ရိုးသားသူတို့၏စိတ်ကိုလှည့်စားတတ်ကြ၏။-
သင်တို့သိသည်အတိုင်းငါတို့သည်အဘယ် အခါ၌မျှမြှောက်ပင့်၍မပြော။ ငါတို့ လောဘရှိ၍ဟန်ဆောင်သောစိတ်နှင့်မကြေ ညာမဟောပြောကြောင်းကို ဘုရားသခင် သည်ငါတို့သက်သေဖြစ်တော်မူ၏။-
ထို့ကြောင့်သူတို့သည်မင်းကြီးမှာကြားသည့် အတိုင်းဒါဝိဒ်အားတိုက်တွန်းကြ၏။ ဒါဝိဒ် က``ဘုရင့်သမက်တော်ဖြစ်ရသည်မှာအထူး ဂုဏ်ယူဖွယ်ရာဖြစ်ပါ၏။ အကျွန်ုပ်ကဲ့သို့ မရေရာသူဆင်းရဲသားတစ်ယောက်အတွက် မထိုက်တန်သောအခွင့်အရေးဖြစ်ပါ၏'' ဟုဆို၏။