သုတ္တံကျမ်း။ 24:32 - Common Language Bible ငါမြင်၍ စေ့စေ့ဆင်ခြင်၏။ ကြည့်ရှု၍ သွန်သင် ခြင်းကို ခံရ၏။ Garrad Bible ငါ သည် မျက် မှောက် ပြု လျက်၊ နှ လုံး သွင်း၍ ရှု ကြည့် စဉ် တွင်၊ သွန် သင် ခံ ရ သည် မှာ၊ Judson Bible ငါမြင်၍ စေ့စေ့ဆင်ခြင်၏။ ကြည့်ရှု၍ သွန်သင်ခြင်းကို ခံရ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် ထိုအဖြစ်ကိုမြင်သောအခါ နှလုံးသွင်း၍ ငါတွေ့မြင်သောအရာကို သင်ခန်းစာယူ၏။ |
သင်တို့သည်ကြောက်လန့်လျက်အပြစ်ဒုစရိုက်ကို ရှောင်ကြလော့။ သင်တို့သည်အိပ်ရာပေါ်တွင်တစ်ကိုယ်တည်း ဆိတ်ငြိမ်စွာ ဤအချက်ကိုနက်နက်နဲနဲစဉ်းစားဆင်ခြင် ကြလော့။
ဆူးပင်များပြား၍၊ မြေတပြင်လုံး၌ ဆူးလေပင် အနှံ့အပြား လွှမ်းမိုးလျက်၊ ကျောက်ရိုးပြိုလျက်ရှိသည်ကို၊
သို့သော်မာရိသည်အကြောင်းအရာအလုံးစုံ တို့ကိုမှတ်ကျုံးကာစဉ်းစားဆင်ခြင်လျက်နေ ၏။-
ထိုနောက်သူငယ်တော်သည်မိဘတို့နှင့်အတူ လိုက်၍ နာဇရက်မြို့သို့ရောက်သော်မိဘတို့၏ စကားကိုနာခံလျက်နေ၏။ မယ်တော်သည်ဤ အဖြစ်အပျက်အလုံးစုံတို့ကိုစိတ်နှလုံးထဲ မှာမှတ်ကျုံးထား၏။-
ထိုသူတို့၌ဤသို့ဖြစ်ပျက်ရခြင်းမှာ အခြား သူတို့သင်ခန်းစာရရှိကြစေရန်ဖြစ်ပေသည်။ ငါတို့သည်ကပ်ကမ္ဘာကုန်ဆုံးရန်နီးချိန်၌ အသက်ရှင်ရကြသူများဖြစ်သောကြောင့် ငါ တို့အားသတိပေးသည့်အနေဖြင့်ထိုအကြောင်း အရာများကိုကျမ်းစာတော်တွင်ရေးသားထား သတည်း။
ဤသာဋ္ဌကကားဆိုးညစ်မှုများကိုထိုသူတို့ ပြုလုပ်လိုသကဲ့သို့ ငါတို့မပြုလုပ်ကြစေရန် လည်းကောင်း၊ ကျမ်းစာတော်တွင် ``လူတို့သည်ထိုင် ၍စားသောက်ကြပြီးနောက်အသောက်ကြူးလျက် မြူးတူးပျော်ပါးကြ၏'' ဟုပါရှိသည်နှင့် အညီ၊ အချို့တို့သည်ရုပ်တုကိုပူဇော်ပသ ကြသကဲ့သို့ ငါတို့မပူဇော်မပသကြ စေရန်လည်းကောင်းသတိပေးခြင်းပင်ဖြစ်၏။-
ထိုအခါဣသရေလအမျိုးသားအပေါင်း တို့သည် ဤသတင်းကိုကြားရသဖြင့် မည်သူ မျှထိုကဲ့သို့သောဒုစရိုက်ကိုနောက်တစ်ဖန် ကူးလွန်ဝံ့ကြမည်မဟုတ်ချေ။''
ထို့နောက်မြို့သားအပေါင်းတို့က ထိုသားကို ကျောက်ခဲနှင့်ပစ်၍သတ်ရမည်။ ဤနည်းအား ဖြင့်သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။ ဣသရေလအမျိုးသားအပေါင်း တို့သည် ထိုသတင်းကိုကြားရသဖြင့် ကြောက်ရွံ့ကြလိမ့်မည်။''
သူတို့သည်မည်သည့်အကြောင်းကြောင့် စစ်ရှုံးရသည်ကိုမသိကြ။ ဖြစ်ပျက်သည့်အကြောင်းအရာကိုလည်း နားမလည်နိုင်ကြ။