သူသည်ဤသို့ရက်စက်သည့်အမှုကိုပြုသည့် အတွက် မိမိယူထားသည့်သိုးငယ်တစ်ကောင် အစားလေးဆပြန်၍ပေးလျော်စေရမည်'' ဟုမိန့်တော်မူ၏။
သုတ္တံကျမ်း။ 28:8 - Common Language Bible အတိုးစား၍ မတရားသော အမြတ်အားဖြင့် ဥစ္စာကို ဆည်းဖူးသောသူသည် ဆင်းရဲသားတို့ကို သနား သောသူအဘို့သာ ဆည်းဖူးတတ်၏။ Garrad Bible အ တိုး စား၍ အ မြတ် အား ဖြင့် စီး ပွား တိုး တက် စေ သော သူ သည်၊ ဆင်း ရဲ သူ တို့ အား သ နား တတ် သူ့ အ ဖို့ သာ လျှင်၊ ဆည်း ပူး ရာ ရောက် ၏။ Judson Bible အတိုးစား၍ မတရားသောအမြတ်အားဖြင့် ဥစ္စာကိုဆည်းပူးသောသူသည် ဆင်းရဲသားတို့ကို သနားသောသူအဖို့သာ ဆည်းပူးတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း အတိုးချခြင်းနှင့် အမြတ်ကြီးစားခြင်းဖြင့် မိမိ၏စည်းစိမ်ဥစ္စာကိုတိုးပွားစေသောသူသည် ဆင်းရဲသောသူတို့ကိုသနားတတ်သောသူအတွက် စုဆောင်းနေခြင်းဖြစ်၏။ |
သူသည်ဤသို့ရက်စက်သည့်အမှုကိုပြုသည့် အတွက် မိမိယူထားသည့်သိုးငယ်တစ်ကောင် အစားလေးဆပြန်၍ပေးလျော်စေရမည်'' ဟုမိန့်တော်မူ၏။
``သင်တို့သည်ငါ၏လူမျိုးတော်ထဲမှဆင်းရဲ သောသူတို့အား ငွေချေးလျှင်၊ ငွေချေးစားသူ ကဲ့သို့အတိုးမယူရ။-
သူတော်ကောင်းသည် သားမြေးတို့အဘို့ အမွေ ဥစ္စာကို ချန်ထားတတ်၏။ အပြစ်ရှိသော သူ၏စည်းစိမ် မူကား၊ ဖြောင့်မတ်သော သူတို့အဘို့ သိုထားလျက်ရှိ၏။
မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသော သူသည် အပြစ်ရှိ၏။ ဆင်းရဲသော သူကိုသနားသောသူမူကား၊ မင်္ဂလာရှိ၏။
ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။
ဆင်းရဲသောသူ၏ ညီအစ်ကိုရှိသမျှတို့သည် သူ့ကို မုန်းတတ်ကြ၏။ သူ၏အဆွေခင်ပွန်းတို့သည် သူ့ကို သာ၍ ဝေးစွာရှောင်တတ်ကြ၏ လိုက်၍ခေါ်သော်လည်း ကွယ်ပျောက်ကြပြီ။
ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသော သူ အားပေးစရာဘို့၊ ဆည်ဖူးသိုထားရသောအခွင့်ကို၎င်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသော အမှုဖြစ်၏။
သူသည်အတိုးအမြတ်ရအောင်ငွေကိုချေး ၏။ ထိုသူသည်အသက်ရှင်နိုင်မည်လော။ အသက် ရှင်နိုင်မည်မဟုတ်။ သူသည်ယင်းသို့စက်ဆုပ် ဖွယ်ကောင်းသောအမှုတို့ကိုပြုသဖြင့်သေ ရလိမ့်မည်။ သူ၏သွေးသည်သူ့ခေါင်းပေါ် တင်လျက်ရှိ၏။
သူသည်ဆိုးညစ်မှုကိုရှောင်ရှား၍အတိုး အမြတ်ရရန်ငွေကိုမချေး။ ငါ၏ပညတ် တော်များကိုစောင့်ထိန်း၍ငါ၏အမိန့်တော် တို့ကိုလိုက်နာ၏။ ထိုသူသည်ဖခင်၏အပြစ် ကြောင့်သေရမည်မဟုတ်။ သူသည်မုချ အသက်ရှင်လိမ့်မည်။-
သူသည်အတိုးအမြတ်ရရန်ငွေကိုမချေး။ ဆိုးညစ်မှုကိုရှောင်ရှား၍အချင်းများမှု တို့တွင်ဖြောင့်မှန်သောအဆုံးအဖြတ်ကို ပေး၏။-
ထိုသူအားငွေချေးရာ၌အတိုးမယူရ။ ဘုရားသခင်ကိုကြောက်ရွံ့၍ သူ့အားသင် ၏အိမ်နီးချင်းအဖြစ်အသက်ရှင်နေထိုင် စေလော့။-