သင်သည်ခမည်းတော်အားပြစ်မှားခဲ့သည့် အမှုအပေါင်းကိုကောင်းစွာသိပေသည်။ ထို အမှုများအတွက်သင့်အားထာဝရဘုရား သည်အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။-
သုတ္တံကျမ်း။ 24:8 - Common Language Bible မကောင်းသောအမှုကို ပြုခြင်းငှါ ကြံစည်သော သူကို၊ ဘေးပြုသောသူဟူ၍ မှည့်ရ၏။ Garrad Bible အ ဆိုး ကို ကြံ စည် သော သူ သည်၊ အ လိမ် အ လစ် များ သော သူ ဟု အ ခေါ် ခံ ရ လိမ့် မည်။ Judson Bible မကောင်းသောအမှုကိုပြုခြင်းငှာ ကြံစည်သောသူကို၊ ဘေးပြုသောသူဟူ၍ မှည့်ရ၏။ မြန်မာ့စံမီသမ္မာကျမ်း ဆိုးညစ်သောအမှုပြုရန်ကြံစည်သောသူကို အကြံသမားဟုခေါ်ကြလိမ့်မည်။ |
သင်သည်ခမည်းတော်အားပြစ်မှားခဲ့သည့် အမှုအပေါင်းကိုကောင်းစွာသိပေသည်။ ထို အမှုများအတွက်သင့်အားထာဝရဘုရား သည်အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။-
သူတို့သည်မင်းကြီးကိုလုပ်ကြံရန်မသမာ သော အကြံအစည်များကိုပြုကြ၏။ သို့ရာတွင်အောင်မြင်ကြလိမ့်မည်မဟုတ်။
မကောင်းသော အကြံကိုကြံတတ်သော သူတို့ သည် မှားယွင်းကြလိမ့်မည်။ ကျေးဇူးပြုမည်ဟု ကြံတတ် သောသူတို့မူကား၊ ကရုဏာအကျိုး နှင့်သစ္စာအကျိုးကို ခံရကြလိမ့်မည်။
သူတို့သည် ဖျက်ဆီးခြင်းငှါ နှလုံးကြံစည်တတ် ၏။ နှုတ်နှင့်လည်း ဘေးပြုမည်စကားကို ပြောတတ်၏။
မိုက်သောအကြံအစည်၌ အပြစ်ပါ၏။ မထီမဲ့ မြင်ပြုသော သူသည်လည်း၊ လူစက်ဆုပ်ရွံရှာဘွယ်ဖြစ် ၏။
ကောက်သော စိတ်သဘောနှင့် ပြည့်စုံ၍၊ မကောင်းသော အကြံကို အစဉ်ကြံစည်တတ်၏။ သူတပါးချင်းရန်တွေ့စေခြင်းငှါ ပြုတတ်၏။
မကောင်းသော အကြံကို ကြံစည်သော နှလုံး တပါး၊ အပြစ်ပြုရာသို့ အလျင်အမြန် ပြေးတတ်သော ခြေတပါး၊
သူသည်ဆိုးညစ်သူဖြစ်၍ဆိုးညစ်မှုများကို သာပြုတတ်၏။ ဆင်းရဲသူတို့၏အခွင့်အရေး များပျက်စီးရာပျက်စီးကြောင်းကိုလိမ်လည် ၍ကြံစည်တတ်၏။-
အို နိနေဝေမြို့၊ စီမံကိန်းအမျိုးမျိုးဖြင့်ထာဝရ ဘုရားအား မကောင်းကြံစည်သူလူတစ်ယောက် သည်သင့်အထဲကထွက်ပေါ်လာလေပြီ။-
သူတစ်ပါး၏အသရေကိုဖျက်ကြ၏။ ဘုရား သခင်ကိုမုန်းသူ၊ စော်ကားသူ၊ မာန်မာနထောင် လွှားလျက်ကြွားဝါသူများဖြစ်ကြ၏။ မကောင်း မှုအမျိုးမျိုးကိုတီထွင်ကြံစည်တတ်ကြ၏။ မိမိတို့မိဘများ၏စကားကိုနားမထောင် ကြ။-