ဒါဝိဒ်သည်ဣသရေလနိုင်ငံတစ်ခုလုံးကို အုပ်စိုး၍ မိမိ၏ပြည်သူတို့အားတရား မျှတမှုရရှိစေရန်စီရင်တော်မူ၏။-
သုတ္တံကျမ်း။ 29:4 - Common Language Bible တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်း ပြည်ကို တည်စေတတ်၏။ တံစိုးစားသော ရှင်ဘုရင် မူကား၊ တိုင်းပြည်ကို မှောက်လှန်တတ်၏။ Garrad Bible တ ရား သ ဖြင့် စီ ရင် ခြင်း ကြောင့် ဘု ရင် မင်း သည်၊ တိုင်း နိုင် ငံ ကို တည် စေ၏။ အ ခွန် အ တုတ် ကြီး သော မင်း မူ ကား၊ မှောက် လှန် တတ်၏။ Judson Bible တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်းပြည်ကို တည်စေတတ်၏။ တံစိုးစားသော ရှင်ဘုရင်မူကား၊ တိုင်းပြည်ကို မှောက်လှန်တတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်သည် တရားမျှတမှုအားဖြင့် တိုင်းပြည်ကိုတည်မြဲစေတတ်၏။ အခွန်မတရားကောက်ခံသောသူမူကား တိုင်းပြည်ကိုပြိုပျက်စေတတ်၏။ |
ဒါဝိဒ်သည်ဣသရေလနိုင်ငံတစ်ခုလုံးကို အုပ်စိုး၍ မိမိ၏ပြည်သူတို့အားတရား မျှတမှုရရှိစေရန်စီရင်တော်မူ၏။-
ရှောလမုန်သည်ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။ သူ၏တန်ခိုး အာဏာသည်လည်းတည်တံ့ခိုင်မြဲ၍ လာ၏။
အဆွေတော်၏ဘုရားသခင်ထာဝရဘုရား အားထောမနာပြုကြပါစေသတည်း။ ကိုယ် တော်သည်အဆွေတော်ကိုလွန်စွာနှစ်သက် မြတ်နိုးတော်မူသည်ဖြစ်၍ မိမိ၏ကိုယ်စား အုပ်စိုးနိုင်ရန်ဣသရေလဘုရင်အဖြစ်ချီး မြှောက်တော်မူပြီ။ ကိုယ်တော်သည်မိမိလူမျိုး တော်ဣသရေလအမျိုးသားတို့အားချစ် တော်မူ၍ထာဝစဉ်စောင့်ရှောက်တော်မူလို သဖြင့်တရားဥပဒေစိုးမိုးမှုနှင့်တရား မျှတမှုရှိနိုင်စေရန်အဆွေတော်အား သူတို့၏ဘုရင်အဖြစ်ဖြင့်ချီးမြှောက် တော်မူပြီ'' ဟုပြော၏။
နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။
ကိုယ်တော်ရှင်၏နိုင်ငံတော်သည်အမှန်တရားနှင့် တရားမျှတမှုအပေါ်တွင်အခြေခံပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသမျှသော အမှုအရာတို့တွင်မေတ္တာတော်နှင့်သစ္စာတော် ပေါ်လွင်ထင်ရှားပါ၏။
တန်ခိုးကြီးတော်မူသောဘုရင်မင်းမြတ်၊ ကိုယ်တော်သည်အမှန်တရားကို မြတ်နိုးနှစ်သက်တော်မူပါ၏။ ကိုယ်တော်သည်ဣသရေလနိုင်ငံတွင် တရားမျှတမှုစိုးမိုးစေတော်မူပါပြီ။ အမှန်တရားနှင့်တရားမျှတမှုကို တည်မြဲစေတော်မူပါပြီ။
ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ်၏။ ဒုစရိုက်အပြစ်မူကား၊ ပြည်သားများ တို့ကို ရှုတ်ချတတ်၏။
ရှင်ဘုရင်၏ နှုတ်ခမ်းတို့၌ ဗျာဒိတ်တော်ရှိသည် ဖြစ်၍၊ တရားဆုံးဖြတ်ရာအမှု၌ နှုတ်တော်သည် မမှားစေ နှင့်။
ရှင်ဘုရင်ပြုသော ဒုစရိုက်သည် စက်ဆုပ်ရွံရှာ ဘွယ် ဖြစ်၏။ အကြောင်းမူကား၊ ရာဇပလ္လင်သည် ဖြောင့် မတ်ခြင်းအားဖြင့်သာ တည်တတ်၏။
တရားပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်သည် မကောင်းသော အမှုအရာရှိသမျှတို့ကို မျက်စိတော်နှင့် ပယ် ရှင်းတတ်၏။
ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသော အခွင့်၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသော အခွင့်ရှိ ကြ၏။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ``သင်တို့ကိုကယ်ရန်အချိန်ကျသောအခါ၊ ငါသည်သင်တို့အားအခွင့်အရေးပေး၍၊ ကူမတော်မူရန်သင်တို့ဟစ်အော်သံကို နားညောင်းမည်။ ငါသည်သင်တို့အားထိန်းသိမ်းကွယ်ကာ စောင့်ရှောက်မည်။ သင်တို့အားဖြင့်လူအပေါင်းတို့နှင့်လည်း ပဋိညာဉ်ဖွဲ့မည်။ ယခုယိုယွင်းပျက်စီးလျက်ရှိသည့်သင်တို့ ၏ပြည်တွင်၊ တစ်ဖန်အတည်တကျပြန်လည်နေထိုင်ခွင့်ကို သင်တို့အားငါပေးမည်။
သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက် သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။ သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာ ယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင် တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။
``သူ၏နောက်၌ဘုရင်တစ်ပါးပေါ်ထွန်းလာ လိမ့်မည်။ ထိုဘုရင်သည်နိုင်ငံတော်ဘဏ္ဍာကို တိုးတက်ရေးအတွက် လူတို့ထံမှအခွန်ကောက် ခံစေရန်အရာရှိတစ်ဦးကိုစေလွှတ်လိမ့်မည်။ ထိုဘုရင်သည်အလွန်တိုတောင်းသည့်အချိန် ကာလအတွင်း၌လုပ်ကြံသတ်ဖြတ်ခြင်း ကိုခံရလိမ့်မည်။ သို့ရာတွင်သူသည်လူ မြင်ကွင်း၌သော်လည်းကောင်း၊ စစ်ပွဲ၌သော် လည်းကောင်းအသတ်ခံရခြင်းမဟုတ်'' ဟုဆို၏။
သူတို့သည်မကောင်းမှုကိုပြုလုပ်ရန်စိတ် အားထက်သန်ကြ၏။ အရာရှိများနှင့် တရားသူကြီးများသည် တံစိုးလက်ဆောင် တောင်းတတ်ကြ၏။ သြဇာရှိသောသူ၏ အလိုဆန္ဒကိုလိုက်၍ သူတို့သည်မကောင်း မှုကိုအတူတကွကြံစည်ကြ၏။-
ရှမွေလက``သင်ပြုသည့်အမှုသည်မိုက်မဲ သောအမှုဖြစ်၏။ သင်သည်မိမိ၏အရှင် ထာဝရဘုရားပေးတော်မူသောအမိန့် တော်ကိုနားမထောင်။ အကယ်၍နားထောင် ခဲ့ပါလျှင်ကိုယ်တော်သည်သင်နှင့်တကွ သင်၏သားမြေးတို့အားဣသရေလပြည် ကိုထာဝစဉ်အုပ်စိုးစေတော်မူမည်။-