လူကြီးတို့သည် အစဉ်ပညာရှိသည်မဟုတ်။ အသက်ကြီးသော သူအပေါင်းတို့သည် မှန်သောတရားကို နားလည်သည်မဟုတ်။
သုတ္တံကျမ်း။ 28:11 - Common Language Bible ငွေရတတ်သောသူက။ ငါသည်ပညာရှိ၏ဟု ကိုယ်ကို ထင်တတ်၏။ ဥာဏ်ကောင်းသော ဆင်းရဲသား မူကား၊ ထိုသူကို စစ်ကြောတတ်၏။ Garrad Bible သူ ကြွယ် သည်၊ ကိုယ်၌ ပ ညာ ရှိ၏ ဟု ထင် တတ် သော် လည်း၊ ဉာဏ် ကောင်း သော ဆင်း ရဲ သူ သည်၊ ထို သူ့ ကို စိ စစ် လိမ့် မည်။ Judson Bible ငွေရတတ်သောသူက၊ ငါသည်ပညာရှိ၏ဟု ကိုယ်ကိုထင်တတ်၏။ ဉာဏ်ကောင်းသောဆင်းရဲသားမူကား၊ ထိုသူကို စစ်ကြောတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ချမ်းသာသောသူသည် ကိုယ့်ကိုယ်ကိုယ် ပညာရှိဟု ထင်မြင်တတ်၏။ သို့သော် အသိဉာဏ်ရှိသောဆင်းရဲသားသည် သူ့ကိုစစ်ကြောလိမ့်မည်။ |
လူကြီးတို့သည် အစဉ်ပညာရှိသည်မဟုတ်။ အသက်ကြီးသော သူအပေါင်းတို့သည် မှန်သောတရားကို နားလည်သည်မဟုတ်။
ငွေရတတ်သောသူက၊ ငါ့စည်းစိမ်သည် ခိုင်ခံ့ သောမြို့ဖြစ်၏။ မြင့်သောမြို့ရိုးနှင့်တူသည်ဟု ထင်တတ် ၏။
ကိုယ်အမှုကို အဦးစောင့်၍ပြောသောသူသည် ဖြောင့်မတ်ရာသို့ ရောက်သော်လည်း၊ အိမ်နီးချင်းလာ၍ စစ်ကြောတတ်၏။
ကောက်လိမ်သော စကားကိုသုံးတတ်သော လူမိုက်ထက်၊ ဖြောင့်မတ်ခြင်းလမ်းသို့လိုက်သော ဆင်းရဲ သူသည်သာ၍ ကောင်း၏။
ငါသည် ပညာရှိ၏ဟု ထင်သောသူရှိလျှင်၊ ထိုသူ၌ မြော်လင့်စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မြော်လင့်စရာအခွင့်ရှိ၏။
ပျင်းရိသောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ်ယောက်ထက်သာ၍ ပညာရှိသည် ဟု ကိုယ်ကိုထင်တတ်၏။
မိုက်သောသူ၏ သဘောသို့လိုက်၍ သူ၏စကား ကို ချေလော့။ သို့မဟုတ်၊ သူသည် ဝါကြွားသောစိတ် ရှိလိမ့် မည်။
သင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့ ကိုယ်ကိုအလွန်ပညာရှိသည်။ တတ်သိလိမ္မာ သည်ဟုထင်မှတ်တတ်ကြ၏။
ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့ကိုယ်ကို တတ်သိလိမ္မာလှပြီဟုမထင်မမှတ်ကြစေရန် ငါသည်ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အရာကိုသင်တို့အားဖော်ပြလို၏။ ထိုလျှို့ဝှက် နက်နဲသောအရာမှာဤသို့တည်း။ ယုဒအမျိုး သားတို့သည်အမြဲစိတ်နှလုံးထိုင်းမှိုင်းလျက် နေကြမည်မဟုတ်ဘဲ ကယ်တင်ခြင်းကိုခံရ မည့်လူမျိုးခြားတို့အရေအတွက်ပြည့်စုံ လာသည့်ကာလအထိသာဖြစ်၏။-
အချင်းချင်းအားအလေးဂရုပြုကြလော့။ မောက်မာမှုမရှိကြနှင့်။ သေးငယ်သောတာဝန် တို့ကိုလက်ခံကြလော့။ မိမိတို့ကိုယ်ကိုပညာ ရှိဟူ၍မထင်ကြနှင့်။
လောကီစည်းစိမ်ဥစ္စာကြွယ်ဝသူတို့အား မာန်မာနမထားကြရန်သတိပေးလော့။ သူတို့သည်မတည်မြဲသည့်စည်းစိမ်ချမ်း သာကိုမမျှော်ကိုးဘဲ၊ ငါတို့ခံစားနိုင်စေ ရန်ခပ်သိမ်းသောအရာတို့ကိုရက်ရောစွာ ပေးတော်မူသောဘုရားသခင်အားမျှော် ကိုးရကြမည်။-